ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၁)

Positive Affirmation ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူတွေအတွက်အရင်ဆုံးပြောပြချင်ပါတယ်။ Positive Affirmation ဆိုတာ အပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းပါပဲ။ ဘယ်သူ့ကိုလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေးကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation ပါပဲ။

ကောင်းမွန်တဲ့ ဘဝအပြောင်းအလဲအတွက် ဒီအချက်လေးတွေကို ရွတ်ဆိုကြည့်ပါ။ကောင်းမွန်တဲ့ စကားလုံးတွေ၊ ကောင်းမွန်တဲ့အတွေးတွေက ကိုယ့်ကိုရောင်ပြန်ဟပ်ပါတယ်။အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ကတိပြုချက်တွေက ပိုမိုကောင်းမွန်တဲ့အစပြုခြင်းတွေကို
ပုံဖော်ပေးနိုင်ပါတယ်။တကယ်လို့သင်က အပြုသဘောဆောင်တဲ့ ကတိပြုမှုတွေကို စတင်လုပ်ဆောင်ဖို့အဆင်သင့်ပဲဆိုရင် သင့်ရဲ့အဆိုးမြင်မှုတွေးခေါ်မှုပုံစံတွေကို ပြောင်းလဲပြီးဒီမက်ဆေ့ချ်လေးတွေကို အသုံးပြုပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတရပ်ကိုဖော်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ငါ့ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်တယ်

ဒီစကားကိုနှုတ်ကနေ ရွတ်ဆိုတာရဲ့အကျိုးကျေးဇူးကတော့ အရင်က ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်နေတာတွေ၊ ယုံကြည်မှုကင်းမဲ့နေတာတွေအတွက် အထောက်အကူဖြစ်စေပါတယ်။အဆိုးမြင်စိတ်တွေက ကိုယ့်ဘဝကိုအဆိုးတွေပဲပေးနိုင်ပြီး အကောင်းမြင်စိတ်တွေ၊ယုံ ကြည်မှုတွေကတော့ ကိုယ့်ကိုပိုကောင်းတဲ့ဘဝကိုပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်မဝံ့မရဲဖြစ်နေရင်၊ ကိုယ့်အရည်အချင်းကို သံသယဖြစ်နေရင် ဒါလေးနေ့စဉ်ရွတ်ဆိုကြည့်ပေးပါ။

ငါဟာ မှန်ကန်တဲ့ နေရာမှာ၊ မှန်ကန်တဲ့အရာကို လုပ်နေတယ်

ဒီစကားလေးကတော့ Positive Affirmation ရွတ်ဆိုတဲ့အခါမှာ သင့်ကိုယုံကြည်မှုတိုးစေပြီးတော့ကိုယ့်ရဲ့နေရာ၊ ကိုယ်လုပ်နေတဲ့ အရာအပေါ်မှာလည်း ထိုက်တန်တယ်လို့ယုံကြည်လာမှာဖြစ်ပါတယ်။ တခါတလေနှိုင်းယှဉ်မှုတွေခံစားရတဲ့အခါမှာဒါလေးရွတ်ဆိုကြည့်သင့်ပါတယ်။ ဒါကိုနေ့စဉ်ရွတ်ဆိုတာက ကိုယ့်ရဲ့ဘဝမှာလူမှုရေးဆိုင်ရာမျှော်လင့်ချက်တွေနဲ့ နှိုင်းယှဉ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာအ ထောက်အကူဖြစ်စေနိုင်ပါတယ်။

ခက်ခဲတဲ့အရာတွေကို ငါလုပ်နိုင်တယ်

ဒီ Positive Affirmation ကတော့ ပြဿနာတစ်ခု ဒါမှမဟုတ် စိန်ခေါ်မှုတစ်ခုကြောင့်ပင်ပန်းနွမ်းနယ်နေချိန်မှာ နေ့စဉ်ရွတ်ဆိုပေးသင့်ပါတယ်။ ဒါကကိုယ့်ကိုယ်ကိုယ်ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုခြင်းပါပဲ။

MYit

zawgyi

Positive Affirmation ဆိုတာ ဘာလဲဆိုတာကို မသိေသးတဲ့သူေတြအတြက္အရင္ဆုံးေျပာျပခ်င္ပါတယ္။ Positive Affirmation ဆိုတာ အျပဳသေဘာေဆာင္တဲ့ကတိသစၥာျပဳျခင္းပါပဲ။ ဘယ္သူ႔ကိုလဲဆိုရင္ ကိုယ့္ကိုယ္ကိုယ္ပါ။ ဒီအျပဳသေဘာေဆာင္တဲ့ကတိသစၥာျပဳျခင္းကေန စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈနဲ႔ ေကာင္းမြန္တဲ့အျပဳသေဘာေဆာင္တဲ့ကိုယ္ေရးကိုယ္တာအေျခအေနေတြကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ကိုယ္ကအဆိုးျမင္တတ္တဲ့သူတေယာက္ဆိုရင္ ဒီအခ်က္ေလးေတြ ေျပာင္းလဲၿပီးလုပ္ၾကည့္ပါ။အက်ိဳးရွိလာပါလိမ့္မယ္။ ဒီလိုကတိသစၥာျပဳတာက ႏႈတ္ကေန ႐ြတ္ဆိုရတာပါ။ ကိုယ္ျဖစ္ခ်င္တဲ့ေကာင္းမြန္တဲ့ဆႏၵေလးေတြကို ႏႈတ္ကေန႐ြတ္ဆိုတာက Positive Affirmation ပါပဲ။

ေကာင္းမြန္တဲ့ ဘဝအေျပာင္းအလဲအတြက္ ဒီအခ်က္ေလးေတြကို ႐ြတ္ဆိုၾကည့္ပါ။ေကာင္းမြန္တဲ့ စကားလုံးေတြ၊ ေကာင္းမြန္တဲ့အေတြးေတြက ကိုယ့္ကိုေရာင္ျပန္ဟပ္ပါတယ္။အျပဳသေဘာေဆာင္တဲ့ ေကာင္းမြန္တဲ့ ကတိျပဳခ်က္ေတြက ပိုမိုေကာင္းမြန္တဲ့အစျပဳျခင္းေတြကို
ပုံေဖာ္ေပးႏိုင္ပါတယ္။တကယ္လို႔သင္က အျပဳသေဘာေဆာင္တဲ့ ကတိျပဳမႈေတြကို စတင္လုပ္ေဆာင္ဖို႔အဆင္သင့္ပဲဆိုရင္ သင့္ရဲ႕အဆိုးျမင္မႈေတြးေခၚမႈပုံစံေတြကို ေျပာင္းလဲၿပီးဒီမက္ေဆ့ခ်္ေလးေတြကို အသုံးျပဳၿပီး ေကာင္းမြန္တဲ့ အေျပာင္းအလဲတရပ္ကိုေဖာ္ေဆာင္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

ငါ့ရဲ႕စြမ္းေဆာင္ရည္ကိုယုံၾကည္တယ္

ဒီစကားကိုႏႈတ္ကေန ႐ြတ္ဆိုတာရဲ႕အက်ိဳးေက်းဇူးကေတာ့ အရင္က ကိုယ့္ကိုယ္ကိုယ္သံသယျဖစ္ေနတာေတြ၊ ယုံၾကည္မႈကင္းမဲ့ေနတာေတြအတြက္ အေထာက္အကူျဖစ္ေစပါတယ္။အဆိုးျမင္စိတ္ေတြက ကိုယ့္ဘဝကိုအဆိုးေတြပဲေပးႏိုင္ၿပီး အေကာင္းျမင္စိတ္ေတြ၊ယုံ ၾကည္မႈေတြကေတာ့ ကိုယ့္ကိုပိုေကာင္းတဲ့ဘဝကိုေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္မဝံ့မရဲျဖစ္ေနရင္၊ ကိုယ့္အရည္အခ်င္းကို သံသယျဖစ္ေနရင္ ဒါေလးေန႔စဥ္႐ြတ္ဆိုၾကည့္ေပးပါ။

ငါဟာ မွန္ကန္တဲ့ ေနရာမွာ၊ မွန္ကန္တဲ့အရာကို လုပ္ေနတယ္

ဒီစကားေလးကေတာ့ Positive Affirmation ႐ြတ္ဆိုတဲ့အခါမွာ သင့္ကိုယုံၾကည္မႈတိုးေစၿပီးေတာ့ကိုယ့္ရဲ႕ေနရာ၊ ကိုယ္လုပ္ေနတဲ့ အရာအေပၚမွာလည္း ထိုက္တန္တယ္လို႔ယုံၾကည္လာမွာျဖစ္ပါတယ္။ တခါတေလႏႈိင္းယွဥ္မႈေတြခံစားရတဲ့အခါမွာဒါေလး႐ြတ္ဆိုၾကည့္သင့္ပါတယ္။ ဒါကိုေန႔စဥ္႐ြတ္ဆိုတာက ကိုယ့္ရဲ႕ဘဝမွာလူမႈေရးဆိုင္ရာေမွ်ာ္လင့္ခ်က္ေတြနဲ႔ ႏႈိင္းယွဥ္မႈေတြကို ကိုင္တြယ္ေျဖရွင္းရာမွာအ ေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

ခက္ခဲတဲ့အရာေတြကို ငါလုပ္ႏိုင္တယ္

ဒီ Positive Affirmation ကေတာ့ ျပႆနာတစ္ခု ဒါမွမဟုတ္ စိန္ေခၚမႈတစ္ခုေၾကာင့္ပင္ပန္းႏြမ္းနယ္ေနခ်ိန္မွာ ေန႔စဥ္႐ြတ္ဆိုေပးသင့္ပါတယ္။ ဒါကကိုယ့္ကိုယ္ကိုယ္ေကာင္းမြန္တဲ့အျပဳသေဘာေဆာင္တဲ့ ကတိသစၥာျပဳျခင္းပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*