ဂျူပီတာဂြိုလ် လီယိုထဲရောက်နေချိန် ငွေကြေးကံကောင်းမယ့် ရာသီခွင် (၄) ခု

ဇွန်လ ၃၀ ရက်နေ့ကစပြီး Jupiter ဂြိုဟ်ကြီးဟာ လီယို (Leo) ရာသီခွင်ထဲကို ဝင်ရောက်သွားပါပြီ။ ဒီဂြိုဟ်ကြီးက နောက်တစ်နှစ်လုံး ဒီနေရာမှာပဲ ရှိနေမှာမို့လို့ ဇာတာခွင် ၄ ခုအတွက်တော့ အခွင့်အရေးတွေ၊ ငွေကြေးကံတွေ ပွင့်လန်းဖို့ အသင့်ဖြစ်နေပါပြီ။ပုံမှန်ဆိုရင် Jupiter ကနေ အကျိုးပေးဖို့ဆိုတာ လနဲ့ချီ ကြာတတ်ပေမယ့် အခုတစ်ခါတော့ အခြေအနေက ထူးခြားပါတယ်။

“အခုက Jupiter က Pluto နဲ့ တည့်တည့်ကြီး ဆန့်ကျင်ဘက်ဖြစ်နေတော့ စွမ်းအင်တွေက တအားမြင့်တက်နေတယ်၊ လျှပ်စစ်ဓာတ်လိုက်သလိုမျိုး အားကောင်းနေတာပေါ့” လို့ နက္ခတ်ဗေဒင်ပညာရှင် Helena Hathor က ပြောပါတယ်။ ဒါကြောင့်မို့လို့ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ငွေရှာရမယ့် အခွင့်အရေးကြီးတွေ ရတော့မယ့် အချိန်ပါပဲ။ ဒီရာသီဖွားတွေက ဘယ်သူတွေဖြစ်မလဲ ဖတ်ကြည့်ကြရအောင်ပါ။

Cancer

ကရကဋ်တို့ရေ.. ဒီအချိန်မှာ စွန့်စားဖို့ မကြောက်ပါနဲ့တော့။ Jupiter က လီယိုထဲရောက်နေချိန်မှာ ရဲရဲဝံ့ဝံ့လုပ်တဲ့သူတွေကိုပဲ အကျိုးပေးမှာပါ။ ရင်းနှီးမြှုပ်နှံမှုပဲ လုပ်မလား၊ အသစ်အဆန်းတစ်ခုခု စမ်းသပ်မလား၊ အခုချိန်က အကောင်းဆုံးပါပဲ။ Hathor က “အရင်က တစ်ခါမှ မလုပ်ဖူးတဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်နေနိုင်ပေမဲ့ စိတ်မပူပါနဲ့၊ အဲဒါကနေ သင့်ဘဏ်အကောင့်ထဲကို ငွေတွေ အလုံးအရင်းနဲ့ ဝင်လာမှာပါ” လို့ ဆိုပါတယ်။

Capricorn

မကာရတွေကတော့ တိုက်ရိုက်ကြီး ငွေဝင်လာတာမျိုးကို ချက်ချင်း မြင်ရချင်မှ မြင်ရပါလိမ့်မယ်။ ဒီ Jupiter ရဲ့ အကျိုးပေးက သင့်ဆီကနေ တိုက်ရိုက်လာတာထက် သင့်ပတ်ဝန်းကျင်ကလူတွေဆီကနေ ပိုလာမှာပါ။ “သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က အတော်လေး ငွေကြေးချမ်းသာလာပြီး အဲဒီအရှိန်နဲ့ သင့်ကိုပါ နေရာကောင်းတစ်ခုခုကို ရောက်သွားအောင် ဆွဲတင်ပေးလိမ့်မယ်” လို့ Hathor က ရှင်းပြပါတယ်။ အစပိုင်းတော့ နည်းနည်းအဆင်မပြေ၊ အ သားမကျသလို ဖြစ်နိုင်ပေမဲ့ နောက်ဆုံးမှာတော့ သင့်ဝင်ငွေကို သိသိသာသာ တိုးလာစေမှာပါ။

Pisces

မိန်ရာသီခွင်အတွက်တော့ Jupiter က တကယ့်ကို အလုပ်ရှုပ်သွားအောင် ဖန်တီးပေးတော့မှာပါ။ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူဆိုရင် အော်ဒါတွေပိတ်၊ ဝန်ထမ်းတွေတိုးခန့်ရတဲ့အထိကို အလုပ်ဖြစ်မှာပါ။ အလုပ်ရှင်/အလုပ်သမား ဖြစ်နေရင်တောင်မှ သင်မျှော်လင့်ထားတဲ့ ရာထူးတိုးတာမျိုး၊ လစာတိုးတာမျိုး ရဖို့ သေချာသလောက်ပါပဲ။ ဒီအချိန်မှာ “ကိုယ်ဘာလိုချင်လဲ” ဆိုတာကို ရဲရဲဝံ့ဝံ့သာ တောင်းဆိုလိုက်ပါ။ သင့်ရဲ့ ကြိုးစားအားထုတ်မှုကို လူတွေက မြင်နေကြပြီမို့ အခုချိန်က သင့်ရဲ့ အကျိုး အမြတ်ကို ပြန်ယူရမယ့် အချိန်ပါပဲ။

Scorpio

ဗြိစ္ဆာတို့ရေ… Comfort Zone ထဲကနေ ထွက်ဖို့ အချိန်တန်ပြီ။ လီယိုထဲက Jupiter က သင့်ကို ယုံကြည်မှုတွေ အပြည့်ပေးနေတာမို့ ငြိမ်နေမယ့်အစား ရဲရဲသာ ဆုံး ဖြတ်ချက်ချလိုက်ပါ။ “ဘာမှ မလုပ်ဘဲ နေနေမယ်ဆိုရင်တော့ ငွေကြေးအခွင့်အရေးတွေက သင့်ဆီ ရောက်လာမှာ မဟုတ်ဘူး” လို့ သတိပေးထားပါတယ်။ ကိုယ်ပိုင်လုပ်ငန်း စမလား၊ စီမံကိန်းအသစ်တစ်ခုခု စမလား၊ အခုချိန်က “Full Speed” နဲ့ သွားရမယ့်အချိန်ပါ။ အစပိုင်းတော့ ကြောက်စရာကောင်းပြီး မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုတွေက သင်မျှော်လင့်ထားတာထက်တောင် ပိုလာပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

ဇြန္လ ၃၀ ရက္ေန႔ကစၿပီး Jupiter ၿဂိဳဟ္ႀကီးဟာ လီယို (Leo) ရာသီခြင္ထဲကို ဝင္ေရာက္သြားပါၿပီ။ ဒီၿဂိဳဟ္ႀကီးက ေနာက္တစ္ႏွစ္လုံး ဒီေနရာမွာပဲ ရွိေနမွာမို႔လို႔ ဇာတာခြင္ ၄ ခုအတြက္ေတာ့ အခြင့္အေရးေတြ၊ ေငြေၾကးကံေတြ ပြင့္လန္းဖို႔ အသင့္ျဖစ္ေနပါၿပီ။ပုံမွန္ဆိုရင္ Jupiter ကေန အက်ိဳးေပးဖို႔ဆိုတာ လနဲ႔ခ်ီ ၾကာတတ္ေပမယ့္ အခုတစ္ခါေတာ့ အေျခအေနက ထူးျခားပါတယ္။

“အခုက Jupiter က Pluto နဲ႔ တည့္တည့္ႀကီး ဆန႔္က်င္ဘက္ျဖစ္ေနေတာ့ စြမ္းအင္ေတြက တအားျမင့္တက္ေနတယ္၊ လွ်ပ္စစ္ဓာတ္လိုက္သလိုမ်ိဳး အားေကာင္းေနတာေပါ့” လို႔ နကၡတ္ေဗဒင္ပညာရွင္ Helena Hathor က ေျပာပါတယ္။ ဒါေၾကာင့္မို႔လို႔ ဘဝမွာ တစ္ခါမွမႀကဳံဖူးတဲ့ ေငြရွာရမယ့္ အခြင့္အေရးႀကီးေတြ ရေတာ့မယ့္ အခ်ိန္ပါပဲ။ ဒီရာသီဖြားေတြက ဘယ္သူေတြျဖစ္မလဲ ဖတ္ၾကည့္ၾကရေအာင္ပါ။

Cancer

ကရကဋ္တို႔ေရ.. ဒီအခ်ိန္မွာ စြန႔္စားဖို႔ မေၾကာက္ပါနဲ႔ေတာ့။ Jupiter က လီယိုထဲေရာက္ေနခ်ိန္မွာ ရဲရဲဝံ့ဝံ့လုပ္တဲ့သူေတြကိုပဲ အက်ိဳးေပးမွာပါ။ ရင္းႏွီးျမႇဳပ္ႏွံမႈပဲ လုပ္မလား၊ အသစ္အဆန္းတစ္ခုခု စမ္းသပ္မလား၊ အခုခ်ိန္က အေကာင္းဆုံးပါပဲ။ Hathor က “အရင္က တစ္ခါမွ မလုပ္ဖူးတဲ့ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳး ျဖစ္ေနႏိုင္ေပမဲ့ စိတ္မပူပါနဲ႔၊ အဲဒါကေန သင့္ဘဏ္အေကာင့္ထဲကို ေငြေတြ အလုံးအရင္းနဲ႔ ဝင္လာမွာပါ” လို႔ ဆိုပါတယ္။

Capricorn

မကာရေတြကေတာ့ တိုက္႐ိုက္ႀကီး ေငြဝင္လာတာမ်ိဳးကို ခ်က္ခ်င္း ျမင္ရခ်င္မွ ျမင္ရပါလိမ့္မယ္။ ဒီ Jupiter ရဲ႕ အက်ိဳးေပးက သင့္ဆီကေန တိုက္႐ိုက္လာတာထက္ သင့္ပတ္ဝန္းက်င္ကလူေတြဆီကေန ပိုလာမွာပါ။ “သင့္အိမ္ေထာင္ဖက္ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္က အေတာ္ေလး ေငြေၾကးခ်မ္းသာလာၿပီး အဲဒီအရွိန္နဲ႔ သင့္ကိုပါ ေနရာေကာင္းတစ္ခုခုကို ေရာက္သြားေအာင္ ဆြဲတင္ေပးလိမ့္မယ္” လို႔ Hathor က ရွင္းျပပါတယ္။ အစပိုင္းေတာ့ နည္းနည္းအဆင္မေျပ၊ အ သားမက်သလို ျဖစ္ႏိုင္ေပမဲ့ ေနာက္ဆုံးမွာေတာ့ သင့္ဝင္ေငြကို သိသိသာသာ တိုးလာေစမွာပါ။

Pisces

မိန္ရာသီခြင္အတြက္ေတာ့ Jupiter က တကယ့္ကို အလုပ္ရႈပ္သြားေအာင္ ဖန္တီးေပးေတာ့မွာပါ။ ကိုယ္ပိုင္လုပ္ငန္း လုပ္ေနတဲ့သူဆိုရင္ ေအာ္ဒါေတြပိတ္၊ ဝန္ထမ္းေတြတိုးခန႔္ရတဲ့အထိကို အလုပ္ျဖစ္မွာပါ။ အလုပ္ရွင္/အလုပ္သမား ျဖစ္ေနရင္ေတာင္မွ သင္ေမွ်ာ္လင့္ထားတဲ့ ရာထူးတိုးတာမ်ိဳး၊ လစာတိုးတာမ်ိဳး ရဖို႔ ေသခ်ာသေလာက္ပါပဲ။ ဒီအခ်ိန္မွာ “ကိုယ္ဘာလိုခ်င္လဲ” ဆိုတာကို ရဲရဲဝံ့ဝံ့သာ ေတာင္းဆိုလိုက္ပါ။ သင့္ရဲ႕ ႀကိဳးစားအားထုတ္မႈကို လူေတြက ျမင္ေနၾကၿပီမို႔ အခုခ်ိန္က သင့္ရဲ႕ အက်ိဳး အျမတ္ကို ျပန္ယူရမယ့္ အခ်ိန္ပါပဲ။

Scorpio

ၿဗိစာၦတို႔ေရ… Comfort Zone ထဲကေန ထြက္ဖို႔ အခ်ိန္တန္ၿပီ။ လီယိုထဲက Jupiter က သင့္ကို ယုံၾကည္မႈေတြ အျပည့္ေပးေနတာမို႔ ၿငိမ္ေနမယ့္အစား ရဲရဲသာ ဆုံး ျဖတ္ခ်က္ခ်လိုက္ပါ။ “ဘာမွ မလုပ္ဘဲ ေနေနမယ္ဆိုရင္ေတာ့ ေငြေၾကးအခြင့္အေရးေတြက သင့္ဆီ ေရာက္လာမွာ မဟုတ္ဘူး” လို႔ သတိေပးထားပါတယ္။ ကိုယ္ပိုင္လုပ္ငန္း စမလား၊ စီမံကိန္းအသစ္တစ္ခုခု စမလား၊ အခုခ်ိန္က “Full Speed” နဲ႔ သြားရမယ့္အခ်ိန္ပါ။ အစပိုင္းေတာ့ ေၾကာက္စရာေကာင္းၿပီး မျဖစ္ႏိုင္ဘူးလို႔ ထင္ရေပမဲ့ ေနာက္ဆုံးမွာေတာ့ ေအာင္ျမင္မႈေတြက သင္ေမွ်ာ္လင့္ထားတာထက္ေတာင္ ပိုလာပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*