ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အဓိကကျတဲ့လေ့ကျင့်နည်းတစ်ခု (သို့) Journaling
ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ Leadership သင်တန်းတွေတက်တာ၊ စာအုပ်တွေကနေသင်ယူတာ၊ဆွေးနွေးပွဲတွေတက်တာ၊ Leadership Coach တွေငှားတာ စသဖြင့်နည်းလမ်းတွေအများကြီးနဲ့လေ့လာသင်ယူလို့ရပါတယ်။ နည်းလမ်းတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေတော့ရှိကြမှာပါ။ဒါပေမဲ့ ပညာရှင်တွေရဲ့အဆိုအရ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အခြေခံကျပြီးမဖြစ်မနေရှိသင့်တဲ့အချက်တစ်ခုကတော့ တူညီနေတာတွေ့ရပါတယ်။အဲဒါကတော့ Journaling လို့ခေါ်တဲ့နေ့စဉ်ဒိုင်ယာရီရေးခြင်းဖြစ်ပါတယ်။ ကိုယ်စိတ်ကူးသမျှတွေ၊တွေးမိသမျှတွေ၊ သင်ယူခဲ့ရတဲ့အရာတွေ၊ ရည်မှန်းချက်တွေကို စာမျက်နှာတွေပေါ်ချရေးတာကခေါင်းဆောင်ဖြစ်ချင်သူအတွက် လိုကိုလိုအပ်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့အတွေးတွေကို စာမျက်နှာတွေပေါ်ချရေးပြီး ဖြန့်ကျက်တွေးတာက ပြ […]