ချစ်သူအချောလေးရပြီးမှတိုက်ခိုက်ခံနေရပြန်တဲ့ Ahn Bo Hyun

August 10, 2023 Aung Khant Mon 0

အောင်ဘိုထွန်းလို့မြန်မာပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Ahn Bo Hyun တစ်ယောက်ကတော့ JiSoo နဲ့ချစ်သူတွေလို့ တရားဝင်ကြေညာပြီးချိန်မှာ လူတွေရဲ့မျက်စိဒေါက်ထောက်ကြည့်တာခံနေရပြီး အတိတ်ကဖြစ်ရပ်တွေကိုပါ တူးဆွခံနေရပါတယ်။ရိုက်ကွင်းအတွင်းမှာ သူ့ရဲ့ Stylist ဖြစ်သူက ဇာတ်ညွှန်းစာအုပ်ကိုလက်နဲ့ကိုင်ပြီး Ahn Bo Hyun ဖတ်ဖို့ပြပေးနေရတဲ့ ဗီဒီယို clip အတိုလေးကလတ်တလောမှာပျံ့နှံ့လာခဲ့တာြဖစ်ပါတယ်။မင်းသားရဲ့လက်နှစ်ဖက်အားနေပါရက်နဲ့ ဝန်ထမ်းကောင်မလေးကို သက်သက်အနိုင်ကျင့်တယ်ဆိုတဲ့စွပ်စွဲချက်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယို […]

ကိုယ့် Brand ကိုလူသိများစေဖို့ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်များ

August 10, 2023 Aung Khant Mon 0

Brand Awareness ဆိုတာက ကုမ္ပဏီရဲ့ Marketing Strategy တွေထဲအရေးကြီးတဲ့ကဏ္ဍကနေပါဝင်နေပါတယ်။ဝယ်သူအနေနဲ့ကလည်း ကိုယ့်ပစ္စည်းကိုယုံကြည်မှ၊ သတိထားမိမှပဲဝယ်ယူကြတာဖြစ်ပါတယ်။Brand Awareness ကြောင့်ကိုယ့်ရဲ့ပြိုင်ဘက်အမှတ်တံဆိပ်တွေကို ပိုမိုအသာစီးရမှာဖြစ်သလို ရောင်းအားလည်းတက်လာမှာဖြစ်ပါတယ်။ဒါကြောင့် Brand Awareness အတွက်မဖြစ်မနေလုပ်ဆောင်သင့်တာလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။ -လူတွေသတိထားမိမှတ်မိလွယ်စေမယ့် ပုံရိပ်ကိုဖန်တီးပါ။ကိုယ့်အမှတ်တံဆိပ်နဲ့သုံးထားတဲ့ဆောင်ပုဒ်ဟာ စားသုံးသူရင်ထဲနေရာယူထားပြီးရင်တော့သူတို့အသုံးလိုလာတဲ့အချိန်တိုင်းကိုယ့် Brand ကိုပဲအရင်ဆုံးသတိရမှာဖြစ်ပါတယ်။ -Logo အတွက်ပိုက်ဆံမနှမြောပါနဲ့။ Logo ကိုလည်း […]

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ဝမ်ရိပေါ်

August 9, 2023 Aung Khant Mon 0

မြန်မာပရိသတ်တွေကြား The Untamed ဆိုတဲ့တရုတ်ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာခဲ့သူတွေကတော့တရုတ်မင်းသား ဝမ်ရိပေါ်နဲ့ရှောင်ကျန့်တို့ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ သူတို့နှစ်ဦးဟာကမ္ဘာတစ်ဝှမ်းမှာပါအောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ ဝမ်ရိပေါ်က သူ့ရဲ့ရုပ်ရှင်ကားသစ် One and Only ပရိုမိုးရှင်းအတွက်ထိုင်းနိုင်ငံကိုမကြာမီကရောက်ရှိလာခဲ့ပြီး ဩဂုတ်လ ၈ ရက်နေ့မှာတော့ Roadshow ပြုလုပ်ခဲ့ပါတယ်။ ဝမ်ရိပေါ်ရဲ့ပရိသတ်များစွာက ထိုင်းလေဆိပ်မှာသွားရောက်စောင့်ဆိုင်းနေခဲ့ကြပြီးသောင်းသောင်းဖျဖျအော်ဟစ်ကြိုဆိုခဲ့တာကိုတွေ့ရပါတယ်။သူပါဝင်ထားတဲ့ One and Only ရုပ်ရှင်ကားကိုဩဂုတ်လ […]

ကလို့ကောင်းတဲ့သီချင်းလေး Cha Cha Slide ကိုဖန်တီးသူ Dj Casper ကွယ်လွန်ရှာပြီ

August 9, 2023 Aung Khant Mon 0

တစ်ကမ္ဘာလုံးကလူတွေကိုတက်တက်ကြွကြွကခုန်စေခဲ့တဲ့ Cha Cha Slide သီချင်းရဲ့ဖန်တီးရှင် Dj Casper ကို Mr. C The Slide Man လို့လူသိများပါတယ်။ သူဟာကင်ဆာဝေဒနာကိုနှစ်ရှည်ခံစားနေခဲ့ရပြီး အသက် ၅၈ နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ နာမည်ကျော် Cha Cha Slide သီချင်းကို ၁၉၉၈ ခုနစ်ကဖန်တီးခဲ့တာဖြစ်ပြီး […]

ရုံးကပေးထားတဲ့ကွန်ပျူတာထဲထည့်မသိမ်းသင့်တဲ့အရာများ

August 9, 2023 Aung Khant Mon 0

တချို့ရုံးတွေမှာ အလုပ်လုပ်ဖို့ တစ်ယောက်ကို PC သို့မဟုတ်လက်ပ်တော့တစ်လုံးစီပေးထားတာမျိုးရှိကြပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်နေစဥ်အတွင်းကိုယ်ပိုင်ပစ္စည်းတစ်ခုလိုပဲ ထိတွေ့သုံးစွဲနေရပေမယ့် တခါတလေမေ့လျော့ပြီးမသိမ်းဆည်းသင့်တာလေးတွေကို စက်ထဲသိမ်းဆည်းထားမိတတ်ကြပါတယ်နော်။ဒါကြောင့်အားလုံးသတိထားမိနိုင်စေဖို့အတွက် အလုပ်အတွက်သုံးရတဲ့ကွန်ပျူတာထဲဘာတွေသိမ်းမထားသင့်ဘူးလဲဆိုတာမျှဝေပေးချင်ပါတယ်။ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေကိုယ့်ဓာတ်ပုံတွေကို ခဏသိမ်းထားပြီး မေ့သွားတာမျိုး၊ Download လုပ်ရင်းစက်ထဲကျန်ခဲ့တာမျိုးမဖြစ်စေသင့်ပါဘူးနော်။ကိုယ့်ရဲ့ကိုယ်ပိုင်စက်မဟုတ်တဲ့အတွက် အခြေအနေအမျိုးမျိုးကြောင့်အခြားသူလက်ထဲရောက်နိုင်ပါတယ်။ရုံးမှာရုပ်တည်ကြီးနဲ့မန်နေဂျာလုပ်နေပေမယ့် မူးတုန်းကကွက်မျိုးစုံကထားတဲ့ ဗီဒီယိုတွေတွေ့သွားလို့ကတော့ အရှက်တွေဗျန်းဗျန်းကွဲနိုင်ပါတယ်။နောက်အလုပ်တစ်ခုရဲ့ Data တွေကိုယ်ကနောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခု ဒါမှမဟုတ် အကူအညီပေးနေရတဲ့ အလုပ်ရှိတယ်ဆိုရင်ဒီအလုပ်နဲ့ပတ်သက်တဲ့ Data တွေကို […]

စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဇာတ်လမ်းနှစ်သက်သူတွေအကြိုက်တွေ့ဦးမယ့် The Killing Vote

