Career Mobility ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ

Career Mobility က ကုမ္ပဏီအတွက် အတွင်းပိုင်းရွေ့လျားနိုင်မှုအတွက် တည်ထောင်ထားတဲ့စနစ်တခုရှိတာက အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ ဒီမှာဆိုရင် အပိုင်းနှစ်ပိုင်းရှိပါလိမ့်မယ်။ Career Mobility က အဖွဲ့အစည်းအတွက်အကျိုးကျေးဇူးရယ်၊ဝန်ထမ်းများအတွက်အကျိုးကျေးဇူးရယ်ပါ။

အဖွဲ့အစည်းအတွက်အကျိုးကျေးဇူး

Career Mobility ကဝန်ထမ်းထိန်းသိမ်းမှုနှုန်းကို နှစ်ဆတိုးစေပြီး ဝန်ထမ်းအထွက်နှုန်းကိုလျှော့ချနိုင်ပါတယ်။ ဝန်ထမ်းအသစ်များ ငှား ရမ်းဖို့ လိုအပ်တဲ့အချိန်၊ ငွေနဲ့ အရင်းအမြစ်များသက်သာစေပါတယ်။ လက်ရှိဝန်ထမ်းတစ်ဦးကို အထိုင်အသစ်သို့ ပြောင်းရွှေ့မှုက ပြင်ပကနေအလုပ်ခန့်တာထက် ပိုမိုထိရောက်ပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍသစ်များမှာ ပိုမိုမြန်ဆန်စွာအရှိန်မြှင့်နိုင်ပြီး ကုန်ကျစရိတ် အလွန်သက်သာစေပါတယ်။ဝန်ထမ်းတွေရဲ့ ထိတွေ့ဆက်ဆံမှုကို သိသိသာသာမြှင့်တင်နိုင်ပါတယ်။ ဝန်ထမ်းတွေရဲ့လိုက်လျောညီထွေရှိမှုကို မြှင့်တင်နိုင်ပါတယ်။ နောက်တချက်ကတော့ Career Mobility ဖြစ်တဲ့အတွက် ကျွမ်းကျင်ဝန်ထမ်းများရှိတဲ့အကျိုးကျေးဇူးဖြစ်စေပါတဘ်။
နောက်တချက်ကတော့ ကုမ္ပဏီယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်တာပါ။ လက်ရှိ ဝန်ထမ်းများကသင့်ကုမ္ပဏီနဲ့ ယဉ်ကျေးမှုအတွက် ရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်ပါတယ်။

ဝန်ထမ်းများအတွက် အကျိုးကျေးဇူး

ဝန်ထမ်းများအတွက် အကျိုးကျေးဇူးများကတော့ သူတို့ရဲ့ အလုပ်ကို ကုမ္ပဏီတခုထည်းမှာပဲလုပ်ကိုင်နိုင်တာ။ ကုမ္ပဏီရဲ့အကျိုးခံစားခွင့်တွေကို ဆက်လက်ရယူနိုင်တာ။ ဥပမာ အာမခံ၊နှစ်စဉ်ဆုကြေးငွေများ၊ ခွင့်ရက်များစတာတွေပဲဖြစ်ပါတယ်။ နောက်တချက်ကတော့
လစာတိုးတဲ့ကိစ္စပါ။ ကုမ္ပဏီတွင်းမှာပဲ အပြောင်းအရွေ့ကြောင့် လစာကလည်း အချိန်တိုအတွင်းတိုးလာစေနိုင်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအတွင်းမှာ ကိုယ်က ကျွမ်းကျင်ဝန်ထမ်းနဲ့ ကုမ္ပဏီရဲ့တန်ဖိုးတွေ၊ အမြင်တွေကို သိနားလည်တဲ့အချက်က တခြားသူများထက်အားသာချက်ပိုရှိပါတယ်။ နောက်ဆုံးအချက်ကတော့ ပိုမိုအကျိုးရှိတဲ့အခန်းကဏ္ဍအသစ်များမှာစိတ်ကျေနပ်မှုကို ရှာဖွေရတာပါ။ ဒီအလုပ်၊ ဒီရာထူး၊ ဒီနေရာမှာပဲမဟုတ်ဘဲ ကိုယ်နဲ့ကိုက်ညီမယ့်၊ကိုယ့်အရည်အချင်းကို တဆင့်မြှင့်နိုင်မယ့် နေရာတခုမှာ စိတ်ဝင်စားစရာအသစ်တွေနဲ့လေ့လာစရာအသစ်တွေကို ရှာဖွေရင်း စိတ်ကျေနပ်မှုကိုရှာဖွေရတာကစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်မှာ တန်ဖိုးရှိတဲ့ အရည်အချင်းတွေ၊တာဝန်တွေကို ထပ်မံပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။

MYit

zawgyi

Career Mobility က ကုမၸဏီအတြက္ အတြင္းပိုင္းေ႐ြ႕လ်ားႏိုင္မႈအတြက္ တည္ေထာင္ထားတဲ့စနစ္တခုရွိတာက အက်ိဳးေက်းဇူးမ်ားရရွိႏိုင္ပါတယ္။ ဒီမွာဆိုရင္ အပိုင္းႏွစ္ပိုင္းရွိပါလိမ့္မယ္။ Career Mobility က အဖြဲ႕အစည္းအတြက္အက်ိဳးေက်းဇူးရယ္၊ဝန္ထမ္းမ်ားအတြက္အက်ိဳးေက်းဇူးရယ္ပါ။

