အခုခေတ်လို အလုပ်အကိုင်ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တဲ့အချိန်မှာ ကိုယ့်ရဲ့ Resume ကို အလုပ်ခေါ်တဲ့ မန်နေဂျာတွေနဲ့ Recruiters တွေက သေသေချာချာ ထိုင်ဖတ်မနေဘဲ ခပ်မြန်မြန်ပဲ ဖြတ်ကြည့် (Scan ဖတ်) နေကြတာ သေချာသလောက်ပါပဲ။နေရာတစ်ခုအတွက် လျှောက်လွှာတွေ ရာနဲ့ချီ ဝင်လာတတ်တာမို့လို့ InterviewPal ဆိုတဲ့ AI လူတွေ့စစ်ဆေးတဲ့ လုပ်ငန်းရဲ့ လေ့လာချက်အရ အလုပ်ရှင်တွေဟာ Resume တစ်စောင်ကို ပျမ်းမျှ ၁၁.၂ စက္ကန့်ပဲ အချိန်ပေးကြည့်ကြတယ်လို့ သိရပါတယ်။
ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူနိုင်ပေမဲ့ အခုလို AI ခေတ်ကြီးထဲမှာ ကိုယ့်လျှောက်လွှာက ရှေ့ဆက်ဖို့၊ မဆက်ဖို့ဆိုတာ လူသားတစ်ယောက် မမြင်ရသေးခင်မှာတင် AI Tools တွေက အရင်စစ်ထုတ်ပစ်လိုက်တာမျိုး ဖြစ်နေပါပြီ။ ဒါကြောင့် အမှားသေးသေးလေးတစ်ခု ဒါမှမဟုတ် အခွင့်အရေးတစ်ခု လွဲချော်သွားတာနဲ့တင် နောက်တစ်ဆင့်တက်ဖို့ လမ်းစ ပျောက်သွားနိုင်ပါတယ်။ Forbes မီဒီယာကနေ အလုပ်ခေါ်ယူရေး ကျွမ်းကျင်သူအချို့ကို မေးမြန်းပြီး သူတို့ အဲဒီ စက္ကန့်ပိုင်းအတွင်းမှာ ဘာတွေကို အဓိက ကြည့်လဲ၊ ကိုယ်ကော နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ဘယ်လိုတိုးအောင် လုပ်မလဲဆိုတဲ့ အချက် ၄ ချက်ကို စုစည်းပေးထားပါတယ်။
အလုပ်ခေါ်စာပါ လိုအပ်ချက်တွေနဲ့ ကိုယ်နဲ့ ဘယ်လောက်ကိုက်ညီလဲဆိုတာ ချက်ချင်းပြပါ
Pitney Bowes ကုမ္ပဏီရဲ့ စီနီယာ အလုပ်ခေါ်ယူရေးအရာရှိ Roshaunda Green က အခုလို ပြောပါတယ်။”အလုပ်လျှောက်တဲ့သူတွေ သိထားရမှာက အလုပ်ခေါ်စာ (Job Description) ထဲမှာ အချက်အလက်တွေကို စီထားတာ အကြောင်းရှိပါတယ်။ ပထမဆုံး အချက် ၁ ချက်ကနေ ၅ ချက်အထိမှာ အဲဒီအလုပ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းတာဝန်တွေကို ထည့်ထားတာပါ”ဒါကြောင့် ကိုယ့်ရဲ့ Resume အပေါ်ဆုံးပိုင်းမှာတင် အဲဒီအလုပ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုယ့်အတွေ့အ ကြုံက ဘယ်လိုကိုက်ညီနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြထားသင့်ပါတယ်။ လိုအပ်ချက်အားလုံးနဲ့ ကွက်တိမကျရင်တောင်မှ အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက် ကိုက်ညီနေတာကို အလုပ်ခေါ်တဲ့သူက လိုက်ပြီး စဉ်းစားစရာမလိုအောင် တစ်ချက်ကြည့်ရုံနဲ့ သိသာနေဖို့ လိုတယ်လို့ သူက ထပ်ပြောပါတယ်။