August 8, 2023 Aung Khant Mon 0

SBS ကထုတ်လွှင့်ပြသမယ့် The Killing Vote ရဲ့ပိုစတာကြောင့် ကိုရီးယားဒရာမာကြိုက်နှစ်သက်သူတွေအနေနဲ့ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ဆိုပါတယ်။နာမည်ကြီး Webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာတရားမျှတမှုဆိုတာကိုသင်ဘယ်လိုထင်သလဲဆိုတဲ့မေးခွန်းနဲ့အတူပရိသတ်ဆီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ရဲဝန်ထမ်းရဲ့လာဘ်စားမှုအပြင် မဲရလဒ်အရပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေတဲ့ခွေးမျက်နှာဖုံးနဲ့လူသတ်သမားရဲ့လျှို့ဝှက်တဲ့ဘဝဇာတ်လမ်းကိုအဓိကတူးဖော်ပြသမှာဖြစ်ပါတယ်။   The Killing Vote ပိုစတာထဲမှာတော့ စိတ်ခံစားချက်ကင်းမဲ့နေတဲ့မျက်နှာတွေနဲ့ဇာတ်ကောင် ၉ ဦးကိုတွေ့မြင်ရမှာဖြစ်ပြီး သူတို့တွေကမဲပေးတဲ့အဖွဲ့ထဲမှာပါဝင်သူတွေဖြစ်ကြပါတယ်။ခွေးမျက်နှာဖုံးနဲ့လူဘေးမှာ အဓိကဝန်းရံမယ့်ဇာတ်ကောင်တွေကတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Park Sung Woong […]

၂၀၂၄ မှာ Dua Lipa ရဲ့တေးအယ်လ်ဘမ်အသစ်ထွက်ရှိမယ်

August 8, 2023 Aung Khant Mon 0

Rolling stone ရဲ့ဖော်ပြချက်အရ Dua Lipa ရဲ့တေးအယ်လ်ဘမ်အသစ်ဟာ ၂၀၂၄ ခုနစ်အတွင်းကျိန်းသေ ထွက်ရှိလာတော့မယ်လို့ဆိုထားပါတယ်။ဒါဟာ သူမရဲ့တတိယမြောက်တေးအယ်လ်ဘမ်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင် Psychedelia ဂီတအမျိုးအစားဖန်တီးမှုများပါဝင်မယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်လက အင်တာဗျုးတစ်ခုမှာတော့ Dua Lipa က သူမအနေနဲ့ သီချင်းတွေပြန်ရေးနေပြီးသီချင်းအသစ်တွေဖန်တီးနေတယ်လို့ဖြေဆိုခဲ့တာမို့သူမရဲ့တေးအယ်လ်ဘမ်ဟာတစ်ဝက်ခန့်လုံးဝပြီးစီးနေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ထွက်ရှိလာမယ့်သီချင်းတွေဟာ သူမဆိုဖူးသမျှတွေထဲပိုပြီးကိုယ်ရေးကိုယ်တာဆန်တာတွေပါဝင်လာမှာဖြစ်သလိုသူမရဲ့ဖန်တီးမှုအသစ်ကပရိသတ်တွေအတွက် အံ့မခန်းဖြစ်စေလိမ့်မယ်လို့တေးအယ်လ်ဘမ်ထုတ်လုပ်ရေးမှာပါဝင်တဲ့ ဂီတပညာရှင်တွေကဆိုထားပါတယ်။Dua Lipa […]

