ဂျက်ကီချန်းနဲ့ဂျွန်စီနာတို့ရဲ့ Hidden Strike ညံ့ဖျင်းတယ်လို့ဝေဖန်ခံနေရ

ဇူလိုင်လ ၂၈ ရက်နေ့ကစတင်ပြသခဲ့ပြီး မင်းသားကြီးဂျက်ကီချန်းနဲ့နာမည်ကြီး နပန်းသမား၊အဆိုတော်၊သရုပ်ဆောင် ဂျွန်စီနာတို့ပါဝင်ထားတဲ့ Hidden Strike ဇာတ်ကားကိုရုပ်ရှင်ဝေဖန်ရေးသမားတော်တော်များများက မကောင်းဘူးလို့မှတ်ချက်ပေးနေကြပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ အရှေ့အလယ်ပိုင်းရဲ့တရုတ်ရေနံကုမ္ပဏီတစ်ခုကိုဒေသတွင်းကြေးစားတပ်တွေကစီးနင်းဖို့ကြိုးစားနေချိန်ရေနံဝန်ထမ်းတွေကိုကယ်တင်ဖို့လုပ်ဆောင်ရတာပဲဖြစ်ပါတယ်။ရေနံဝန်ထမ်းတွေကိုကယ်တင်ဖို့လာတဲ့ ဂျက်ကီချန်းတို့အဖွဲ့နဲ့ကြေးစားတပ်ဘက်ကပါလာတဲ့ဂျွန်စီနာတို့ထိပ်တိုက်တွေ့လာချိန် ကြုံတွေ့ရတဲ့အရာတွေကိုဟာသအက်ရှင်အဖြစ်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးဆရာတွေက မင်းသားကြီးတွေဟာဒီရုပ်ရှင်မှာ အပြည့်အဝစိတ်နှစ်ပြီးပါဝင်မှုမရှိဘူးလို့ဆိုကြပါတယ်။ Post Production အတွက် ၅ နှစ်ကြာအချိန်ယူခဲ့ပေမယ့်ဇာတ်ကားထွက်ရှိလာချိန်မှာ မျှော်မှန်းသလောက်ကျေနပ်စရာကောင်းမနေဘူးလို့ပြောဆိုထားကြတာပါ။ဇာတ်လမ်းရဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးကို့ယို့ကားယားနိုင်တယ်လို့ထောက်ပြထားကြပါတယ်။ဒီရုပ်ရှင်ကို Need For Speed ရဲ့ဒါရိုက်တာ Scott Waugh ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ဇူလိုင္လ ၂၈ ရက္ေန႔ကစတင္ျပသခဲ့ၿပီး မင္းသားႀကီးဂ်က္ကီခ်န္းနဲ႔နာမည္ႀကီး နပန္းသမား၊အဆိုေတာ္၊သ႐ုပ္ေဆာင္ ဂြၽန္စီနာတို႔ပါဝင္ထားတဲ့ Hidden Strike ဇာတ္ကားကို႐ုပ္ရွင္ေဝဖန္ေရးသမားေတာ္ေတာ္မ်ားမ်ားက မေကာင္းဘူးလို႔မွတ္ခ်က္ေပးေနၾကပါတယ္။

ဇာတ္လမ္းအေၾကာင္းအရာကေတာ့ အေရွ႕အလယ္ပိုင္းရဲ႕တ႐ုတ္ေရနံကုမၸဏီတစ္ခုကိုေဒသတြင္းေၾကးစားတပ္ေတြကစီးနင္းဖို႔ႀကိဳးစားေနခ်ိန္ေရနံဝန္ထမ္းေတြကိုကယ္တင္ဖို႔လုပ္ေဆာင္ရတာပဲျဖစ္ပါတယ္။ေရနံဝန္ထမ္းေတြကိုကယ္တင္ဖို႔လာတဲ့ ဂ်က္ကီခ်န္းတို႔အဖြဲ႕နဲ႔ေၾကးစားတပ္ဘက္ကပါလာတဲ့ဂြၽန္စီနာတို႔ထိပ္တိုက္ေတြ႕လာခ်ိန္ ႀကဳံေတြ႕ရတဲ့အရာေတြကိုဟာသအက္ရွင္အျဖစ္႐ိုက္ကူးျပသထားတာျဖစ္ပါတယ္။႐ုပ္ရွင္ေဝဖန္ေရးဆရာေတြက မင္းသားႀကီးေတြဟာဒီ႐ုပ္ရွင္မွာ အျပည့္အဝစိတ္ႏွစ္ၿပီးပါဝင္မႈမရွိဘူးလို႔ဆိုၾကပါတယ္။ Post Production အတြက္ ၅ ႏွစ္ၾကာအခ်ိန္ယူခဲ့ေပမယ့္
ဇာတ္ကားထြက္ရွိလာခ်ိန္မွာ ေမွ်ာ္မွန္းသေလာက္ေက်နပ္စရာေကာင္းမေနဘူးလို႔ေျပာဆိုထားၾကတာပါ။ဇာတ္လမ္းရဲ႕ ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္ေတြကလည္း ေတာ္ေတာ္ေလးကို႔ယို႔ကားယားႏိုင္တယ္လို႔ေထာက္ျပထားၾကပါတယ္။ဒီ႐ုပ္ရွင္ကို Need For Speed ရဲ႕ဒါ႐ိုက္တာ Scott Waugh က႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*