တိုင်းတာလို့ရတဲ့ ရလဒ်တွေကို ပေါ်လွင်အောင်ပြပါ
Indeed ရဲ့ အလုပ်အကိုင်ခေတ်ရေစီးကြောင်း ကျွမ်းကျင်သူ Priya Rathod ကလည်း အလုပ်ခေါ်တဲ့သူတွေဟာ Resume ကို တချက်ကြည့်လိုက်တာနဲ့ ကိုယ်အရင်လုပ်ခဲ့တဲ့ အလုပ်တွေမှာ ဘယ်လောက်အကျိုးသက်ရောက်မှု ရှိခဲ့လဲဆိုတဲ့ ကိန်းဂဏန်းတွေ၊ ရလဒ်တွေကို ချက်ချင်း မြင်ချင်ကြတာလို့ အလေးအနက် ပြောပါတယ်။ဥပမာ အရောင်း (Sales) သမားတစ်ယောက်ဆိုရင် “Target ပြည့်အောင် ဒါမှမဟုတ် Target ကျော်အောင် ဘယ်နှစ်နှစ်လုပ်နိုင်ခဲ့လဲ” ” Client အသစ် ဘယ်လောက် ရှာပေးနိုင်ခဲ့လဲ” “ကိုယ့်ကုမ္ပဏီအတွက် တကယ့်လက်တွေ့ ဘာတွေ တိုးတက်ပြောင်းလဲသွားစေလဲ” ဆိုတာမျိုးတွေကို ရှင်းပြဖို့ လိုပါတယ်။အခုလို လူတိုင်း Resume ရေးဖို့ AI ကို သုံးနေကြတဲ့အချိန်မှာ “တာဝန်ယူခဲ့ရပါသည်…” ဆိုတဲ့ ယေဘုယျဆန်တဲ့ စာသားတွေပဲ သုံးနေမယ်ဆိုရင် ကိုယ့်ရဲ့ Resume က တခြားပြိုင်ဘက်တွေနဲ့မတူဘဲ ထင်ရှားပေါ်လွင်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ ကိုက်ညီမယ့် Keywordsတွေကို သုံးပါ
အလုပ်ခန့်မယ့် မန်နေဂျာ ၇၁ ရာခိုင်နှုန်းလောက်က လျှောက်ထားသူတွေကို ပိုမြန်မြန်နဲ့ ပိုလွယ်လွယ် စစ်ထုတ်နိုင်ဖို့ AI ဆော့ဝဲလ် သုံးကြပါတယ်။ ဆိုလိုတာက ကိုယ့် Resume ကို လူသားတစ်ယောက် မမြင်ခင်မှာ စက်က အရင်စစ်တာပါ။ဒါကြောင့် Rathod ရဲ့ အကြံပြုချက်ကတော့ Resume ရေးတဲ့အခါ AI ကို လိမ္မာပါးနပ်စွာ အသုံးချပြီး အလုပ်ခေါ်စာထဲက Keyword တွေနဲ့ ကိုယ့် Resume ကို ကိုက်ညီအောင် ညှိရေးဖို့ ဖြစ်ပါတယ်။ ဒါမှလည်း အများထဲကနေ ကျန်ခဲ့ပြီး နောက်တစ်ဆင့်ကို အေးဆေး တက်လှမ်းနိုင်မှာပါ။ Cover Letter ထဲမှာလည်း အဲဒီ Keyword တွေကို သုံးဖို့ သူက အကြံပြုပါတယ်။ ဒါပေမဲ့ သတိထားရမှာက AI ကို လမ်းစအနေနဲ့ပဲ သုံးသင့်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်လေသံ၊ အသုံးအနှုန်းနဲ့ ထူးခြားတဲ့ အတွေ့အကြုံ အသေးစိတ်တွေကို ကိုယ်တိုင် ပြန်ပြင်ဖန်တီးရပါမယ်။
