Green Job အလုပ်နဲ့ အနာဂတ်

Green Job ဆိုတာဘာလဲဆိုတာကို အရင်ဆုံးရှင်းပြချင်ပါတယ်။ Green Jobဆိုတာသဘာဝပတ်ဝန်းကျင်ရဲ့ အရည်အသွေးကိုထိန်းသိမ်းဖို့ ဒါမှမဟုတ် ပြန်လည်ထူထောင်ဖို့အတွက်အာရုံစိုက်ရတဲ့အလုပ်အကိုင်များဖြစ်ပါတယ်။ သဘာဝအရင်းအမြစ်များအသုံးပြုမှုလျှော့ချတဲ့ကုန်ပစ္စည်းတွေဖန်တီးတာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးတဲ့ ရာထူးအလုပ်အကိုင်များအဖြစ်ခွဲခြားထားပါတယ်။ သဘာဝအရင်းအမြစ်များကို နည်းပါးစွာအသုံးပြုတာ၊ကုမ္ပဏီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပိုမိုသဟဇာတဖြစ်စေရန် ကူညီပေးတဲ့တာဝန်များပါ၀င်တာက Green Job အဖြစ်သတ်မှတ်ထားပါတယ်။

Green Job အလုပ်တွေက ကမ္ဘာတစ်ဝှမ်းမှာ တိုးတက်မှုအမြန်ဆုံးတွေထဲက တခုဖြစ်ပါတယ်။ Green Job က ဥရောပစီးပွားရေးမှာ အလျင်မြန်ဆုံးနဲ့ အကြံ့ခိုင်ဆုံး တိုးတက်မှုများထဲကတခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဆိုလာစွမ်းအင်က ဆယ်စုနှစ်မကုန်မီ ဥရောပရဲ့အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်လာဖို့ သတ်မှတ်ထားကြပါတယ်။ ၂၀၅၀ခုနှစ်မှာ ဥရောပတဝှမ်းမှာ Green Job အလုပ်အကိုင်ပေါင်း ၄သန်းအထိ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။အမေရိကန်မှာတော့ Green Job အလုပ်အကိုင်တွေ ၂၄သန်းအထိ တိုးလာဖွယ်ရှိပြီး ၂၀၃၀ မှာအမေရိကန်ရဲ့အလုပ်အကိုင်စုစုပေါင်းရဲ့ ၁၄ရာခိုင်နှုန်းဖြစ်မှာဖြစ်ပါတယ်။အဆောက်အအုံများမှာ စွမ်းအင်ထိရောက်မှုကိုမြှင့်တင်ဖို့နဲ့ စားသုံးတဲ့ရုပ်ကြွင်းလောင်စာပမာဏကိုလျှော့ချဖို့အတွက် ဥရောပသမဂ္ဂရဲ့ တွန်းအားပေးမှုက ၂၀၃၀ မှာစွမ်းအင်နဲ့ အပူပေးကဏ္ဍတစ်ခုတည်းမှာ အလုပ်အကိုင်ပေါင်း တသိန်းခြောက်သောင်းကျော်ကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကျွမ်းကျင်မှုလိုအပ်ချက်တွေကိုဘယ်သူကဖြည့်ပေးမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

စွမ်းအင်အရင်းအမြစ်အသစ်များတဲ့ ဇီဝစွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲအသုံးပြုနိုင်တဲ့အရင်းအမြစ်အသစ်များ၊ ဆန်းသစ်တီထွင်သောနည်းပညာများနဲ့အရေးကြီးတဲ့သတ္တုဓာတ်များလို supply chain အရင်းအမြစ်များအတွက် အလုပ်အကိုင်ပေါင်း၃ဒသမ ၃ သန်း (စုစုပေါင်းရဲ့ ၂၅ရာခိုင်နှုန်း) ကို ဖန်တီးနိုင်ဖွယ်ရှိပါတယ်။ တဖက်မှာလည်းရုပ်ကြွင်းလောင်စာဆိုင်ရာ အလုပ်အကိုင်းပေါင်း ၂ဒသမ ၇သန်းခန့် ဆုံးရှုံးဖွယ်ရှိနေပါတယ်။လက်ရှိ စွမ်းအင်ကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့အခါ Green Jobများက ကမ္ဘာတစ်ဝှမ်းမှာအလျင်မြန်ဆုံး ကြီးထွားလာနေပါတယ်။ဒီအသွင်းပြောင်းမှုနဲ့ ဆက်စပ်ပြီး မကြုံစဖူး စိန်ခေါ်မှုတွေနဲ့ စွမ်းအင်အကူးအပြောင်းကိုအရှိန်မြှင့်ဖို့ လိုအပ်ပြီး ဒီကကဏ္ဍများအတွက်ကျွမ်းကျင်တဲ့လုပ်သားရင်းမြစ်လိုအပ်ချက်ကလည်း စိန်ခေါ်မှုဖြစ်နေပါတယ်။ဒီအစိမ်းရောင်စီးပွားရေးပါရာဒိုင်းအသစ်က ပရော်ဖက်ရှင်နယ်လုပ်ငန်းတာဝန်များစဉ်ဆက်မပြတ် ဆင့်ကဲဖြစ်စဉ်အတွက် မှန်ကန်စွာ အစီအစဥ်ပြုလုပ်ဖို့ တုနှိုင်းမမီနိုင်တဲ့
အလားအလာများကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

MYit

zawgyi

Green Job ဆိုတာဘာလဲဆိုတာကို အရင္ဆုံးရွင္းျပခ်င္ပါတယ္။ Green Jobဆိုတာသဘာဝပတ္ဝန္းက်င္ရဲ႕ အရည္အေသြးကိုထိန္းသိမ္းဖို႔ ဒါမွမဟုတ္ ျပန္လည္ထူေထာင္ဖို႔အတြက္အာ႐ုံစိုက္ရတဲ့အလုပ္အကိုင္မ်ားျဖစ္ပါတယ္။ သဘာဝအရင္းအျမစ္မ်ားအသုံးျပဳမႈေလွ်ာ့ခ်တဲ့ကုန္ပစၥည္းေတြဖန္တီးတာ ဒါမွမဟုတ္ ဝန္ေဆာင္မႈေပးတဲ့ ရာထူးအလုပ္အကိုင္မ်ားအျဖစ္ခြဲျခားထားပါတယ္။ သဘာဝအရင္းအျမစ္မ်ားကို နည္းပါးစြာအသုံးျပဳတာ၊ကုမၸဏီရဲ႕ထုတ္လုပ္မႈလုပ္ငန္းစဥ္မ်ားကို ပိုမိုသဟဇာတျဖစ္ေစရန္ ကူညီေပးတဲ့တာဝန္မ်ားပါ၀င္တာက Green Job အျဖစ္သတ္မွတ္ထားပါတယ္။

