ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ လက္ခဏာ (၅)ချက်
ထူးချွန်တဲ့ခေါင်းဆောင်တယောက်မှာရှိသင့်တဲ့အရည်အချင်းတွေရှိသလိုပဲညံ့ဖျင်းတဲ့ခေါင်းဆောင်တွေမှာလည်း သူ့ရဲ့ ကြန်အင်လက္ခဏာတွေရှိပါတယ်။ဘယ်အချက်တွေက ညံ့ဖျင်းတဲ့ခေါင်းဆောင်ဖြစ်စေသလဲဆိုတာကို ကြည့်ကြရအောင်ပါ။ အမြော်အမြင်မရှိတာ ဒီအချက်က အရေးအကြီးဆုံးအချက်ပါပဲ။ ခေါင်းဆောင်က လူတိုင်းလုပ်လို့ရပါတယ်။ ဒါပေမဲ့ဉာဏ်အမြော်အမြင်ကတော့ ခေါင်းဆောင်တိုင်းမှာ မရှိနိုင်ပါဘူး။ ကိုယ့်လုပ်ငန်းရဲ့မဟာဗျူဟာပန်းတိုင်များကို မောင်းနှင်ဖို့အတွက် ရည်ရွယ်ချက်တခုရှိဖို့လိုအပ်ပါတယ်။ဝန်ထမ်းများကို တာဝန်ပေးအပ်တာတွေရဲ့ နောက်ကွယ်မှာရှင်းလင်းပြတ်သားတဲ့အမြင်မျိုးမရှိပါက သူတို့ရဲ့အထက်အရာရျိကိုယုံကြည်မှုပျောက် ဆုံးသွားကြမှာပါ။ ရလဒ်များ မထုတ်ပေးနိုင်တာ ဒီအချက်က ရိုးရှင်းပါတယ်။ ခေါင်းဆောင်ဆိုတာ […]