ကိုရီးယားရုပ်ရှင်နဲ့ ရုပ်မြင်သံကြားတွေမှာ ထင်ရှားကျော်ကြားတဲ့ Kim Soo-mi လို့လူသိများတဲ့မင်းသမီးကြီးက အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။သူမကွယ်လွန်ချိန်မှာ အသက် ၇၅နှစ်ရှိပြီဖြစ်ပါတယ်။ဆိုးလ် Seocho ရဲစခန်းရဲ့ အဆိုအရ ကင် ဟာ နှလုံးရပ်သွားခဲ့ပြီး ဆိုးလ်မြို့ Seocho-gu မှာရှိတဲ့ The Catholic University of Korea Seoul St. Mary ဆေးရုံကို မနက် ၈ နာရီဝန်းကျင်မှာပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ကြေညာခဲ့ပါတယ်။သူမသေဆုံးရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့ကသူမသေဆုံးမှုက အရင်ရှိပြီးသား ကျန်းမာရေးအခြေအနေနနဲ့ ဆက်စပ်နေတယ်လို့ယူဆပါတယ်။ကင်က မေလမှာ ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်မှုကြောင့် Seongdong-gu ရှိ Hanyang တက္ကသိုလ်ဆေးရုံမှာ ဆေးရုံတက်ခဲ့ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုများကိုရပ်နားထားခဲ့ပါတယ်။
ဖျော်ဖြေပွဲများနဲ့ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ ကတိကဝတ်များပါ၀င်တဲ့ သူမရဲ့အလုပ်အချိန်ဇယားများကြောင့် ပင်ပန်းနွမ်းနယ်မှုများဖြစ်ခဲ့ရပြီး ခေတ္တအနားယူဖို့ညွှန်ကြားခဲ့တယ်လို့ သတင်းများက ဖော်ပြပါတယ်။ကင်က ၁၉၄၉ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၀မှာ သူမရဲ့အသက် မွေးဝမ်းကျောင်းကိုစတင်ခဲ့တာဖြစ်ပါတယ်။ MBC ဇာတ်လမ်းတွဲ Country Diaries (၁၉၈၀) မှာ Il-yong ရဲ့ မိခင်အဖြစ် သရုပ်ဆောင်ပြီး
ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ Kim က ၂၀၁၁ခုနှစ်မှာ Late Blossom ဇာတ်ကားမှာ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ 32nd Blue
Dragon Film Awardsမှာ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
MYit
zawgyi
Leave a Reply