ကိုယ်ပိုင်ဟန် ရှိပါစေ (လူသားတစ်ယောက် ရေးထားမှန်း သိပါစေ)
AI မှာ ကောင်းကျိုးတွေ ရှိပေမဲ့ အလုပ်လျှောက်တဲ့အခါ AI ကိုပဲ အလွန်အကျွံ အားကိုးတာက အကျိုးထက် အပြစ် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူနှစ်ယောက်လုံးက သဘောတူညီကြပါတယ်။တကယ်တော့ အလုပ်ခန့်မယ့် မန်နေဂျာ ၆၇ ရာခိုင်နှုန်းက AI နဲ့ ရေးထားတဲ့ Resume တွေကြောင့် အလုပ်ခန့်ရတာ ပိုအဆင်မပြေဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ လျှောက်တဲ့သူတွေက အတွေ့အကြုံတွေကို ချဲ့ကားဖန်တီးဖို့ AI ကို သုံးလာကြသလို၊ ဝင်လာတဲ့ လျှောက်လွှာတွေအ ကုန်လုံးကလည်း ပုံစံတစ်သမတ်တည်း တူနေကြလို့ပါပဲ။”အခုတလော ကျွန်မ တွေ့နေရတာက လူတော်တော်များများက AI ဆီကရတဲ့ အဖြေကြမ်းအတိုင်း ဘာမှမပြင်ဘဲ ဒီအတိုင်း ယူသုံးနေကြတာပဲ။ အလုပ်ခေါ်စာထဲကအတိုင်း AI က ထုတ်ပေးတဲ့ ပုံစံခွက်အတိုင်း ပေါင်းစပ်ထားတဲ့ Resume မျိုးကို တင်တာက ကိုယ့်အခွင့်အ ရေးကို ကိုယ်တိုင် ဖျက်ဆီးလိုက်သလိုပါပဲ”
အလုပ်ခန့်ထားရေး မန်နေဂျာတဦးဖြစ်တဲ့ Roshaunda Green က အထက်ပါအတိုင်း ပြောခဲ့တာပါ။
ဒါကြောင့် အများသူငါလို ရိုးအီနေတဲ့ Resume မျိုး တင်မယ့်အစား ကိုယ့်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို အလုပ်ခေါ်တဲ့သူတွေ ချက်ချင်းသတိထားမိအောင် ကိုယ်ပိုင်ပုံစံဖြစ်အောင် ပြင်ဆင်ဖို့ သူတို့က အကြံပေးထားပါတယ်။”AI သုံးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဖြစ်အောင်တော့ ပြန်ပြင်ဦးမှပေါ့။ ကိုယ့်ရဲ့ တိုင်း တာလို့ရတဲ့ ရလဒ်တွေ၊ အောင်မြင်မှုတွေကို ထည့်ပါ၊ လေသံနဲ့ စာသားတွေကို ပြောင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အလုပ်ခေါ်တဲ့သူတွေဆီကို အလုပ်တစ်ခုတည်းအတွက် ပုံစံတူ Resume ပေါင်း ၁၅ စောင်လောက် တစ်ပြိုင်နက် ဝင်လာတတ်လို့ပါ။ အဲလိုဆိုရင်တော့ အလုပ်ခန့်သူဘက်က ယုံကြည်စိတ်ချရမှု ချက်ချင်း ကျဆင်းသွားမှာပဲ” လို့ Green က အခုလို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
