ဘဝကိုအလဟဿဖြုန်းတီးမိနေပြီဆိုတာ သိနိုင်တဲ့လက္ခဏာများ

လူ့ဘဝဆိုတာတိုတိုလေးလို့လူကြီးတွေကပြောလေ့ရှိပေမယ့် ငယ်ရွယ်နုပျိုတုန်းလူငယ်တွေကတော့ဘဝဆိုတာအရှည်ကြီးပါ၊ အချိန်အကြာကြီးဖြတ်သန်းရဦးမှာလို့ တွေးထင်ကြပါတယ်။လူငယ်ဘဝနဲ့နုပျိုတဲ့အသက်အရွယ်ဆိုတာ အကန့်အသတ်ရှိတာမို့ အချိန်တွေကိုအ ဓိပ္ပါယ်မဲ့မဖြုန်းတီးဖို့လူကြီးတွေကမှာလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း ငယ်ရွယ်သူတွေဆိုတာငါတို့မှာအချိန်တွေအများကြီးကျန်ပါသေးတယ်လို့ တွေးထင်တတ်ကြတာသဘာဝပါ။အခုဖော်ပြပေးမှာကတော့ ကိုယ့်ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းမိနေပြီလား၊အချိန်တွေကိုဖြုန်း တီးမိနေပြီလားဆိုတာကိုဖော်ပြနေတဲ့ လက္ခဏာရပ်တွေပါပဲ။ဒီအထဲကတချို့သောအချက်တွေကို ကိုယ်ကထိန်းချုပ်နိုင်သေးတယ်ဆိုရင် ပြဿနာမရှိပေမယ့်တော်တော်များများက အကျင့်တစ်ခုလိုဖြစ်နေပြီဆိုရင် တစ်ခုချင်းစီကိုစပြီးပြင်ဆင်ကြည့်ဖို့လိုအပ်နေပါပြီ။

– ပထမဆုံးအချက်ကတော့ ကိုယ့်ကျန်းမာရေးကိုပစ်ထားမိခြင်းပါပဲ။ ကျန်းမာရေးထိခိုက်လိမ့်မယ်ဆိုတဲ့စိုးရိမ်စိတ်လုံးဝမရှိဘဲ လုပ်ချင်တာလုပ်နေမိပြီဆိုရင် ဒါကသတိထားရမယ့်လက္ခဏာတစ်ရပ်ပါ။ကျန်းမာရေးဆိုတာ ကိုယ့်ဘဝမှာဖြစ်ချင်တာတွေဖြစ်လာဖို့အတွက်အဓိ ကလုပ်ဆောင်ပေးနိုင်တဲ့အရာပါ။ဒါကြောင့် နောက်ကျသွားပြီဆိုတဲ့အခြေအနေထိမရောက်အောင် ထိန်းသိမ်းဖို့လိုပါတယ်။

– မူးယစ်ဆေးနဲ့အရက်ကို လွယ်လွယ်လေးသုံးနေမိတယ်၊ ဒီအရာတွေနဲ့မှပဲစိတ်ပျော်ရွှင်တယ်လို့ထင်လာမိပြီဆိုရင် ဒါကမြန်မြန်လေးရုန်းထွက်ရမယ့်အခြေအနေပါ။ ဒီအရာတွေအပေါ်မှာ ကိုယ်က Control လုပ်နိုင်တယ်ဆိုရင်တော့ပြဿနာမရှိပေမယ့် စိတ်ကိုလွှတ်ထားမိတယ်ဆိုရင်တော့သတိပြန်ကပ်ဖို့လိုနေပါပြီ။

– ‘နောက်မှ’ ဆိုတဲ့ စကားကိုတွင်တွင်သုံးမိနေခြင်းကလည်းအချိန်ကိုတန်ဖိုးမထားနိုင်တဲ့လက္ခဏာတစ်ရပ်ပါ။ ဘာကိုပဲဖြစ်ဖြစ် နောက်မှဆိုတဲ့စကားလုံးနဲ့အေးအေးဆေးဆေးရွှေ့မိနေပြီဆိုရင် ဒီအချက်ကိုပြင်ဆင်ဖို့ကြိုးစားကြည့်ပါ။ ကိုယ်လုပ်ရမယ့်ကိစ္စ ၅ ခုမှာ ၂ ခုလောက်ကိုချက်ချင်းလုပ်နိုင်အောင် ပြောင်းလဲပြင်ဆင်ကြည့်ပါ။

