ဒီတစ်ပတ်ရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင်ရေးရာ သတင်းလွှာမှာတော့ အခုခေတ်ရဲ့ ခက်ခဲလှတဲ့ အလုပ်အကိုင်စျေးကွက်အခြေအနေ၊ AI ကို စမတ်ကျကျ အသုံးချနည်းနဲ့ အလုပ်မှာ ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေတဲ့အခါ ဘာလုပ်သင့်သလဲ ဆိုတာတွေကို ဖော်ပြထားပါတယ်။
အလုပ်ရဖို့အတွက် “မှန်ကန်တဲ့လမ်းစဉ်” တွေက တကယ်ပဲ အလုပ်ဖြစ်သေးရဲ့လား
လူတော်တော်များများဟာ ဘွဲ့ရအောင်ယူတယ်၊ CV ကို သေသေချာချာပြင်တယ်၊ အလုပ်တွေ အများကြီးလျှောက်ကြတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ထင်သလောက် ဖြစ်မလာဘဲ နံရံကြီးကို သွားတိုက်မိသလို ခံစားနေရပါတယ်။ဒါက စနစ်က ပျက်စီးနေတာလား။ အခုခေတ်မှာ AI စစ်ထုတ်တဲ့ကိရိယာတွေက တကယ်တော်တဲ့သူတွေကို လူကိုယ်တိုင်မတွေ့ရခင်ကတည်းက ပယ်ချနေတတ်သလို၊ အလုပ်ရှင်တွေကလည်း အရည်အချင်းထက် အဆက်အသွယ် (Connection) ရှိသူတွေကို ပိုဦးစားပေးလာကြပါတယ်။ဒါကို ဖြေရှင်းဖို့ဆိုရင် ဘွဲ့လက်မှတ်တစ်ခုတည်းကိုပဲ အားမကိုးပါနဲ့။ ကျောင်းတက်နေကတည်းက လက်တွေ့အတွေ့အကြုံရမယ့် အလုပ်မျိုးတွေကို စမ်းလုပ်ကြည့်ပါ။ လူမှုကွန်ရက်ကတစ်ဆင့် နယ်ပယ်တူ ပညာရှင်တွေနဲ့ စကားပြောကြည့်ပါ၊ လမ်းညွှန်ပေးမယ့် Mentor ရှာပါ။ ဒါတွေက သင့်ကို တခြားသူတွေထက် ခြေတစ်လှမ်းသာစေပါလိမ့်မယ်။
အလုပ်မှာ ပိုပြီးစမတ်ကျအောင် ဘယ်လိုအလုပ်လုပ်မလဲ
အလုပ်ခွင်က ပြဿနာတွေကို ဖြေရှင်းဖို့ ဒါမှမဟုတ် ကိုယ့်အတွက် Backup Career တစ်ခုအနေနဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူဖို့ AI ကို အသုံးပြုပါ။ နောက်တချက်က အလုပ်အကိုင်စျေးကွက် ကျပ်တည်းနေချိန်မှာ ကိုယ်အရင်က လုပ်ခဲ့ဖူးတဲ့ အလုပ်ရှင်ဟောင်းဆီ ပြန်ဝင်တာကလည်း နည်းဗျူဟာကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အခုခေတ် အလုပ်ရှာဖွေသူ ၄၀ရာနှုန်း ကျော်ဟာ တာဝန်ယူမှုများတဲ့ မန်နေဂျာရာထူးထက် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုမက်မောလာကြပါတယ်။