Green Job အလုပ္ေတြက ကမာၻတစ္ဝွမ္းမွာ တိုးတက္မႈအျမန္ဆုံးေတြထဲက တခုျဖစ္ပါတယ္။ Green Job က ဥေရာပစီးပြားေရးမွာ အလ်င္ျမန္ဆုံးနဲ႔ အႀကံ့ခိုင္ဆုံး တိုးတက္မႈမ်ားထဲကတခုျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ဆိုလာစြမ္းအင္က ဆယ္စုႏွစ္မကုန္မီ ဥေရာပရဲ႕အဓိက စြမ္းအင္အရင္းအျမစ္ျဖစ္လာဖို႔ သတ္မွတ္ထားၾကပါတယ္။ ၂၀၅၀ခုႏွစ္မွာ ဥေရာပတဝွမ္းမွာ Green Job အလုပ္အကိုင္ေပါင္း ၄သန္းအထိ ဖန္တီးေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။အေမရိကန္မွာေတာ့ Green Job အလုပ္အကိုင္ေတြ ၂၄သန္းအထိ တိုးလာဖြယ္ရွိၿပီး ၂၀၃၀ မွာအေမရိကန္ရဲ႕အလုပ္အကိုင္စုစုေပါင္းရဲ႕ ၁၄ရာခိုင္ႏႈန္းျဖစ္မွာျဖစ္ပါတယ္။အေဆာက္အအုံမ်ားမွာ စြမ္းအင္ထိေရာက္မႈကိုျမႇင့္တင္ဖို႔နဲ႔ စားသုံးတဲ့႐ုပ္ႂကြင္းေလာင္စာပမာဏကိုေလွ်ာ့ခ်ဖို႔အတြက္ ဥေရာပသမဂၢရဲ႕ တြန္းအားေပးမႈက ၂၀၃၀ မွာစြမ္းအင္နဲ႔ အပူေပးက႑တစ္ခုတည္းမွာ အလုပ္အကိုင္ေပါင္း တသိန္းေျခာက္ေသာင္းေက်ာ္ကိုဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီကြၽမ္းက်င္မႈလိုအပ္ခ်က္ေတြကိုဘယ္သူကျဖည့္ေပးမလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

စြမ္းအင္အရင္းအျမစ္အသစ္မ်ားတဲ့ ဇီဝစြမ္းအင္နဲ႔ ျပန္လည္ျပည့္ၿဖိဳးၿမဲအသုံးျပဳႏိုင္တဲ့အရင္းအျမစ္အသစ္မ်ား၊ ဆန္းသစ္တီထြင္ေသာနည္းပညာမ်ားနဲ႔အေရးႀကီးတဲ့သတၱဳဓာတ္မ်ားလို supply chain အရင္းအျမစ္မ်ားအတြက္ အလုပ္အကိုင္ေပါင္း၃ဒသမ ၃ သန္း (စုစုေပါင္းရဲ႕ ၂၅ရာခိုင္ႏႈန္း) ကို ဖန္တီးႏိုင္ဖြယ္ရွိပါတယ္။ တဖက္မွာလည္း႐ုပ္ႂကြင္းေလာင္စာဆိုင္ရာ အလုပ္အကိုင္းေပါင္း ၂ဒသမ ၇သန္းခန႔္ ဆုံးရႈံးဖြယ္ရွိေနပါတယ္။လက္ရွိ စြမ္းအင္က႑ကို ထည့္သြင္းစဥ္းစားတဲ့အခါ Green Jobမ်ားက ကမာၻတစ္ဝွမ္းမွာအလ်င္ျမန္ဆုံး ႀကီးထြားလာေနပါတယ္။ဒီအသြင္းေျပာင္းမႈနဲ႔ ဆက္စပ္ၿပီး မႀကဳံစဖူး စိန္ေခၚမႈေတြနဲ႔ စြမ္းအင္အကူးအေျပာင္းကိုအရွိန္ျမႇင့္ဖို႔ လိုအပ္ၿပီး ဒီကက႑မ်ားအတြက္ကြၽမ္းက်င္တဲ့လုပ္သားရင္းျမစ္လိုအပ္ခ်က္ကလည္း စိန္ေခၚမႈျဖစ္ေနပါတယ္။ဒီအစိမ္းေရာင္စီးပြားေရးပါရာဒိုင္းအသစ္က ပေရာ္ဖက္ရွင္နယ္လုပ္ငန္းတာဝန္မ်ားစဥ္ဆက္မျပတ္ ဆင့္ကဲျဖစ္စဥ္အတြက္ မွန္ကန္စြာ အစီအစဥ္ျပဳလုပ္ဖို႔ တုႏႈိင္းမမီႏိုင္တဲ့
အလားအလာမ်ားကို ေဆာင္က်ဥ္းေပးႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*