– နေ့တိုင်း သူငယ်ချင်းတစ်ယောက်မဟုတ်တစ်ယောက်နဲ့ အတင်းပြောရမှကျေနပ်မိနေသလား၊စားဝင်အိပ်ပျော်ဖြစ်သလားဆိုတဲ့အချက်ကလည်း စဉ်းစားရမယ့်အချက်တစ်ခုပါ။ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ကြိုးစားနေသူတိုင်း အလုပ်များနေသူတိုင်းက နေ့စဉ် ဒါမှမဟုတ်မကြာမကြာသူများအတင်းကိုပြောဖို့အချိန်မရှိကြပါဘူး။

– ဒေါသကိုမထိန်းနိုင်တာ၊ အလွယ်တကူဒေါသထွက်လေ့ရှိတာကလည်းတန်ဖိုးရှိတဲ့ဘဝကိုဖြုန်းတီးမိနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒေါသထွက်ရတာဟာ ကိုယ့်ရဲ့ Energy တွေကိုကုန်ခမ်းစေပြီး အမှားတွေ၊ စိတ်ပျက်စရာရလဒ်တွေကိုသာရရှိစေလို့ပါ။

– ကိုယ့်ဆီမှာဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်မရှိဘူး၊ ဘယ်အရာကိုတော့ဦးစားပေးမယ်ဆိုတဲ့ ဦီးစားပေးအရာတွေမရှိဘူး၊ နေ့စဉ်ဘာလုပ်မယ်ဆိုတဲ့ to-do list ရှိမနေဘူးဆိုရင်ကိုယ့်ကိုယ့်ကိုယ်ပြန်သုံးသပ်ရှာဖွေကြည့်ဖို့လိုနေပါပြီ။

– ကိုယ့်အပေါ်မကောင်းတဲ့သူငယ်ချင်းတွေနဲ့ပဲပြန်ပြီး ပတ်သက်မိနေတာ၊ မကောင်းမှန်းသိပေမယ့်သူတို့နဲ့ပဲနှစ်ရှည်လများ အချိန်ဖြုန်းနေတာကလည်း ကိုယ့်ဘဝကိုနှစ်နေသလိုပဲမို့ကိုယ်တိုင်ကစပြီးပြောင်းလဲနိုင်ရပါမယ်။

– နောက်ထပ်သတိပြုသင့်တဲ့အရာတွေကတော့ ဂိမ်းနဲ့ လူမှုကွန်ရက်ကိုပဲစွဲလမ်းနေတာ၊အဲဒီအရာတွေအပေါ်မှာပဲအချိန်ကုန်မိနေခြင်းပါ။ ဒါတွေက လူငယ်တော်တော်များများဖြစ်လေ့ရှိတာမို့သတိထားရုန်းထွက်နိုင်ဖို့လိုပါတယ်။

– နောက်တစ်ချက်ကတော့ ဘဝကိုမကျေမနပ်ဖြတ်သန်းတတ်သူတွေပါ။ အရာရာကိုအကောင်းဆုံးဖြစ်ချင်တာ ၊Perfect ဖြစ်ချင်လွန်းတာကလည်း ဘဝမှာနေရတာပင်ပန်းစေပါတယ်။အမြဲလို Complain တက်ရမှကျေနပ်သူတွေဟာလည်း ဘဝမှာပျော်ရွှင်စရာနည်းနေသူတွေလို့ပညာရှင်တွေကသုံးသပ်ကြပါတယ်။ Complain တက်တယ်ဆိုတာ တစ်စုံတစ်ခုကိုပိုကောင်းအောင်၊ပိုချောမွေ့အောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲလို Complain တက်နေတာကအရာရာကိုပိုနှောင့်နှေးစေခက်ခဲစေပါတယ်။ဒီအချက်တွေကိုယ့်မှာရှိနေခဲ့ရင် တတ်နိုင်သမျှထိန်းချုပ်ပါ၊ ဒါမှမဟုတ်ပြောင်းလဲပစ်လိုက်ပါ။ဘာ့ကြောင့်လဲဆိုတော့ ဒီလိုအကျင့်ဆိုးတွေရဲ့အဆုံးသတ်ဟာအောင်မြင်ပျော်ရွှင်ခြင်းရဲ့လမ်းစဖြစ်လို့ပါပဲ။

