အခုအချိန်ကနေ ဇွန်လ ၃၀ ရက်နေ့မှာ ကံကြမ္မာနဲ့ တိုးတက်မှုကို ပေးစွမ်းတဲ့ ကြာသပတေးဂြိုဟ် ဟာ သိဟ်ရာသီ ထဲကို မဝင်ရောက်ခင် ကရကဋ်ရာသီမှာ နောက်ဆုံးဖြတ်သန်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ရာသီခွင်တိုင်းက ကံကောင်းမှုတွေ ရရှိနိုင်ပေမယ့်၊ အထူးသဖြင့် အောက်ပါ ရာသီခွင် (၃) ခုကတော့ ငွေကြေးကံ အထူးကောင်းမွန်နေတာပါ။
Scorpio
ဒီနှစ်ထဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဗြိစ္ဆာတွေအတွက် အခုအချိန်ကစပြီး အရာအားလုံး ပိုမိုကောင်းမွန်လာတော့မှာပါ။ ကြာသပတေးဂြိုဟ် ကရကဋ်ရာသီမှာ ရှိနေတဲ့ ဒီနောက်ဆုံးပတ်အနည်းငယ်မှာ ငွေကြေးကံတွေ တံခါးဖွင့်ပေးနေပါပြီ။ လုပ်ငန်းခွင်မှာ ရာထူးတိုးတာ၊ လစာတိုးတာမျိုး ဖြစ်လာနိုင်သလို၊ အမွေရတာမျိုး ဒါမှမဟုတ် အခွန်ပြန်အမ်းငွေမျိုး ရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အနှစ်ချုပ်ရရင် ဒီလထဲမှာ ငွေကြေးက သင့်ဆီကို အလိုလိုရောက်လာမယ့် အချိန်မျိုးပါပဲ။
Libra
ဇွန်လ ၃၀ ရက်နေ့အထိ ကာလအတွင်းမှာ တူရာသီဖွားတွေရဲ့ ဝင်ငွေလမ်းကြောင်းက သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ အကောင်းဆုံးအချက်ကတော့ ပင်ပန်းအောင် ကြိုးစားစရာမလိုဘဲ အလုပ်တစ်ခုတည်းကိုပဲ လုပ်နေရင်းနဲ့ ပိုမိုရရှိလာမှာပါ။ တခြားသူတွေက သင့်ရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုလာကြတဲ့အတွက် ဝင်ငွေတိုးလာတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်လိုချင်တာကို အာရုံစိုက်ပြီး ဆုတောင်းတာ (Manifestation) လုပ်မယ်ဆိုရင် ပိုပြီးတော့တောင် ထိရောက်မှုရှိပါတယ်။
Taurus
ပြိဿရာသီဖွားတွေက ငွေကြေးကံကောင်းတတ်သူတွေဆိုတာ သိထားပြီးသားပါ။ ပြီးခဲ့တဲ့ (၇) နှစ်တာ ကာလအတွင်း Uranus ဂြိုဟ်ကြောင့် အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ အခုတော့ အဲဒီဂြိုဟ်က ထွက်ခွာသွားပြီ ဖြစ်တဲ့အတွက် အရင်ကနဲ့မတူတဲ့ ငွေကြေးကံဇာတာကို ခံစားရတော့မှာပါ။ လူတွေက သင့်ရဲ့ အရည်အချင်းတွေကို ပိုပြီး မြင်တွေ့လာကြမှာဖြစ်လို့ ငွေကြေးပိုင်းဆိုင်ရာမှာ အဆင့်မြှင့်တင်မှုတွေ ရရှိလာပါလိမ့်မယ်။ အထူးသဖြင့် ဇွန်လကုန်အထိက သင့်အတွက် ငွေကြေးကံအကောင်းဆုံး ကာလပါပဲ။
ကျော့ကေခိုင်