ကျော့ကေခိုင်
zawgyi
အခုေခတ္လို အလုပ္အကိုင္ၿပိဳင္ဆိုင္မႈ အရမ္းျပင္းထန္တဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ Resume ကို အလုပ္ေခၚတဲ့ မန္ေနဂ်ာေတြနဲ႔ Recruiters ေတြက ေသေသခ်ာခ်ာ ထိုင္ဖတ္မေနဘဲ ခပ္ျမန္ျမန္ပဲ ျဖတ္ၾကည့္ (Scan ဖတ္) ေနၾကတာ ေသခ်ာသေလာက္ပါပဲ။ေနရာတစ္ခုအတြက္ ေလွ်ာက္လႊာေတြ ရာနဲ႔ခ်ီ ဝင္လာတတ္တာမို႔လို႔ InterviewPal ဆိုတဲ့ AI လူေတြ႕စစ္ေဆးတဲ့ လုပ္ငန္းရဲ႕ ေလ့လာခ်က္အရ အလုပ္ရွင္ေတြဟာ Resume တစ္ေစာင္ကို ပ်မ္းမွ် ၁၁.၂ စကၠန႔္ပဲ အခ်ိန္ေပးၾကည့္ၾကတယ္လို႔ သိရပါတယ္။
ကုမၸဏီတစ္ခုနဲ႔တစ္ခု မတူႏိုင္ေပမဲ့ အခုလို AI ေခတ္ႀကီးထဲမွာ ကိုယ့္ေလွ်ာက္လႊာက ေရွ႕ဆက္ဖို႔၊ မဆက္ဖို႔ဆိုတာ လူသားတစ္ေယာက္ မျမင္ရေသးခင္မွာတင္ AI Tools ေတြက အရင္စစ္ထုတ္ပစ္လိုက္တာမ်ိဳး ျဖစ္ေနပါၿပီ။ ဒါေၾကာင့္ အမွားေသးေသးေလးတစ္ခု ဒါမွမဟုတ္ အခြင့္အေရးတစ္ခု လြဲေခ်ာ္သြားတာနဲ႔တင္ ေနာက္တစ္ဆင့္တက္ဖို႔ လမ္းစ ေပ်ာက္သြားႏိုင္ပါတယ္။ Forbes မီဒီယာကေန အလုပ္ေခၚယူေရး ကြၽမ္းက်င္သူအခ်ိဳ႕ကို ေမးျမန္းၿပီး သူတို႔ အဲဒီ စကၠန႔္ပိုင္းအတြင္းမွာ ဘာေတြကို အဓိက ၾကည့္လဲ၊ ကိုယ္ေကာ ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အေရး ဘယ္လိုတိုးေအာင္ လုပ္မလဲဆိုတဲ့ အခ်က္ ၄ ခ်က္ကို စုစည္းေပးထားပါတယ္။
အလုပ္ေခၚစာပါ လိုအပ္ခ်က္ေတြနဲ႔ ကိုယ္နဲ႔ ဘယ္ေလာက္ကိုက္ညီလဲဆိုတာ ခ်က္ခ်င္းျပပါ
Pitney Bowes ကုမၸဏီရဲ႕ စီနီယာ အလုပ္ေခၚယူေရးအရာရွိ Roshaunda Green က အခုလို ေျပာပါတယ္။”အလုပ္ေလွ်ာက္တဲ့သူေတြ သိထားရမွာက အလုပ္ေခၚစာ (Job Description) ထဲမွာ အခ်က္အလက္ေတြကို စီထားတာ အေၾကာင္းရွိပါတယ္။ ပထမဆုံး အခ်က္ ၁ ခ်က္ကေန ၅ ခ်က္အထိမွာ အဲဒီအလုပ္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ကြၽမ္းက်င္မႈနဲ႔ လုပ္ငန္းတာဝန္ေတြကို ထည့္ထားတာပါ”ဒါေၾကာင့္ ကိုယ့္ရဲ႕ Resume အေပၚဆုံးပိုင္းမွာတင္ အဲဒီအလုပ္ရဲ႕ လိုအပ္ခ်က္ေတြနဲ႔ ကိုယ့္အေတြ႕အ ႀကဳံက ဘယ္လိုကိုက္ညီေနလဲဆိုတာကို ရွင္းရွင္းလင္းလင္း ျပထားသင့္ပါတယ္။ လိုအပ္ခ်က္အားလုံးနဲ႔ ကြက္တိမက်ရင္ေတာင္မွ အနည္းဆုံး ၈၀ ရာခိုင္ႏႈန္းေလာက္ ကိုက္ညီေနတာကို အလုပ္ေခၚတဲ့သူက လိုက္ၿပီး စဥ္းစားစရာမလိုေအာင္ တစ္ခ်က္ၾကည့္႐ုံနဲ႔ သိသာေနဖို႔ လိုတယ္လို႔ သူက ထပ္ေျပာပါတယ္။
တိုင္းတာလို႔ရတဲ့ ရလဒ္ေတြကို ေပၚလြင္ေအာင္ျပပါ
Indeed ရဲ႕ အလုပ္အကိုင္ေခတ္ေရစီးေၾကာင္း ကြၽမ္းက်င္သူ Priya Rathod ကလည္း အလုပ္ေခၚတဲ့သူေတြဟာ Resume ကို တခ်က္ၾကည့္လိုက္တာနဲ႔ ကိုယ္အရင္လုပ္ခဲ့တဲ့ အလုပ္ေတြမွာ ဘယ္ေလာက္အက်ိဳးသက္ေရာက္မႈ ရွိခဲ့လဲဆိုတဲ့ ကိန္းဂဏန္းေတြ၊ ရလဒ္ေတြကို ခ်က္ခ်င္း ျမင္ခ်င္ၾကတာလို႔ အေလးအနက္ ေျပာပါတယ္။ဥပမာ အေရာင္း (Sales) သမားတစ္ေယာက္ဆိုရင္ “Target ျပည့္ေအာင္ ဒါမွမဟုတ္ Target ေက်ာ္ေအာင္ ဘယ္ႏွစ္ႏွစ္လုပ္ႏိုင္ခဲ့လဲ” ” Client အသစ္ ဘယ္ေလာက္ ရွာေပးႏိုင္ခဲ့လဲ” “ကိုယ့္ကုမၸဏီအတြက္ တကယ့္လက္ေတြ႕ ဘာေတြ တိုးတက္ေျပာင္းလဲသြားေစလဲ” ဆိုတာမ်ိဳးေတြကို ရွင္းျပဖို႔ လိုပါတယ္။အခုလို လူတိုင္း Resume ေရးဖို႔ AI ကို သုံးေနၾကတဲ့အခ်ိန္မွာ “တာဝန္ယူခဲ့ရပါသည္…” ဆိုတဲ့ ေယဘုယ်ဆန္တဲ့ စာသားေတြပဲ သုံးေနမယ္ဆိုရင္ ကိုယ့္ရဲ႕ Resume က တျခားၿပိဳင္ဘက္ေတြနဲ႔မတူဘဲ ထင္ရွားေပၚလြင္လာမွာ မဟုတ္ပါဘူး။
အလုပ္နဲ႔ ကိုက္ညီမယ့္ Keywordsေတြကို သုံးပါ
အလုပ္ခန႔္မယ့္ မန္ေနဂ်ာ ၇၁ ရာခိုင္ႏႈန္းေလာက္က ေလွ်ာက္ထားသူေတြကို ပိုျမန္ျမန္နဲ႔ ပိုလြယ္လြယ္ စစ္ထုတ္ႏိုင္ဖို႔ AI ေဆာ့ဝဲလ္ သုံးၾကပါတယ္။ ဆိုလိုတာက ကိုယ့္ Resume ကို လူသားတစ္ေယာက္ မျမင္ခင္မွာ စက္က အရင္စစ္တာပါ။ဒါေၾကာင့္ Rathod ရဲ႕ အႀကံျပဳခ်က္ကေတာ့ Resume ေရးတဲ့အခါ AI ကို လိမၼာပါးနပ္စြာ အသုံးခ်ၿပီး အလုပ္ေခၚစာထဲက Keyword ေတြနဲ႔ ကိုယ့္ Resume ကို ကိုက္ညီေအာင္ ညႇိေရးဖို႔ ျဖစ္ပါတယ္။ ဒါမွလည္း အမ်ားထဲကေန က်န္ခဲ့ၿပီး ေနာက္တစ္ဆင့္ကို ေအးေဆး တက္လွမ္းႏိုင္မွာပါ။ Cover Letter ထဲမွာလည္း အဲဒီ Keyword ေတြကို သုံးဖို႔ သူက အႀကံျပဳပါတယ္။ ဒါေပမဲ့ သတိထားရမွာက AI ကို လမ္းစအေနနဲ႔ပဲ သုံးသင့္ၿပီး ကိုယ့္ရဲ႕ ကိုယ္ပိုင္ေလသံ၊ အသုံးအႏႈန္းနဲ႔ ထူးျခားတဲ့ အေတြ႕အႀကဳံ အေသးစိတ္ေတြကို ကိုယ္တိုင္ ျပန္ျပင္ဖန္တီးရပါမယ္။