Ju Ju

zawgyi

လူ႔ဘဝဆိုတာတိုတိုေလးလို႔လူႀကီးေတြကေျပာေလ့ရွိေပမယ့္ ငယ္႐ြယ္ႏုပ်ိဳတုန္းလူငယ္ေတြကေတာ့ဘဝဆိုတာအရွည္ႀကီးပါ၊ အခ်ိန္အၾကာႀကီးျဖတ္သန္းရဦးမွာလို႔ ေတြးထင္ၾကပါတယ္။လူငယ္ဘဝနဲ႔ႏုပ်ိဳတဲ့အသက္အ႐ြယ္ဆိုတာ အကန႔္အသတ္ရွိတာမို႔ အခ်ိန္ေတြကိုအဓိပၸါယ္မဲ့မျဖဳန္းတီးဖို႔လူႀကီးေတြကမွာေလ့ရွိၾကပါတယ္။ ဒါေပမဲ့လည္း ငယ္႐ြယ္သူေတြဆိုတာငါတို႔မွာအခ်ိန္ေတြအမ်ားႀကီးက်န္ပါေသးတယ္လို႔ ေတြးထင္တတ္ၾကတာသဘာဝပါ။အခုေဖာ္ျပေပးမွာကေတာ့ ကိုယ့္ဘဝကို အဓိပၸါယ္မဲ့ျဖတ္သန္းမိေနၿပီလား၊အခ်ိန္ေတြကိုျဖဳန္းတီးမိေနၿပီလားဆိုတာကိုေဖာ္ျပေနတဲ့ လကၡဏာရပ္ေတြပါပဲ။ဒီအထဲကတခ်ိဳ႕ေသာအခ်က္ေတြကို ကိုယ္ကထိန္းခ်ဳပ္ႏိုင္ေသးတယ္ဆိုရင္ ျပႆနာမရွိေပမယ့္ေတာ္ေတာ္မ်ားမ်ားက အက်င့္တစ္ခုလိုျဖစ္ေနၿပီဆိုရင္ တစ္ခုခ်င္းစီကိုစၿပီးျပင္ဆင္ၾကည့္ဖို႔လိုအပ္ေနပါၿပီ။

– ပထမဆုံးအခ်က္ကေတာ့ ကိုယ့္က်န္းမာေရးကိုပစ္ထားမိျခင္းပါပဲ။ က်န္းမာေရးထိခိုက္လိမ့္မယ္ဆိုတဲ့စိုးရိမ္စိတ္လုံးဝမရွိဘဲ လုပ္ခ်င္တာလုပ္ေနမိၿပီဆိုရင္ ဒါကသတိထားရမယ့္လကၡဏာတစ္ရပ္ပါ။က်န္းမာေရးဆိုတာ ကိုယ့္ဘဝမွာျဖစ္ခ်င္တာေတြျဖစ္လာဖို႔အတြက္အဓိ ကလုပ္ေဆာင္ေပးႏိုင္တဲ့အရာပါ။ဒါေၾကာင့္ ေနာက္က်သြားၿပီဆိုတဲ့အေျခအေနထိမေရာက္ေအာင္ ထိန္းသိမ္းဖို႔လိုပါတယ္။

– မူးယစ္ေဆးနဲ႔အရက္ကို လြယ္လြယ္ေလးသုံးေနမိတယ္၊ ဒီအရာေတြနဲ႔မွပဲစိတ္ေပ်ာ္႐ႊင္တယ္လို႔ထင္လာမိၿပီဆိုရင္ ဒါကျမန္ျမန္ေလး႐ုန္းထြက္ရမယ့္အေျခအေနပါ။ ဒီအရာေတြအေပၚမွာ ကိုယ္က Control လုပ္ႏိုင္တယ္ဆိုရင္ေတာ့ျပႆနာမရွိေပမယ့္ စိတ္ကိုလႊတ္ထားမိတယ္ဆိုရင္ေတာ့သတိျပန္ကပ္ဖို႔လိုေနပါၿပီ။

– ‘ေနာက္မွ’ ဆိုတဲ့ စကားကိုတြင္တြင္သုံးမိေနျခင္းကလည္းအခ်ိန္ကိုတန္ဖိုးမထားႏိုင္တဲ့လကၡဏာတစ္ရပ္ပါ။ ဘာကိုပဲျဖစ္ျဖစ္ ေနာက္မွဆိုတဲ့စကားလုံးနဲ႔ေအးေအးေဆးေဆးေ႐ႊ႕မိေနၿပီဆိုရင္ ဒီအခ်က္ကိုျပင္ဆင္ဖို႔ႀကိဳးစားၾကည့္ပါ။ ကိုယ္လုပ္ရမယ့္ကိစၥ ၅ ခုမွာ ၂ ခုေလာက္ကိုခ်က္ခ်င္းလုပ္ႏိုင္ေအာင္ ေျပာင္းလဲျပင္ဆင္ၾကည့္ပါ။