အဖြဲ႕အစည္းအတြက္အက်ိဳးေက်းဇူး

Career Mobility ကဝန္ထမ္းထိန္းသိမ္းမႈႏႈန္းကို ႏွစ္ဆတိုးေစၿပီး ဝန္ထမ္းအထြက္ႏႈန္းကိုေလွ်ာ့ခ်ႏိုင္ပါတယ္။ ဝန္ထမ္းအသစ္မ်ား ငွား ရမ္းဖို႔ လိုအပ္တဲ့အခ်ိန္၊ ေငြနဲ႔ အရင္းအျမစ္မ်ားသက္သာေစပါတယ္။ လက္ရွိဝန္ထမ္းတစ္ဦးကို အထိုင္အသစ္သို႔ ေျပာင္းေ႐ႊ႕မႈက ျပင္ပကေနအလုပ္ခန႔္တာထက္ ပိုမိုထိေရာက္ပါတယ္။ သူတို႔ရဲ႕ အခန္းက႑သစ္မ်ားမွာ ပိုမိုျမန္ဆန္စြာအရွိန္ျမႇင့္ႏိုင္ၿပီး ကုန္က်စရိတ္ အလြန္သက္သာေစပါတယ္။ဝန္ထမ္းေတြရဲ႕ ထိေတြ႕ဆက္ဆံမႈကို သိသိသာသာျမႇင့္တင္ႏိုင္ပါတယ္။ ဝန္ထမ္းေတြရဲ႕လိုက္ေလ်ာညီေထြရွိမႈကို ျမႇင့္တင္ႏိုင္ပါတယ္။ ေနာက္တခ်က္ကေတာ့ Career Mobility ျဖစ္တဲ့အတြက္ ကြၽမ္းက်င္ဝန္ထမ္းမ်ားရွိတဲ့အက်ိဳးေက်းဇူးျဖစ္ေစပါတဘ္။
ေနာက္တခ်က္ကေတာ့ ကုမၸဏီယဥ္ေက်းမႈကိုထိန္းသိမ္းႏိုင္တာပါ။ လက္ရွိ ဝန္ထမ္းမ်ားကသင့္ကုမၸဏီနဲ႔ ယဥ္ေက်းမႈအတြက္ ရင္းႏွီးျမႇဳပ္ႏွံထားၿပီးသားျဖစ္ပါတယ္။

ဝန္ထမ္းမ်ားအတြက္ အက်ိဳးေက်းဇူး

ဝန္ထမ္းမ်ားအတြက္ အက်ိဳးေက်းဇူးမ်ားကေတာ့ သူတို႔ရဲ႕ အလုပ္ကို ကုမၸဏီတခုထည္းမွာပဲလုပ္ကိုင္ႏိုင္တာ။ ကုမၸဏီရဲ႕အက်ိဳးခံစားခြင့္ေတြကို ဆက္လက္ရယူႏိုင္တာ။ ဥပမာ အာမခံ၊ႏွစ္စဥ္ဆုေၾကးေငြမ်ား၊ ခြင့္ရက္မ်ားစတာေတြပဲျဖစ္ပါတယ္။ ေနာက္တခ်က္ကေတာ့
လစာတိုးတဲ့ကိစၥပါ။ ကုမၸဏီတြင္းမွာပဲ အေျပာင္းအေ႐ြ႕ေၾကာင့္ လစာကလည္း အခ်ိန္တိုအတြင္းတိုးလာေစႏိုင္ပါတယ္။ ဒါ့အျပင္ ကုမၸဏီအတြင္းမွာ ကိုယ္က ကြၽမ္းက်င္ဝန္ထမ္းနဲ႔ ကုမၸဏီရဲ႕တန္ဖိုးေတြ၊ အျမင္ေတြကို သိနားလည္တဲ့အခ်က္က တျခားသူမ်ားထက္အားသာခ်က္ပိုရွိပါတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ ပိုမိုအက်ိဳးရွိတဲ့အခန္းက႑အသစ္မ်ားမွာစိတ္ေက်နပ္မႈကို ရွာေဖြရတာပါ။ ဒီအလုပ္၊ ဒီရာထူး၊ ဒီေနရာမွာပဲမဟုတ္ဘဲ ကိုယ္နဲ႔ကိုက္ညီမယ့္၊ကိုယ့္အရည္အခ်င္းကို တဆင့္ျမႇင့္ႏိုင္မယ့္ ေနရာတခုမွာ စိတ္ဝင္စားစရာအသစ္ေတြနဲ႔ေလ့လာစရာအသစ္ေတြကို ရွာေဖြရင္း စိတ္ေက်နပ္မႈကိုရွာေဖြရတာကစိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။ ကိုယ့္ရဲ႕ကိုယ္ေရးရာဇဝင္မွာ တန္ဖိုးရွိတဲ့ အရည္အခ်င္းေတြ၊တာဝန္ေတြကို ထပ္မံေပါင္းထည့္ႏိုင္မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*