အလုပ်လုံခြုံမှုအတွက် အာမခံချက်ရှိစေတဲ့ အချက် (၃)ချက်

ဒီအလုပ်က ရေရှည်မှာအဆင်ပြေပါ့မလား။ ဝန်ထမ်းလျှော့ချတဲ့အထဲမှာကိုယ်များပါသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကြီးတွေနဲ့ အလုပ်လုံခြုံမှုအပေါ်မှာ ဝန်ထမ်းတိုင်းစိုးထိတ်တတ်ကြပါတယ်။ဒါပေမဲ့ သင်ကိုယ်တိုင်က သင့်အလုပ်ရဲ့ယာဉ်မောင်းထိုင်ခုံမှာထိုင်နေတယ်ဆိုတာကိုသတိရပါ။ပြီးတော့ မင်းရဲ့အလုပ်လုံခြုံရေးအတွက် သက်ရောက်မှုက မင်းဆီမှာ ထိန်းချုပ်နိုင်တဲ့အရာတွေရှိတယ်ဆိုတာကို သတိရသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင်ကိုယ်တိုင်ကယာဉ်မောင်းနေရာမှာထိုင်နေတာပါ။ ဒီအလုပ်အတွက် လုံခြုံစိတ်ချရမှုကကိုယ့်ရဲ့မောင်းနှင်မှုအပေါ်မှာပဲ မူတည်နေပါတယ်။ ဒီအချက်သုံးချက်ကတော့အလုပ်အာမခံချက်အတွက် စိတ်ချရစေတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။

သင်ယူမှုအခွင့်အလမ်းများကိုရှာဖွေတာ

ကျွမ်းကျင်မှုအသစ်များကို သင်ယူတာက သင့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုထိခိုက်မှုမရှိစေပါဘူး။ သင့်ရဲ့လက်ရှိအလုပ်နဲ့သက် ဆိုင်တဲ့ သင်ယူမှုလမ်းကြောင်းကိုဖန်တီးနိုင်မယ့်နည်းလမ်းများကို စဉ်းစားပါ။ သင်က ကျွမ်းကျင်မှုအသစ်တခုကိုလေ့လာဖို့အတွက် သင် တန်းတခုကိုတက်ရောက်နိုင်ပါတယ်။ သင်ယူမှုအခွင့်အလမ်းတွေအတွက်စိတ်ကိုဖွင့်ထားပါ။ ဒီအခွင့်အလမ်းတွေက သင့်ရဲ့အသက်မွေး ဝမ်းကျောင်းခရီးအတွက်အကျိုးရှိတာကို သင်သိပါတယ်။

ဆက်ဆံရေးကို တည်ဆောက်တာ

လူမှုအရင်းအနှီးနဲ့ ကွန်ရက်များက သင့်အသက်မွေးဝမ်းကျောင်းအတွက်သင်ထင်ထားတာထက်ပိုပြီး ကြီးမားတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ သင့်ကွန်ရက်ကိုချဲ့ထွင်ပြီး ဆက်ဆံရေးအသစ်များ တည်ဆောက်သင့်ပါတယ်။ ချိတ်ဆက်မှုအသစ်များကအခွင့်အလမ်းအသစ်များအတွက် တံခါးဖွင့်ပေးနိုင်ပါတယ်။ လက်ရှိနယ်ပယ်ထဲကအသိအကျွမ်းတွေ များများချိတ်ဆက်ထားနိုင်တာက အလုပ်အတွက် အာမခံချက်ရှိပြီးအလုပ်အကိုင်အခွင့်အလမ်းတွေပိုများနိုင်ပါတယ်။

နည်းပြတစ်ဦးနဲ့ အလုပ်လုပ်ပါ

အလုပ်လုံခြုံရေးကို ကြောက်ရွံ့နေပါက ပြင်ပအမြင်ရှိဖို့ အကူအညီတောင်းနိုင်ပါတယ်။နည်းပြပုံစံနဲ့ ကိုယ်ရေးကိုယ်တာလမ်းညွှန်တဦးကို သင်ယုံကြည်ရတဲ့ စီနီယာ၊ အထက်လူကြီး၊နယ်ပယ်တခုမှာ နေရာတခုရရှိနေသူတဦးဦးကို ပြောပြပြီး အကူအညီတောင်းနိုင်ပါတယ်။မင်း ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ရှေ့ဆက်ဘာလုပ်ရမလဲ စိတ်ပူနေရင်သူတို့ကိုအားကိုးလို့ရနိုင်ပါတယ်။ ဘာလုပ်ရမယ်မှန်းမသိတဲ့အခါမှာ အဖြေရှာဖို့အတွက်ယုံကြည်စိတ်ချစွာ လမ်းညွှန်ပေးနိုင်မယ့်သူတဦးကို ရှာဖွေပြီး အဖြေရှာသင့်ပါတယ်။

