အမျိုးသားတဦးရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုထားတဲ့ Yoo Ah In

အမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခံတယ်လို့ ရဲကိုတိုင်ကြားပြီးတဲ့နောက်မှာဒီစွပ်စွဲချက်တွေကို မင်းသား Yoo Ah In ရဲ့ရှေ့နေက ငြင်းဆိုလိုက်ပါတယ်။ Yoo Ah In ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရဲတွေကစတင်စစ်ဆေးနေချိန်မှာတော့ သူ့ရဲ့ရှေ့နေက မင်းသားအပေါ် စွပ်စွဲချက်တွေကိုငြင်းဆိုထားပါတယ်။ဆိုးလ်ယောင်ဆန်းရဲစခန်းကနေ မင်းသားကို လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်နဲ့ အသက် ၃၀ အရွယ် အမျိုးသား (A)ဆီကနေ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်ကိုလက်ခံရရှိကြောင်း ဇူလိုင် ၂၆ ရက်နေ့ အတည်ပြုခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က ဆိုးလ်မြို့ Yongsan ခရိုင်ရှိ တိုက်ခန်းတစ်ခုမှာ အိပ်ပျော်နေတုန်း Yoo Ah In က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း“A” က အခိုင်အမာဆိုထားပါတယ်။ ဒီတိုက်ခန်းက A နဲ့ Yoo Ah Inတို့ နေထိုင်ရာနေရာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ အဲဒီအ ချိန်မှာအခြားအမျိုးသားများ လည်းရှိနေတယ်လို့ ဆိုထားပါတယ်။ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့မှာ A ကို စစ်ဆေးမေးမြန်းခဲ့ရာ A ဆီကနေ မူးယစ်ဆေးဝါးနဲ့ပတ်သတ်တာ ဘာမှမတွေ့ခဲ့ဘူးလို့ သိရပါတယ်။“အမှုနဲ့ပတ်သက်ပြီး တရားခံ (Yoo Ah In) ကို ဆက်သွယ်မေး မြန်းတာ မရှိသေးဘူး” လို့ရဲအရာရှိက ပြောပါတယ်။ကျွန်တော်တို့ သူ့ကို မကြာခင်မှာ ခေါ်ယူမေးမြန်းဖို့ စီစဉ်ထားပါတယ်အဲဒီနေ့မနက်မှာပဲ မင်းသားရဲ့ရှေ့နေ Park Jung Hyun က လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်များကို ငြင်းဆိုထားပါတယ်။“Yoo Ah In နဲ့ပတ်သက်တဲ့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်က မမှန်ကန်ပါဘူး” လို့ ရှေ့နေကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မင်းသားရဲ့ကိုယ်ရေးကိုယ်တာဘဝနဲ့ပတ်သက်ပြီး မလိုအပ်တဲ့ထင်ကြေးပေးမှုများ ရှောင်ကြဉ်ကြဖို့ တောင်းဆိုပါတယ်လို့ ရှေ့နေကပြောခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*