အလုပ်မှာ ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေတဲ့အခါ
အသက် ၃၀ ကျော်၊ ၄၀ အရွယ်မှာ အလုပ်အပေါ် စိတ်ကုန်လာတာ၊ ရှေ့ဆက်ရမယ့် ပန်းတိုင်ပျောက်ဆုံးတာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ကုန်တာနဲ့ အလုပ်ကို ဗုန်းဗုန်း လဲ ထွက်ပစ်လိုက်တာမျိုးကအကြီးမားဆုံးအမှားပါပဲ။ ဒါက အဖြေမဟုတ်ပါဘူး။ဖြေရှင်းနည်းကတော့ လက်ရှိအလုပ်ကိုပဲ ပြုပြင်ပြောင်းလဲကြည့်ပါ။ ကိုယ့်ရဲ့ တာဝန်တွေကို ပုံစံအသစ်နဲ့ စမ်းလုပ်ကြည့်တာမျိုး (Job Crafting) က စိတ်ဝင်စားမှုကို ပြန်ရစေနိုင်ပါတယ်။ တကယ်လို့ အဆင်မပြေတော့ဘူးဆိုရင်တောင် အလုပ်မထွက်ခင် ဘေးနားမှာ ကိုယ်စိတ်ဝင်စားတဲ့ အရာလေးတွေကို စမ်းသပ်လုပ်ကိုင်ကြည့်ရင်း လမ်းကြောင်းအသစ်ကို ရှာဖွေဖို့ပါပဲ။
အနှစ်ချုပ်ပြောရရင် စနစ်ကြီးက ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ကိုယ့်ဘက်က လက်တွေ့ကျတဲ့ အတွေ့အကြုံတွေ ရှိနေဖို့နဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် အခွင့်အ လမ်းတွေကို ကိုယ်တိုင်ရှာဖွေဖို့က အဓိကပဲ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီတစ္ပတ္ရဲ႕ စီးပြားေရးနဲ႔ အလုပ္အကိုင္ေရးရာ သတင္းလႊာမွာေတာ့ အခုေခတ္ရဲ႕ ခက္ခဲလွတဲ့ အလုပ္အကိုင္ေစ်းကြက္အေျခအေန၊ AI ကို စမတ္က်က် အသုံးခ်နည္းနဲ႔ အလုပ္မွာ ေရွ႕ဆက္မတိုးႏိုင္ဘဲ ပိတ္မိေနတဲ့အခါ ဘာလုပ္သင့္သလဲ ဆိုတာေတြကို ေဖာ္ျပထားပါတယ္။
အလုပ္ရဖို႔အတြက္ “မွန္ကန္တဲ့လမ္းစဥ္” ေတြက တကယ္ပဲ အလုပ္ျဖစ္ေသးရဲ႕လား
လူေတာ္ေတာ္မ်ားမ်ားဟာ ဘြဲ႕ရေအာင္ယူတယ္၊ CV ကို ေသေသခ်ာခ်ာျပင္တယ္၊ အလုပ္ေတြ အမ်ားႀကီးေလွ်ာက္ၾကတယ္။ ဒါေပမဲ့ ရလဒ္ကေတာ့ ထင္သေလာက္ ျဖစ္မလာဘဲ နံရံႀကီးကို သြားတိုက္မိသလို ခံစားေနရပါတယ္။ဒါက စနစ္က ပ်က္စီးေနတာလား။ အခုေခတ္မွာ AI စစ္ထုတ္တဲ့ကိရိယာေတြက တကယ္ေတာ္တဲ့သူေတြကို လူကိုယ္တိုင္မေတြ႕ရခင္ကတည္းက ပယ္ခ်ေနတတ္သလို၊ အလုပ္ရွင္ေတြကလည္း အရည္အခ်င္းထက္ အဆက္အသြယ္ (Connection) ရွိသူေတြကို ပိုဦးစားေပးလာၾကပါတယ္။ဒါကို ေျဖရွင္းဖို႔ဆိုရင္ ဘြဲ႕လက္မွတ္တစ္ခုတည္းကိုပဲ အားမကိုးပါနဲ႔။ ေက်ာင္းတက္ေနကတည္းက လက္ေတြ႕အေတြ႕အႀကဳံရမယ့္ အလုပ္မ်ိဳးေတြကို စမ္းလုပ္ၾကည့္ပါ။ လူမႈကြန္ရက္ကတစ္ဆင့္ နယ္ပယ္တူ ပညာရွင္ေတြနဲ႔ စကားေျပာၾကည့္ပါ၊ လမ္းၫႊန္ေပးမယ့္ Mentor ရွာပါ။ ဒါေတြက သင့္ကို တျခားသူေတြထက္ ေျခတစ္လွမ္းသာေစပါလိမ့္မယ္။
အလုပ္မွာ ပိုၿပီးစမတ္က်ေအာင္ ဘယ္လိုအလုပ္လုပ္မလဲ
အလုပ္ခြင္က ျပႆနာေတြကို ေျဖရွင္းဖို႔ ဒါမွမဟုတ္ ကိုယ့္အတြက္ Backup Career တစ္ခုအေနနဲ႔ ကြၽမ္းက်င္မႈအသစ္ေတြ သင္ယူဖို႔ AI ကို အသုံးျပဳပါ။ ေနာက္တခ်က္က အလုပ္အကိုင္ေစ်းကြက္ က်ပ္တည္းေနခ်ိန္မွာ ကိုယ္အရင္က လုပ္ခဲ့ဖူးတဲ့ အလုပ္ရွင္ေဟာင္းဆီ ျပန္ဝင္တာကလည္း နည္းဗ်ဴဟာေကာင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ အခုေခတ္ အလုပ္ရွာေဖြသူ ၄၀ရာႏႈန္း ေက်ာ္ဟာ တာဝန္ယူမႈမ်ားတဲ့ မန္ေနဂ်ာရာထူးထက္ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ပိုမက္ေမာလာၾကပါတယ္။
အလုပ္မွာ ေရွ႕ဆက္မတိုးႏိုင္ဘဲ ပိတ္မိေနတဲ့အခါ
အသက္ ၃၀ ေက်ာ္၊ ၄၀ အ႐ြယ္မွာ အလုပ္အေပၚ စိတ္ကုန္လာတာ၊ ေရွ႕ဆက္ရမယ့္ ပန္းတိုင္ေပ်ာက္ဆုံးတာမ်ိဳး ျဖစ္တတ္ပါတယ္။ စိတ္ကုန္တာနဲ႔ အလုပ္ကို ဗုန္းဗုန္း လဲ ထြက္ပစ္လိုက္တာမ်ိဳးကအႀကီးမားဆုံးအမွားပါပဲ။ ဒါက အေျဖမဟုတ္ပါဘူး။ေျဖရွင္းနည္းကေတာ့ လက္ရွိအလုပ္ကိုပဲ ျပဳျပင္ေျပာင္းလဲၾကည့္ပါ။ ကိုယ့္ရဲ႕ တာဝန္ေတြကို ပုံစံအသစ္နဲ႔ စမ္းလုပ္ၾကည့္တာမ်ိဳး (Job Crafting) က စိတ္ဝင္စားမႈကို ျပန္ရေစႏိုင္ပါတယ္။ တကယ္လို႔ အဆင္မေျပေတာ့ဘူးဆိုရင္ေတာင္ အလုပ္မထြက္ခင္ ေဘးနားမွာ ကိုယ္စိတ္ဝင္စားတဲ့ အရာေလးေတြကို စမ္းသပ္လုပ္ကိုင္ၾကည့္ရင္း လမ္းေၾကာင္းအသစ္ကို ရွာေဖြဖို႔ပါပဲ။
အႏွစ္ခ်ဳပ္ေျပာရရင္ စနစ္ႀကီးက ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ၊ ကိုယ့္ဘက္က လက္ေတြ႕က်တဲ့ အေတြ႕အႀကဳံေတြ ရွိေနဖို႔နဲ႔ လူမႈကြန္ရက္ေတြကတစ္ဆင့္ အခြင့္အ လမ္းေတြကို ကိုယ္တိုင္ရွာေဖြဖို႔က အဓိကပဲ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply