လုပ်ငန်းခွင်မှာ ယဉ်ကျေးမှုကွဲပြားမှု အမျိုးအစား (၄)ခု

လုပ်ငန်းခွင်မှာ မတူကွဲပြားမှုတွေက မြင်နိုင်တာထက် ပိုနေတတ်ပါတယ်။ လုပ်ငန်းခွင်မှာဒီမတူကွဲပြားမှုတွေကို အသိအမှတ်ပြုလေးစားသင့်ပါတယ်။ ဒီအမျိုးအစားလေးခုကတော့ဒီအချက်ပဲဖြစ်ပါတယ်။

အသက်အရွယ်မတူကွဲပြားမှု

အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရတဲ့ လူငယ်နဲ့ သက်ကြီးရွယ်အို လုပ်သားများအတွက် ဒီအချက်ကသတိပြုသင့်ပါတယ်။ Gen Z တွေက သူတို့ရဲ့ ဖုန်းများထဲမှာ ပိတ်မိနေပြီးသက်ကြီးရွယ်အိုများကတော့ အားလုံးမှာ နောက်ကောက်ကျကျန်ခဲ့ပြီလို့ထင်ကောင်းထင်နိုင်ပါတယ်။
သူတို့မသိတာက မျိုးဆက်တခုစီမှာ အသက်ရှင်နေထိုင်ခဲ့တဲ့ အတွေ့အကြုံများက သူတို့ကိုသီးခြားကမ္ဘာကိုမြင်နိုင်တဲ့ နည်းလမ်းများ ချန်ထားခဲ့ကာ ဘယ်သူမဆို ဒီအတွေ့အကြုံတွေကနေသင်ယူပြီး အကျိုးခံစားခွင့်ရနိုင်တာပါ။ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြည့်ရှုပါကမျိုးဆက်ကွဲပြားမှုများက လုပ်ငန်းခွင်အတွင်းမှာ အသင်းအဖွဲ့များနဲ့ လုပ်ငန်းများအတွက်အကျိုးပြုနိုင်ပါတယ်။

လိင်ခွဲခြားမှု

ကျား၊မ နဲ့ လိင်စိတ်ခံယူချက်တို့ကို အလုပ်ခန့်ထားတဲ့ မန်နေဂျာများနဲ့လုပ်ငန်းခွင်အတွင်းရှိလူများစွာက ရှင်းရှင်းလင်းလင်းနားမလည်သေးတဲ့အယူအဆများဖြစ်နေပါသေးတယ်။ အထူးသဖြင့် အမျိုးသမီးများ၊ non-binary များ၊ LGBTQ+အသိုင်းအဝိုင်းက အဖွဲ့ဝင်များအတွက် ဘက်လိုက်မှုရှိတဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းများနဲ့သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ပတ်သက်တဲ့ ယူဆချက်များနဲ့ မကြာခဏ ဆက်ဆံလေ့ရှိပါတယ်။ဒီခွဲခြားဆက်ဆံမှုကိုလည်း လုပ်ငန်းခွင်အတွင်းမှာ လုံးဝမလုပ်သင့်ပါဘူး။ တဦးရဲ့ဖြစ်တည်မှုကိုတဦးက လေးစားသင့်ပါတယ်။

လူမျိုးနဲ့ လူမျိုးစု

လုပ်ငန်းခွင်အတွင်းမှာ လူမျိုးမတူတာ၊ လူနည်းစုဖြစ်နေတာကြောင့်၊ အသားအရောင်ကြောင့်စတဲ့အချက်တွေနဲ့ ခွဲခြားဆက်ဆံကြပါတယ်။ မတူကွဲပြားတဲ့ ဝန်ထမ်းများကို သီးခြားလိုခံစားရစေတာ၊ ဒါမှမဟုတ် ခွဲတမ်းကိုဖြည့်ဖို့ ရှိနေသကဲ့သို့ ခံစားရစေနိုင်ပါတယ်။ ဒီအချက်ကပဲလုပ်ငန်းခွင်အတွင်းက စည်းလုံးမှုတွေ၊ teamwork လုပ်ဆောင်မှုတွေ၊ communication တွေနဲ့ယုံကြည်မှုတွေမှာ အားနည်းစေနိုင်ပြိး လုပ်ငန်းခွင်အတွက် ကောင်းမွန်တဲ့ရလဒ်တွေရဖို့ခက်ခဲသွားနိုင်ပါတယ်။

မသန်စွမ်းမှု

မသန်စွမ်းမှုက ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကနေ စိတ်ကျန်းမာရေးနဲ့ အာရုံကြောဆိုင်ရာကွဲပြားမှုများအထိ ရှိနိုင်ပါတယ်။ အဖွဲ့အစည်းများစွာက မတူကွဲပြားမှုများကိုထိပ်တန်းတန်ဖိုးတခုအဖြစ် ညွှန်းဆိုထားပေမဲ့ အများစုကတော့ မသန်စွမ်းအလုပ်သမားများကိုငှားရမ်းတာ၊ လုပ် ငန်းခွင်အတွင်း ရေရှည်လုပ်ကိုင်နိုင်အောင် ထိန်းသိမ်းတာနဲ့ ပံ့ပိုးဖို့အတွက်အရင်းအမြစ်မရှိကြပါဘူး။အရွယ်ရောက်ပြီးသူ လုပ်သားအင် အားရဲ့ ၂၀ရာခိုင်နှုန်းနီးပါးက အမျိုးမျိုးသောမသန်စွမ်းမှုမျိုးနဲ့ နေထိုင်ကြပါတယ်။ အများစုက မမြင်နိုင်တဲ့ မသန်စွမ်းသူများဖြစ်ကြပါတယ်။ဒီအမျိုးအစားလေးခုကတော့ လုပ်ငန်းခွင်မှာယဉ်ကျေးမှုကွဲပြားမှုအမျိုးအစားတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို ဥပဒေအရခွဲ ခြားဆက်ဆံမှုကနေ အကာအကွယ်ပေးထားတဲ့ လူတဦးချင်းစီရဲ့ လက္ခဏာရပ်များ ဒါမှမဟုတ်အင်္ဂါရပ်များပဲဖြစ်ပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္မွာ မတူကြဲျပားမႈေတြက ျမင္ႏိုင္တာထက္ ပိုေနတတ္ပါတယ္။ လုပ္ငန္းခြင္မွာဒီမတူကြဲျပားမႈေတြကို အသိအမွတ္ျပဳေလးစားသင့္ပါတယ္။ ဒီအမ်ိဳးအစားေလးခုကေတာ့ဒီအခ်က္ပဲျဖစ္ပါတယ္။

အသက္အ႐ြယ္မတူကြဲျပားမႈ

အလုပ္ခြင္မွာ ခြဲျခားဆက္ဆံခံရတဲ့ လူငယ္နဲ႔ သက္ႀကီး႐ြယ္အို လုပ္သားမ်ားအတြက္ ဒီအခ်က္ကသတိျပဳသင့္ပါတယ္။ Gen Z ေတြက သူတို႔ရဲ႕ ဖုန္းမ်ားထဲမွာ ပိတ္မိေနၿပီးသက္ႀကီး႐ြယ္အိုမ်ားကေတာ့ အားလုံးမွာ ေနာက္ေကာက္က်က်န္ခဲ့ၿပီလို႔ထင္ေကာင္းထင္ႏိုင္ပါတယ္။
သူတို႔မသိတာက မ်ိဳးဆက္တခုစီမွာ အသက္ရွင္ေနထိုင္ခဲ့တဲ့ အေတြ႕အႀကဳံမ်ားက သူတို႔ကိုသီးျခားကမာၻကိုျမင္ႏိုင္တဲ့ နည္းလမ္းမ်ား ခ်န္ထားခဲ့ကာ ဘယ္သူမဆို ဒီအေတြ႕အႀကဳံေတြကေနသင္ယူၿပီး အက်ိဳးခံစားခြင့္ရႏိုင္တာပါ။ မွန္ကန္တဲ့နည္းလမ္းနဲ႔ ၾကည့္ရႈပါကမ်ိဳးဆက္ကြဲျပားမႈမ်ားက လုပ္ငန္းခြင္အတြင္းမွာ အသင္းအဖြဲ႕မ်ားနဲ႔ လုပ္ငန္းမ်ားအတြက္အက်ိဳးျပဳႏိုင္ပါတယ္။