MYit

zawgyi

ဒီအလုပ္က ေရရွည္မွာအဆင္ေျပပါ့မလား။ ဝန္ထမ္းေလွ်ာ့ခ်တဲ့အထဲမွာကိုယ္မ်ားပါသြားမလားဆိုတဲ့ စိုးရိမ္စိတ္ႀကီးေတြနဲ႔ အလုပ္လုံၿခဳံမႈအေပၚမွာ ဝန္ထမ္းတိုင္းစိုးထိတ္တတ္ၾကပါတယ္။ဒါေပမဲ့ သင္ကိုယ္တိုင္က သင့္အလုပ္ရဲ႕ယာဥ္ေမာင္းထိုင္ခုံမွာထိုင္ေနတယ္ဆိုတာကိုသတိရပါ။ၿပီးေတာ့ မင္းရဲ႕အလုပ္လုံၿခဳံေရးအတြက္ သက္ေရာက္မႈက မင္းဆီမွာ ထိန္းခ်ဳပ္ႏိုင္တဲ့အရာေတြရွိတယ္ဆိုတာကို သတိရသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သင္ကိုယ္တိုင္ကယာဥ္ေမာင္းေနရာမွာထိုင္ေနတာပါ။ ဒီအလုပ္အတြက္ လုံၿခဳံစိတ္ခ်ရမႈကကိုယ့္ရဲ႕ေမာင္းႏွင္မႈအေပၚမွာပဲ မူတည္ေနပါတယ္။ ဒီအခ်က္သုံးခ်က္ကေတာ့အလုပ္အာမခံခ်က္အတြက္ စိတ္ခ်ရေစတဲ့ အခ်က္သုံးခ်က္ျဖစ္ပါတယ္။

သင္ယူမႈအခြင့္အလမ္းမ်ားကိုရွာေဖြတာ

ကြၽမ္းက်င္မႈအသစ္မ်ားကို သင္ယူတာက သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းအလုပ္ကိုထိခိုက္မႈမရွိေစပါဘူး။ သင့္ရဲ႕လက္ရွိအလုပ္နဲ႔သက္ ဆိုင္တဲ့ သင္ယူမႈလမ္းေၾကာင္းကိုဖန္တီးႏိုင္မယ့္နည္းလမ္းမ်ားကို စဥ္းစားပါ။ သင္က ကြၽမ္းက်င္မႈအသစ္တခုကိုေလ့လာဖို႔အတြက္ သင္ တန္းတခုကိုတက္ေရာက္ႏိုင္ပါတယ္။ သင္ယူမႈအခြင့္အလမ္းေတြအတြက္စိတ္ကိုဖြင့္ထားပါ။ ဒီအခြင့္အလမ္းေတြက သင့္ရဲ႕အသက္ေမြး ဝမ္းေက်ာင္းခရီးအတြက္အက်ိဳးရွိတာကို သင္သိပါတယ္။

ဆက္ဆံေရးကို တည္ေဆာက္တာ

လူမႈအရင္းအႏွီးနဲ႔ ကြန္ရက္မ်ားက သင့္အသက္ေမြးဝမ္းေက်ာင္းအတြက္သင္ထင္ထားတာထက္ပိုၿပီး ႀကီးမားတဲ့အခန္းက႑မွာပါဝင္ပါတယ္။ သင့္ကြန္ရက္ကိုခ်ဲ႕ထြင္ၿပီး ဆက္ဆံေရးအသစ္မ်ား တည္ေဆာက္သင့္ပါတယ္။ ခ်ိတ္ဆက္မႈအသစ္မ်ားကအခြင့္အလမ္းအသစ္မ်ားအတြက္ တံခါးဖြင့္ေပးႏိုင္ပါတယ္။ လက္ရွိနယ္ပယ္ထဲကအသိအကြၽမ္းေတြ မ်ားမ်ားခ်ိတ္ဆက္ထားႏိုင္တာက အလုပ္အတြက္ အာမခံခ်က္ရွိၿပီးအလုပ္အကိုင္အခြင့္အလမ္းေတြပိုမ်ားႏိုင္ပါတယ္။

နည္းျပတစ္ဦးနဲ႔ အလုပ္လုပ္ပါ

အလုပ္လုံၿခဳံေရးကို ေၾကာက္႐ြံ႕ေနပါက ျပင္ပအျမင္ရွိဖို႔ အကူအညီေတာင္းႏိုင္ပါတယ္။နည္းျပပုံစံနဲ႔ ကိုယ္ေရးကိုယ္တာလမ္းၫႊန္တဦးကို သင္ယုံၾကည္ရတဲ့ စီနီယာ၊ အထက္လူႀကီး၊နယ္ပယ္တခုမွာ ေနရာတခုရရွိေနသူတဦးဦးကို ေျပာျပၿပီး အကူအညီေတာင္းႏိုင္ပါတယ္။မင္း ရဲ႕အသက္ေမြးဝမ္းေက်ာင္းအတြက္ ေရွ႕ဆက္ဘာလုပ္ရမလဲ စိတ္ပူေနရင္သူတို႔ကိုအားကိုးလို႔ရႏိုင္ပါတယ္။ ဘာလုပ္ရမယ္မွန္းမသိတဲ့အခါမွာ အေျဖရွာဖို႔အတြက္ယုံၾကည္စိတ္ခ်စြာ လမ္းၫႊန္ေပးႏိုင္မယ့္သူတဦးကို ရွာေဖြၿပီး အေျဖရွာသင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*