ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ Lisa ရဲ့ Money

Lisa (Black Pink) ရဲ့ ‘Money’ သီချင်းဟာ Spotify သမိုင်းမှာ Stream 1 Billion ကျော်သွားခဲ့တဲ့ Solo Artist ရဲ့ KPop သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ Guinness World Record (GWR) ရဲ့တရားဝင်အကောင့်ကနေထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်လည်း Lisa ရဲ့ပရိသတ်တွေက Lisa အတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။ကိုရီးယားအနုပညာရှင်တွေကိုစိတ်ဝင်တစားအားပေးတဲ့တချို့သောပရိသတ်တွေကတော့ Guinness World Record (GWR) အနေနဲ့ Solo Artist ဆိုတဲ့အသုံးအနှုန်းလေးကိုလှလှပပသုံးပြီးဒီလိုမှတ်တမ်းတင်ပြလိုက်တာဖြစ်တယ်လို့ဆိုကြပါတယ်။

ဘယ်သူနဲ့မှမပူးပေါင်းဘဲ Solo Artist အနေနဲ့ဒီလိုအောင်မြင်ဖို့ဆိုတာ တကယ်ကိုခက်ခဲတဲ့အနေအထားတစ်ခုပါလို့ပရိသတ်တွေကပြောထားကြပါတယ်။ Black Pink က Jennie ရဲ့ ‘Solo’ သီချင်းနဲ့ BTS က Jimin ရဲ့ ‘Like Crazy’ သီချင်းတွေဟာလည်းမကြာခင် Spotify မှာ Stream 1 Billion ရရှိဖို့နီးကပ်နေပြီလို့သိရပါတယ်။ Lisa ရဲ့ ‘Money’ သီချင်းဟာ ၂၀၂၁ ခုနစ်ကထွက်ရှိခဲ့တဲ့သူမရဲ့ပထမဆုံးတစ်ကိုယ်တော်တေးအယ်လ်ဘမ် Lalisa ထဲကသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Ju Ju

zawgyi

Lisa (Black Pink) ရဲ႕ ‘Money’ သီခ်င္းဟာ Spotify သမိုင္းမွာ Stream 1 Billion ေက်ာ္သြားခဲ့တဲ့ Solo Artist ရဲ႕ KPop သီခ်င္းတစ္ပုဒ္ျဖစ္တယ္လို႔ Guinness World Record (GWR) ရဲ႕တရားဝင္အေကာင့္ကေနထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း Lisa ရဲ႕ပရိသတ္ေတြက Lisa အတြက္ ဂုဏ္ယူမဆုံးျဖစ္ေနၾကပါတယ္။ကိုရီးယားအႏုပညာရွင္ေတြကိုစိတ္ဝင္တစားအားေပးတဲ့တခ်ိဳ႕ေသာပရိသတ္ေတြကေတာ့ Guinness World Record (GWR) အေနနဲ႔ Solo Artist ဆိုတဲ့အသုံးအႏႈန္းေလးကိုလွလွပပသုံးၿပီးဒီလိုမွတ္တမ္းတင္ျပလိုက္တာျဖစ္တယ္လို႔ဆိုၾကပါတယ္။

ဘယ္သူနဲ႔မွမပူးေပါင္းဘဲ Solo Artist အေနနဲ႔ဒီလိုေအာင္ျမင္ဖို႔ဆိုတာ တကယ္ကိုခက္ခဲတဲ့အေနအထားတစ္ခုပါလို႔ပရိသတ္ေတြကေျပာထားၾကပါတယ္။ Black Pink က Jennie ရဲ႕ ‘Solo’ သီခ်င္းနဲ႔ BTS က Jimin ရဲ႕ ‘Like Crazy’ သီခ်င္းေတြဟာလည္းမၾကာခင္ Spotify မွာ Stream 1 Billion ရရွိဖို႔နီးကပ္ေနၿပီလို႔သိရပါတယ္။ Lisa ရဲ႕ ‘Money’ သီခ်င္းဟာ ၂၀၂၁ ခုနစ္ကထြက္ရွိခဲ့တဲ့သူမရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္ေတးအယ္လ္ဘမ္ Lalisa ထဲကသီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*