လိင္ခြဲျခားမႈ

က်ား၊မ နဲ႔ လိင္စိတ္ခံယူခ်က္တို႔ကို အလုပ္ခန႔္ထားတဲ့ မန္ေနဂ်ာမ်ားနဲ႔လုပ္ငန္းခြင္အတြင္းရွိလူမ်ားစြာက ရွင္းရွင္းလင္းလင္းနားမလည္ေသးတဲ့အယူအဆမ်ားျဖစ္ေနပါေသးတယ္။ အထူးသျဖင့္ အမ်ိဳးသမီးမ်ား၊ non-binary မ်ား၊ LGBTQ+အသိုင္းအဝိုင္းက အဖြဲ႕ဝင္မ်ားအတြက္ ဘက္လိုက္မႈရွိတဲ့ ကိုယ္ေရးကိုယ္တာေမးခြန္းမ်ားနဲ႔သူတို႔ရဲ႕ ေနထိုင္မႈပုံစံနဲ႔ပတ္သက္တဲ့ ယူဆခ်က္မ်ားနဲ႔ မၾကာခဏ ဆက္ဆံေလ့ရွိပါတယ္။ဒီခြဲျခားဆက္ဆံမႈကိုလည္း လုပ္ငန္းခြင္အတြင္းမွာ လုံးဝမလုပ္သင့္ပါဘူး။ တဦးရဲ႕ျဖစ္တည္မႈကိုတဦးက ေလးစားသင့္ပါတယ္။

လူမ်ိဳးနဲ႔ လူမ်ိဳးစု

လုပ္ငန္းခြင္အတြင္းမွာ လူမ်ိဳးမတူတာ၊ လူနည္းစုျဖစ္ေနတာေၾကာင့္၊ အသားအေရာင္ေၾကာင့္စတဲ့အခ်က္ေတြနဲ႔ ခြဲျခားဆက္ဆံၾကပါတယ္။ မတူကြဲျပားတဲ့ ဝန္ထမ္းမ်ားကို သီးျခားလိုခံစားရေစတာ၊ ဒါမွမဟုတ္ ခြဲတမ္းကိုျဖည့္ဖို႔ ရွိေနသကဲ့သို႔ ခံစားရေစႏိုင္ပါတယ္။ ဒီအခ်က္ကပဲလုပ္ငန္းခြင္အတြင္းက စည္းလုံးမႈေတြ၊ teamwork လုပ္ေဆာင္မႈေတြ၊ communication ေတြနဲ႔ယုံၾကည္မႈေတြမွာ အားနည္းေစႏိုင္ၿပိး လုပ္ငန္းခြင္အတြက္ ေကာင္းမြန္တဲ့ရလဒ္ေတြရဖို႔ခက္ခဲသြားႏိုင္ပါတယ္။

မသန္စြမ္းမႈ

မသန္စြမ္းမႈက ႐ုပ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈကေန စိတ္က်န္းမာေရးနဲ႔ အာ႐ုံေၾကာဆိုင္ရာကြဲျပားမႈမ်ားအထိ ရွိႏိုင္ပါတယ္။ အဖြဲ႕အစည္းမ်ားစြာက မတူကြဲျပားမႈမ်ားကိုထိပ္တန္းတန္ဖိုးတခုအျဖစ္ ၫႊန္းဆိုထားေပမဲ့ အမ်ားစုကေတာ့ မသန္စြမ္းအလုပ္သမားမ်ားကိုငွားရမ္းတာ၊ လုပ္ ငန္းခြင္အတြင္း ေရရွည္လုပ္ကိုင္ႏိုင္ေအာင္ ထိန္းသိမ္းတာနဲ႔ ပံ့ပိုးဖို႔အတြက္အရင္းအျမစ္မရွိၾကပါဘူး။အ႐ြယ္ေရာက္ၿပီးသူ လုပ္သားအင္ အားရဲ႕ ၂၀ရာခိုင္ႏႈန္းနီးပါးက အမ်ိဳးမ်ိဳးေသာမသန္စြမ္းမႈမ်ိဳးနဲ႔ ေနထိုင္ၾကပါတယ္။ အမ်ားစုက မျမင္ႏိုင္တဲ့ မသန္စြမ္းသူမ်ားျဖစ္ၾကပါတယ္။ဒီအမ်ိဳးအစားေလးခုကေတာ့ လုပ္ငန္းခြင္မွာယဥ္ေက်းမႈကြဲျပားမႈအမ်ိဳးအစားေတြပဲျဖစ္ပါတယ္။ ဒီအခ်က္ေတြကို ဥပေဒအရခြဲ ျခားဆက္ဆံမႈကေန အကာအကြယ္ေပးထားတဲ့ လူတဦးခ်င္းစီရဲ႕ လကၡဏာရပ္မ်ား ဒါမွမဟုတ္အဂၤါရပ္မ်ားပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*