အိမ်ထောင်သုံးကြိမ်ကွဲထားတဲ့လူအဖြစ် သရုပ်ဆောင်ဦးမယ့် Lee Dong Wook

မင်းသား Lee Dong Wook ကတော့ ဒရာမာအသစ်တခုမှာ ပါဝင်ပြီး သရုပ်ဆောင်လာမယ်လို့သတင်းတွေထွက်လာနေပါတယ်။ဇွန်လ ၄ရက်နေ့မှာ မင်းသားက ဒရာမာအသစ် “Divorce Insurance” မှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းချက်များ လက်ခံရရှိထားတယ်လို့သတင်းတွေထွက်လာပါတယ်။မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ KINGKONG ကတော့ မင်းသားက ဒရာမာအသစ်ဖြစ်တဲ့ “Divorce
Insurance” မှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းမှုကိုလောလောဆယ်ပြန်လည်သုံးသပ်နေတယ်လို့ တုံ့ပြန်ထားပါတယ်။ဒီဇာတ် ကား အာမခံကုမ္ပဏီတခုရဲ့ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့အမျိုးသားတဦးနဲ့ ကွာရှင်းပြတ်ဆဲမှုဆိုင်ရာ အာမခံအစီအစဉ်တွေကို ပုံဖော်ရိုက်ကူးမယ့်ဇာတ်လမ်းဖြစ်ပါတယ်။

ဒီဇာတ်ကားကို Killing Romance ဟာသဇာတ်ကားရဲ့ ဒါရိုက်တာLee Won Suk ကထုတ်လုပ်ရေးတာဝန်ယူမှာဖြစ်ပါတယ်။မင်းသားက နာမည်ကြီးနိုင်ငံရပ်ခြားတက္ကသိုလ်ကနေ ဘွဲ့ရရှိထားပေမဲ့ အိမ်ထောင်သုံးကြိမ်တိုင်တိုင်ကွဲထားပြီး အောင်မြင်နေတဲ့ ထိပ်တန်းအာမခံလုပ်ငန်းလုပ်ကိုင်သူ Noh Ki Joon အဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ဒီဒရာမာအတွက် ထုတ်လွှင့်မယ့်အချိန်ဇယားကို မဆုံးဖြတ်ရသေးဘူးလို့ tvN ကနေသိရပါတယ်။မင်းသား Lee Dong Wook က “Tale of the Nine-tailed 1938” ဒရာမာစီးရီးနဲ့ “A Shop for Killers” ၊ “Single in Seoul” ဇာတ်ကားများအပါအဝင် စတဲ့ပရောဂျက်များစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

MYit

zawgyi

မင္းသား Lee Dong Wook ကေတာ့ ဒရာမာအသစ္တခုမွာ ပါဝင္ၿပီး သ႐ုပ္ေဆာင္လာမယ္လို႔သတင္းေတြထြက္လာေနပါတယ္။ဇြန္လ ၄ရက္ေန႔မွာ မင္းသားက ဒရာမာအသစ္ “Divorce Insurance” မွာပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခ်က္မ်ား လက္ခံရရွိထားတယ္လို႔သတင္းေတြထြက္လာပါတယ္။မင္းသားရဲ႕ေအဂ်င္စီျဖစ္တဲ့ KINGKONG ကေတာ့ မင္းသားက ဒရာမာအသစ္ျဖစ္တဲ့ “Divorce
Insurance” မွာပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းမႈကိုေလာေလာဆယ္ျပန္လည္သုံးသပ္ေနတယ္လို႔ တုံ႔ျပန္ထားပါတယ္။ဒီဇာတ္ ကား အာမခံကုမၸဏီတခုရဲ႕ ထုတ္ကုန္ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕မွာ အလုပ္လုပ္ေနတဲ့အမ်ိဳးသားတဦးနဲ႔ ကြာရွင္းျပတ္ဆဲမႈဆိုင္ရာ အာမခံအစီအစဥ္ေတြကို ပုံေဖာ္႐ိုက္ကူးမယ့္ဇာတ္လမ္းျဖစ္ပါတယ္။

ဒီဇာတ္ကားကို Killing Romance ဟာသဇာတ္ကားရဲ႕ ဒါ႐ိုက္တာLee Won Suk ကထုတ္လုပ္ေရးတာဝန္ယူမွာျဖစ္ပါတယ္။မင္းသားက နာမည္ႀကီးႏိုင္ငံရပ္ျခားတကၠသိုလ္ကေန ဘြဲ႕ရရွိထားေပမဲ့ အိမ္ေထာင္သုံးႀကိမ္တိုင္တိုင္ကြဲထားၿပီး ေအာင္ျမင္ေနတဲ့ ထိပ္တန္းအာမခံလုပ္ငန္းလုပ္ကိုင္သူ Noh Ki Joon အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံထားရပါတယ္။ဒီဒရာမာအတြက္ ထုတ္လႊင့္မယ့္အခ်ိန္ဇယားကို မဆုံးျဖတ္ရေသးဘူးလို႔ tvN ကေနသိရပါတယ္။မင္းသား Lee Dong Wook က “Tale of the Nine-tailed 1938” ဒရာမာစီးရီးနဲ႔ “A Shop for Killers” ၊ “Single in Seoul” ဇာတ္ကားမ်ားအပါအဝင္ စတဲ့ပေရာဂ်က္မ်ားစြာတြင္ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*