လစာတိုးစေဖို့အာမခံနိုင်တဲ့နည်းလမ်း ၅ ခု

ဘဝမှာ ကိုယ်လိုချင်တာဘာလဲဆိုတာကိုသိလာခဲ့ရင် ဘယ်လိုရယူနိုင်မလဲဆိုတာကိုစဉ်းစားရုံပါပဲ။လစာတိုးဖို့ကိစ္စမှာ ကိုယ့်ကိုသူဌေးကသတိထားမိလာစေပြီးကိုယ့်ရဲ့ကြိုးစားမှုကိုလည်းသူမြင်တတ်လာစေဖို့လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့် ငါတော့လစာတိုးတောင်းသင့်ပြီလို့ယူဆမိတယ်ဆိုရင် အခုဖော်ပြမယ့်အချက် ၅ ချက်ကိုအရင်လုပ်ဆောင်ကြည့်သင့်ပါတယ်။

၁. ပထမဆုံးသိသင့်တာက ABC ပါ
A ဆိုတာက Achievement ဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ကောင်းမွန်တဲ့ Performance ၊ကုမ္ပဏီအတွက်ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲဆိုတာကိုဖော်ပြပါ။ B ဆိုတာက Brand ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုယ့်ကုမ္ပဏီကိုတွဲသိပြီလား။ ကိုယ့်ကုမ္ပဏီအတွက်ကိုယ်ဟာပြယုဂ်ကောင်းတစ်ခုဖြစ်နေပြီလားဆိုတဲ့အချက်ပါ။ C ကတော့ Campaign ဖြစ်ပါတယ်။ အလုပ်မှာတတ်နိုင်သမျှကူညီပံ့ပိုးပေးပါ။ လုပ်ဖော် ကိုင်ဖက်တွေကကိုယ့်ကိုလစာတိုးပေးသင့်ပြီလို့ထင်လာခဲ့ရင် သူဌေးကလည်းအဲဒီလိုပဲယူဆလာမှာဖြစ်ပါတယ်။

၂. အနာဂတ်ကိုမျှော်ကြည့်ပါ
လက်ရှိအချိန်ထိ ဘာတွေလုပ်ခဲ့ပြီးပြီဆိုတာကိုဖော်ပြပြီးတဲ့အခါအနာဂတ်အတွက်ကိုယ်ဟာအရေးပါသူဖြစ်နေဦးမယ်ဆိုတာကို သိစေဖို့လိုပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ကိုယ်ပိုင် Career Development အတွက်လုပ်ဆောင်ရင်းကုမ္ပဏီကိုပါတိုးတက်လာစေရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာအလုပ်လုပ်ရင်းကိုယ့်ကိုဘာတွေရရှိသွားစေတယ်၊ ကုမ္ပဏီအတွက်လည်းဘာတွေပိုကောင်းသွားတယ်ဆိုတာကိုပြောတတ်ဖို့လိုပါတယ်။ မိမိနဲ့ကုမ္ပဏီပူးပေါင်းခြင်းရဲ့ကောင်းမွန်တဲ့ရလဒ်တွေကို စဉ်းစားပြောဆိုပေးပါ။ကိုယ့်ကိုယ်ကိုယ်လည်းတိုးတက်အောင် အမြဲလေ့လာသင်ယူနေရမှာဖြစ်ပါတယ်။

၃. ကြိုတင်ပြင်ဆင်ပါ
ကုမ္ပဏီအတွက်ကိုယ်ဘာတွေလုပ်ဆောင်ပေးခဲ့နိုင်ပြီလဲ၊ ကိုယ့်ကြောင့်ရသွားတဲ့ကြီးမားတဲ့ရလဒ်တွေကဘာတွေလဲဆိုတာ Note ပေါ်သေသေချာချာချရေးပြီးမှတ်သားထားပါ။လစာတိုးတောင်းဖို့စာနဲ့တင်ပြတာ၊ အီးမေးလ်ပို့တာမျိုးဆိုရင်ဒီရလဒ်တွေကိုမဖြစ်မနေထည့်ရေးဖို့လိုအပ်ပါတယ်။

၄. အိမ်စာလုပ်ပါ
ကုမ္ပဏီကတိုးပေးလေ့ရှိတဲ့ ငွေပမာဏကိုကြိုတင်လေ့လာထားသင့်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာကုမ္ပဏီအနေနဲ့ဝန်ထမ်းလစာကို ၅ ရာခိုင်နှုန်းပဲတိုးပေးလေ့ရှိတယ်ဆိုရင် ကိုယ်က ၂၅ ရာခိုင်နှုန်းသွားတောင်းရင်အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကုမ္ပဏီအတွက်ငါလုပ်ခဲ့တာတွေ၊လုပ်ပေးနိုင်တာတွေက အဲလောက်ထိတိုးတောင်းဖို့တန်ရဲ့လား၊ကုမ္ပဏီရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ကိုယ့်စိတ်ထဲကမျှတတယ်လို့ထင်မိတဲ့အနေအထားကိုပဲ တောင်းဆိုသင့်ပါတယ်။

၅. ယုံကြည်မှုူရှိပါ
ကိုယ်တကယ်လစာမတိုးသေးပေမယ့် လစာတိုးလာရင်ဖြစ်ပေါ်လာမယ့် ပျော်စရာကောင်းတဲ့ပုံရိပ်တွေကိုကြိုတင်မြင်ယောင်ထားသင့်ပါတယ်။ ကိုယ့်အနေနဲ့ပြင်ဆင်သင့်တာအားလုံးပြင်ဆင်ပြီးပြီဆိုရင်ဒီလိုစိတ်ကူးယဉ်ကြည့်ဖို့ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ရော၊ကိုယ့်သူဌေးကရော သင်ဟာလစာတိုးဖို့ထိုက်တန်တဲ့လူဆိုတာသိထားပြီးပြီမို့ဖြစ်ပါတယ်။ဒီအချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ ယုံကြည်မှုရှိရှိပဲ လစာတိုးဖို့ပြောဆိုလိုက်ပါ။

Ju Ju

zawgyi




၃. ကြိုတင်ပြင်ဆင်ပါ

၎. အိမ်စာလုပ်ပါ

၅. ယုံကြည်မှုရှိပါ

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*