ဂျက်ကီချန်းနဲ့ဂျွန်စီနာတို့ရဲ့ Hidden Strike ညံ့ဖျင်းတယ်လို့ဝေဖန်ခံနေရ

August 7, 2023 Aung Khant Mon 0

ဇူလိုင်လ ၂၈ ရက်နေ့ကစတင်ပြသခဲ့ပြီး မင်းသားကြီးဂျက်ကီချန်းနဲ့နာမည်ကြီး နပန်းသမား၊အဆိုတော်၊သရုပ်ဆောင် ဂျွန်စီနာတို့ပါဝင်ထားတဲ့ Hidden Strike ဇာတ်ကားကိုရုပ်ရှင်ဝေဖန်ရေးသမားတော်တော်များများက မကောင်းဘူးလို့မှတ်ချက်ပေးနေကြပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ အရှေ့အလယ်ပိုင်းရဲ့တရုတ်ရေနံကုမ္ပဏီတစ်ခုကိုဒေသတွင်းကြေးစားတပ်တွေကစီးနင်းဖို့ကြိုးစားနေချိန်ရေနံဝန်ထမ်းတွေကိုကယ်တင်ဖို့လုပ်ဆောင်ရတာပဲဖြစ်ပါတယ်။ရေနံဝန်ထမ်းတွေကိုကယ်တင်ဖို့လာတဲ့ ဂျက်ကီချန်းတို့အဖွဲ့နဲ့ကြေးစားတပ်ဘက်ကပါလာတဲ့ဂျွန်စီနာတို့ထိပ်တိုက်တွေ့လာချိန် ကြုံတွေ့ရတဲ့အရာတွေကိုဟာသအက်ရှင်အဖြစ်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးဆရာတွေက မင်းသားကြီးတွေဟာဒီရုပ်ရှင်မှာ အပြည့်အဝစိတ်နှစ်ပြီးပါဝင်မှုမရှိဘူးလို့ဆိုကြပါတယ်။ Post Production အတွက် ၅ နှစ်ကြာအချိန်ယူခဲ့ပေမယ့်ဇာတ်ကားထွက်ရှိလာချိန်မှာ မျှော်မှန်းသလောက်ကျေနပ်စရာကောင်းမနေဘူးလို့ပြောဆိုထားကြတာပါ။ဇာတ်လမ်းရဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးကို့ယို့ကားယားနိုင်တယ်လို့ထောက်ပြထားကြပါတယ်။ဒီရုပ်ရှင်ကို Need […]

နံပါတ် 7 ပုံတက်တူးကိုပြသလိုက်ပြီဖြစ်တဲ့ Suga

August 7, 2023 Aung Khant Mon 0

BTS အဖွဲ့ဝင် Suga က D-Day Show နောက်ဆုံးရက်မှာ သူ့ပခုံးပေါ်မှာရှိနေတဲ့နံပါတ် 7 ပုံတက်တူးကိုပြသလိုက်ပြီဖြစ်ပါတယ်။နံပါတ် 7 ပုံတက်တူးဟာ BTS အဖွဲ့ဝင် ၇ ယောက်ကြားကညီအစ်ကိုလိုချစ်ခင်ရင်းနှီးမှုကိုပြသတဲ့အနေနဲ့ထိုးကြတဲ့တက်တူးဖြစ်ပါတယ်။BTS အဖွဲ့အတွင်းကခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုကိုပြသတဲ့ဒီတက်တူးအကြောင်းအရာဟာ ၂၀၂၂ ခုနစ်ကတော်တော်လေးပေါ်ပြူလာဖြစ်ခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ နံပါတ် 7 ပုံတက်တူးကိုအဖွဲ့ဝင်တွေက ခန္ဓာကိုယ်ရဲ့မတူညီတဲ့နေရာတွေမှာထိုးထားကြတာဖြစ်ပြီးအဖွဲ့ဝင်တစ်ယောက်ချင်းစီက သူတို့ကိုယ်ပေါ်ကဒီတက်တူးကို ကိုယ့်ပုံစံနဲ့ကိုယ်လှစ်ဟပြသခဲ့ကြတာပါ။အဖွဲ့ဝင် […]

Barbie ကြောင့်ဂီတဘက်မှာပါမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့ Ryan Gosling

August 7, 2023 Aung Khant Mon 0

Barbie ကားထဲက ဇာတ်ဝင်တေး I’m just ken ကိုနားထောင်ပြီးကြပြီလားနော်။သရုပ်ဆောင် Ryan Gosling သီဆိုထားတဲ့ဒီသီချင်းက Billboard Hot 100 ထဲပါဝင်နေပြီး ဂီတကိုချစ်တဲ့မင်းသားအတွက်ဂီတနယ်ပယ်မှာ အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီလို့ဆိုရမှာပါ။ I’m just ken သီချင်းဟာ Billboard Hot 100 ရဲ့နံပါတ် ၈၇ […]