zawgyi
အခုအခ်ိန္ကေန ဇြန္လ ၃၀ ရက္ေန႔မွာ ကံၾကမၼာနဲ႔ တိုးတက္မႈကို ေပးစြမ္းတဲ့ ၾကာသပေတးၿဂိဳဟ္ ဟာ သိဟ္ရာသီ ထဲကို မဝင္ေရာက္ခင္ ကရကဋ္ရာသီမွာ ေနာက္ဆုံးျဖတ္သန္းေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ ဒီကာလအတြင္းမွာ ရာသီခြင္တိုင္းက ကံေကာင္းမႈေတြ ရရွိႏိုင္ေပမယ့္၊ အထူးသျဖင့္ ေအာက္ပါ ရာသီခြင္ (၃) ခုကေတာ့ ေငြေၾကးကံ အထူးေကာင္းမြန္ေနတာပါ။
Scorpio
ဒီႏွစ္ထဲမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ၿဗိစာၦေတြအတြက္ အခုအခ်ိန္ကစၿပီး အရာအားလုံး ပိုမိုေကာင္းမြန္လာေတာ့မွာပါ။ ၾကာသပေတးၿဂိဳဟ္ ကရကဋ္ရာသီမွာ ရွိေနတဲ့ ဒီေနာက္ဆုံးပတ္အနည္းငယ္မွာ ေငြေၾကးကံေတြ တံခါးဖြင့္ေပးေနပါၿပီ။ လုပ္ငန္းခြင္မွာ ရာထူးတိုးတာ၊ လစာတိုးတာမ်ိဳး ျဖစ္လာႏိုင္သလို၊ အေမြရတာမ်ိဳး ဒါမွမဟုတ္ အခြန္ျပန္အမ္းေငြမ်ိဳး ရတာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ အႏွစ္ခ်ဳပ္ရရင္ ဒီလထဲမွာ ေငြေၾကးက သင့္ဆီကို အလိုလိုေရာက္လာမယ့္ အခ်ိန္မ်ိဳးပါပဲ။
Libra
ဇြန္လ ၃၀ ရက္ေန႔အထိ ကာလအတြင္းမွာ တူရာသီဖြားေတြရဲ႕ ဝင္ေငြလမ္းေၾကာင္းက သိသိသာသာ တိုးတက္လာပါလိမ့္မယ္။ အေကာင္းဆုံးအခ်က္ကေတာ့ ပင္ပန္းေအာင္ ႀကိဳးစားစရာမလိုဘဲ အလုပ္တစ္ခုတည္းကိုပဲ လုပ္ေနရင္းနဲ႔ ပိုမိုရရွိလာမွာပါ။ တျခားသူေတြက သင့္ရဲ႕ လုပ္ရည္ကိုင္ရည္ကို အသိအမွတ္ျပဳလာၾကတဲ့အတြက္ ဝင္ေငြတိုးလာတာ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ သင္လိုခ်င္တာကို အာ႐ုံစိုက္ၿပီး ဆုေတာင္းတာ (Manifestation) လုပ္မယ္ဆိုရင္ ပိုၿပီးေတာ့ေတာင္ ထိေရာက္မႈရွိပါတယ္။
Taurus
ၿပိႆရာသီဖြားေတြက ေငြေၾကးကံေကာင္းတတ္သူေတြဆိုတာ သိထားၿပီးသားပါ။ ၿပီးခဲ့တဲ့ (၇) ႏွစ္တာ ကာလအတြင္း Uranus ၿဂိဳဟ္ေၾကာင့္ အခက္အခဲေတြ ႀကဳံခဲ့ရေပမဲ့ အခုေတာ့ အဲဒီၿဂိဳဟ္က ထြက္ခြာသြားၿပီ ျဖစ္တဲ့အတြက္ အရင္ကနဲ႔မတူတဲ့ ေငြေၾကးကံဇာတာကို ခံစားရေတာ့မွာပါ။ လူေတြက သင့္ရဲ႕ အရည္အခ်င္းေတြကို ပိုၿပီး ျမင္ေတြ႕လာၾကမွာျဖစ္လို႔ ေငြေၾကးပိုင္းဆိုင္ရာမွာ အဆင့္ျမႇင့္တင္မႈေတြ ရရွိလာပါလိမ့္မယ္။ အထူးသျဖင့္ ဇြန္လကုန္အထိက သင့္အတြက္ ေငြေၾကးကံအေကာင္းဆုံး ကာလပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply