Career ပြောင်းတာရဲ့ အားသာချက် (၄)ချက်
အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုကို ကူးပြောင်းခြင်းက ရဲရင့်သောလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ လက်ရှိအသက်မွေးဝမ်းကြောင်းကနေတခြားတခုကိုထပ်ပြောင်းလိုက်တာက ကိုယ့်အတွက် စိန်ခေါ်မှုလည်းဖြစ်သလို တဖက်မှာလည်းအားသာချက်တွေအခွင့်အလမ်းတွေအများကြီးရှိနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့အသက်မွေးဝမ်းကြောင်းပြောင်းလဲတာရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။ ကျွမ်းကျင်မှုအသစ်များကို လေ့လာပါ တစ်သက်တာသင်ယူခြင်းဆိုတဲ့အချက်ကို သင်မေ့ပစ်လိုက်လို့မရပါဘူး။ပုံမှန်အသက်မွေးဝမ်းကြောင်းတခုမှာပဲ နှစ်ရှည်လုပ်တာရဲ့အား နည်းချက်က သင်ယူမှု၊လေ့လာမှုတွေ အားပျက်သွားစေပါတယ်။ အလုပ်သစ်တခုကိုပြောင်းရွေ့လိုက်တာရဲ့အားသာချက်က ကျွမ်းကျင်မှုအသစ်တွေ၊ ကိရိယာအသစ်တွေကိုသင်ယူဖို့အတွက်စိန်ခေါ်မှုအသစ်များနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းပေးပါတယ်။ အမြင်သစ်တစ်ခုကိုရယူပါ တူညီတဲ့အနေအထားတွင်ရှိနေခြင်းက […]