ကိုယ္ပိုင္ဟန္ ရွိပါေစ (လူသားတစ္ေယာက္ ေရးထားမွန္း သိပါေစ)
AI မွာ ေကာင္းက်ိဳးေတြ ရွိေပမဲ့ အလုပ္ေလွ်ာက္တဲ့အခါ AI ကိုပဲ အလြန္အကြၽံ အားကိုးတာက အက်ိဳးထက္ အျပစ္ ပိုမ်ားႏိုင္တယ္လို႔ ကြၽမ္းက်င္သူႏွစ္ေယာက္လုံးက သေဘာတူညီၾကပါတယ္။တကယ္ေတာ့ အလုပ္ခန႔္မယ့္ မန္ေနဂ်ာ ၆၇ ရာခိုင္ႏႈန္းက AI နဲ႔ ေရးထားတဲ့ Resume ေတြေၾကာင့္ အလုပ္ခန႔္ရတာ ပိုအဆင္မေျပျဖစ္လာတယ္လို႔ ေျပာၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ေလွ်ာက္တဲ့သူေတြက အေတြ႕အႀကဳံေတြကို ခ်ဲ႕ကားဖန္တီးဖို႔ AI ကို သုံးလာၾကသလို၊ ဝင္လာတဲ့ ေလွ်ာက္လႊာေတြအ ကုန္လုံးကလည္း ပုံစံတစ္သမတ္တည္း တူေနၾကလို႔ပါပဲ။”အခုတေလာ ကြၽန္မ ေတြ႕ေနရတာက လူေတာ္ေတာ္မ်ားမ်ားက AI ဆီကရတဲ့ အေျဖၾကမ္းအတိုင္း ဘာမွမျပင္ဘဲ ဒီအတိုင္း ယူသုံးေနၾကတာပဲ။ အလုပ္ေခၚစာထဲကအတိုင္း AI က ထုတ္ေပးတဲ့ ပုံစံခြက္အတိုင္း ေပါင္းစပ္ထားတဲ့ Resume မ်ိဳးကို တင္တာက ကိုယ့္အခြင့္အ ေရးကို ကိုယ္တိုင္ ဖ်က္ဆီးလိုက္သလိုပါပဲ”
အလုပ္ခန္႔ထားေရး မန္ေနဂ်ာတဦးျဖစ္တဲ့ Roshaunda Green က အထက္ပါအတိုင္း ေျပာခဲ့တာပါ။
ဒါေၾကာင့္ အမ်ားသူငါလို ႐ိုးအီေနတဲ့ Resume မ်ိဳး တင္မယ့္အစား ကိုယ့္ရဲ႕ ထူးျခားတဲ့ စြမ္းေဆာင္ရည္ေတြကို အလုပ္ေခၚတဲ့သူေတြ ခ်က္ခ်င္းသတိထားမိေအာင္ ကိုယ္ပိုင္ပုံစံျဖစ္ေအာင္ ျပင္ဆင္ဖို႔ သူတို႔က အႀကံေပးထားပါတယ္။”AI သုံးတာ ေကာင္းပါတယ္။ ဒါေပမဲ့ ကိုယ္ပိုင္ျဖစ္ေအာင္ေတာ့ ျပန္ျပင္ဦးမွေပါ့။ ကိုယ့္ရဲ႕ တိုင္း တာလို႔ရတဲ့ ရလဒ္ေတြ၊ ေအာင္ျမင္မႈေတြကို ထည့္ပါ၊ ေလသံနဲ႔ စာသားေတြကို ေျပာင္းပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္မတို႔ အလုပ္ေခၚတဲ့သူေတြဆီကို အလုပ္တစ္ခုတည္းအတြက္ ပုံစံတူ Resume ေပါင္း ၁၅ ေစာင္ေလာက္ တစ္ၿပိဳင္နက္ ဝင္လာတတ္လို႔ပါ။ အဲလိုဆိုရင္ေတာ့ အလုပ္ခန္႔သူဘက္က ယုံၾကည္စိတ္ခ်ရမႈ ခ်က္ခ်င္း က်ဆင္းသြားမွာပဲ” လို႔ Green က အခုလို ျပတ္ျပတ္သားသား ေျပာခဲ့ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply