Ji Chang Wook နဲ့ Wi Ha Joon တို့ပါဝင်မယ့် The Worst of Evil

မင်းသားချော Ji Chang Wook နဲ့ Wi Ha Joon တို့ဟာ Disney + ရဲ့အက်ရှင်ဇာတ်လမ်းတွဲသစ်မှာအ တူပါဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။၁၉၉၀ ခုနစ်ဝန်းကျင်ကိုအခြေတည်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ကိုရီးယား၊ဂျပန်နဲ့တရုတ်နိုင်ငံတွေကြား တရားမဝင်မူးယစ်ဆေးသယ်ဆောင်မှုကိုဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။

Ji Chang Wook ကို ဒီဇာတ်လမ်းတွဲမှာ မြင်ဖူးနေကျဇာတ်ကောင်ပုံစံမျိုးမဟုတ်ဘဲတည်ကြည်လေး နက်တဲ့အရာရှိပုံစံနဲ့တွေ့မြင်ရမှာဖြစ်သလို အက်ရှင်ခန်းတွေမှာလည်းပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာတွေ့ရမှာဖြစ်ပါတယ်။Wi Ha Joon ကတော့ လူဆိုးဂိုဏ်းခေါင်း ဆောင်အဖြစ်ပါဝင်လာမှာဖြစ်ပြီးဒီဇာတ်ရုပ်အတွက်အသေးစိတ်ကအစ ဂရုစိုက်ပြင်ဆင်သလို အပြည့်အဝစိတ်နှစ်ပြီးကြိုးစားခဲ့တယ်လို့ဒါရိုက်တာဖြစ်တဲ့ Han Doon Wook ကချီးကျူးထားပါတယ်။ Wi Ha Joon ရဲ့အချစ်ဦးအဖြစ် Im Sei Mi ကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။The Worst of Evil ဇာတ်လမ်းတွဲကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*