ကမ္ဘာကျော်မင်းသားတစ်လက်အဖြစ်စိုးစံနေဆဲ လီမင်ဟို
လီမင်ဟိုဟာ လက်ရှိအချိန်ထိ ကမ္ဘာအနှံ့ကလူတွေသဘောအကျဆုံးနဲ့လူသိအများဆုံးကိုရီးယားအနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ဒီမှတ်ချက်ဟာ 2024 Overseas Korean Wave Survey ရဲ့စစ်တမ်းပြုချက်တွေအပြီးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီစစ်တမ်းကို ကိုရီးယားယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားဝန်ကြီးဌာနကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လီမင်ဟိုဟာ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ပိုပြီးတော့ပေါ်ပြူလာဖြစ်တယ်ဆိုတာစစ်တမ်းအရသိခဲ့ရတာဖြစ်ပါတယ်။အမေရိကန်၊ ဥရောပနဲ့ အာဖရိကမှာလည်း လီမင်ဟိုကိုသိကြပါတယ်။လက်ရှိမှာတော့သူဟာ Omniscient Reader's Perspective ရုပ်ရှင်ကိုရိုက်ကူးလျက်ရှိပြီး Pachinko […]