– ေန႔တိုင္း သူငယ္ခ်င္းတစ္ေယာက္မဟုတ္တစ္ေယာက္နဲ႔ အတင္းေျပာရမွေက်နပ္မိေနသလား၊စားဝင္အိပ္ေပ်ာ္ျဖစ္သလားဆိုတဲ့အခ်က္ကလည္း စဥ္းစားရမယ့္အခ်က္တစ္ခုပါ။ကိုယ့္ရည္မွန္းခ်က္နဲ႔ကိုယ္ႀကိဳးစားေနသူတိုင္း အလုပ္မ်ားေနသူတိုင္းက ေန႔စဥ္ ဒါမွမဟုတ္မၾကာမၾကာသူမ်ားအတင္းကိုေျပာဖို႔အခ်ိန္မရွိၾကပါဘူး။

– ေဒါသကိုမထိန္းႏိုင္တာ၊ အလြယ္တကူေဒါသထြက္ေလ့ရွိတာကလည္းတန္ဖိုးရွိတဲ့ဘဝကိုျဖဳန္းတီးမိေနတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ေဒါသထြက္ရတာဟာ ကိုယ့္ရဲ႕ Energy ေတြကိုကုန္ခမ္းေစၿပီး အမွားေတြ၊ စိတ္ပ်က္စရာရလဒ္ေတြကိုသာရရွိေစလို႔ပါ။

– ကိုယ့္ဆီမွာဘယ္အခ်ိန္မွာ ဘာျဖစ္ရမယ္ဆိုတဲ့ရည္မွန္းခ်က္မရွိဘူး၊ ဘယ္အရာကိုေတာ့ဦးစားေပးမယ္ဆိုတဲ့ ဦီးစားေပးအရာေတြမရွိဘူး၊ ေန႔စဥ္ဘာလုပ္မယ္ဆိုတဲ့ to-do list ရွိမေနဘူးဆိုရင္ကိုယ့္ကိုယ့္ကိုယ္ျပန္သုံးသပ္ရွာေဖြၾကည့္ဖို႔လိုေနပါၿပီ။

– ကိုယ့္အေပၚမေကာင္းတဲ့သူငယ္ခ်င္းေတြနဲ႔ပဲျပန္ၿပီး ပတ္သက္မိေနတာ၊ မေကာင္းမွန္းသိေပမယ့္သူတို႔နဲ႔ပဲႏွစ္ရွည္လမ်ား အခ်ိန္ျဖဳန္းေနတာကလည္း ကိုယ့္ဘဝကိုႏွစ္ေနသလိုပဲမို႔ကိုယ္တိုင္ကစၿပီးေျပာင္းလဲႏိုင္ရပါမယ္။

– ေနာက္ထပ္သတိျပဳသင့္တဲ့အရာေတြကေတာ့ ဂိမ္းနဲ႔ လူမႈကြန္ရက္ကိုပဲစြဲလမ္းေနတာ၊အဲဒီအရာေတြအေပၚမွာပဲအခ်ိန္ကုန္မိေနျခင္းပါ။ ဒါေတြက လူငယ္ေတာ္ေတာ္မ်ားမ်ားျဖစ္ေလ့ရွိတာမို႔သတိထား႐ုန္းထြက္ႏိုင္ဖို႔လိုပါတယ္။

– ေနာက္တစ္ခ်က္ကေတာ့ ဘဝကိုမေက်မနပ္ျဖတ္သန္းတတ္သူေတြပါ။ အရာရာကိုအေကာင္းဆုံးျဖစ္ခ်င္တာ ၊Perfect ျဖစ္ခ်င္လြန္းတာကလည္း ဘဝမွာေနရတာပင္ပန္းေစပါတယ္။အၿမဲလို Complain တက္ရမွေက်နပ္သူေတြဟာလည္း ဘဝမွာေပ်ာ္႐ႊင္စရာနည္းေနသူေတြလို႔ပညာရွင္ေတြကသုံးသပ္ၾကပါတယ္။ Complain တက္တယ္ဆိုတာ တစ္စုံတစ္ခုကိုပိုေကာင္းေအာင္၊ပိုေခ်ာေမြ႕ေအာင္လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။ ဒါေပမဲ့ အၿမဲလို Complain တက္ေနတာကအရာရာကိုပိုေႏွာင့္ေႏွးေစခက္ခဲေစပါတယ္။ဒီအခ်က္ေတြကိုယ့္မွာရွိေနခဲ့ရင္ တတ္ႏိုင္သမွ်ထိန္းခ်ဳပ္ပါ၊ ဒါမွမဟုတ္ေျပာင္းလဲပစ္လိုက္ပါ။ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီလိုအက်င့္ဆိုးေတြရဲ႕အဆုံးသတ္ဟာေအာင္ျမင္ေပ်ာ္႐ႊင္ျခင္းရဲ႕လမ္းစျဖစ္လို႔ပါပဲ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*