မိသားစုထက် အလုပ်ကိုသာ ဦးစားပေးတဲ့ ရာသီခွင် (၄) ခု
အလုပ်နဲ့ မိသားစုကို ဟန်ချက်ညီညီနဲ့ သွားတဲ့သူတွေရှိသလို၊ တချို့ရာသီခွင်တွေကတော့မိသားစုထက် အလုပ်ကိုသာ ဦးစားပေးတဲ့ ရာသီခွင် (၄)ခုကို ဖော်ပြပေးချင်ပါတယ်။မိသားစုထက် အလုပ်ကိုသာ ဦးစားပေးရမယ့် ရာသီခွင်များအကြောင်း သင်သိချင်ပါကဆက်ဖတ်လို့ရပါတယ်။
Capricorn
အောင်မြင်သူတွေလို့ သတ်မှတ်ထာကြတဲ့ မကာရတွေက ဆုံးဖြတ်ချက်နဲ့ရည်မှန်းချက်ကြီးသူတွေအဖြစ် လူသိများပါတယ်။ သူတို့က အောင်မြင်ဖို့အတွက်ခိုင်မာတဲ့တွန်းအားတွေရှိကြပြီး သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုသူတို့ဘဝရဲ့ရှေ့တန်းမှာ ထားလေ့ရှိပါတယ်။ ဒါကြောင့်ပဲ မိသားစုနဲ့ အလုပ်ယှဉ်လာရင်အလုပ်ကိုဦးစားပေးတတ်သူတွေဖြစ်ပါတယ်။
Virgo
စေ့စပ်သေချာတဲ့ စီစဉ်သူအဖြစ် Virgo တွေကို သတ်မှတ်ထားကြပါတယ်။သူတို့ရဲ့အသေးစိတ်လုပ်တတ်တဲ့ အကျင့်ကြောင့် ပရော်ဖက်ရှင်နယ်ဘဝမှာ ထူးခြားစေပါတယ်။သူတို့က လုပ်ငန်းဆောင်တာတွေကို ထိရောက်အောင် စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းခွင်မှာ မရှိမဖြစ်
လူတွေဖြစ်ကြပါတယ်။ သူတို့အတွက်ပြီးပြည့်စုံတဲ့အလုပ်ဖြစ်ဖို့ မိသားစုထက် အလုပ်ကိုဦးစားပေးလုပ်ကိုင်နိုင်ကြပါတယ်။
Scorpio
သူတို့က စိတ်အားထက်သန်တဲ့ ရာသီခွင်တွေဖြစ်ကြပြီး ပန်းတိုင်တခုကို မယိမ်းမယိုင်နဲ့ကြိုးစားကြပါတယ်။ ပြင်းထန်မှုနဲ့ သူတို့ရဲ့ ကြိုးစားမျုတွေကြောင့် လုပ်ငန်းခွင်မှာပရော်ဖက်ရှင်နယ်ဘဝကို ရရှိနိုင်ပါတယ်။ သူတို့က အလုပ်များနေတဲ့အချိန်မှာ မိသားစုကိုလစ်လျူရှုထားနိုင်ပါတယ်။ အောင်မြင်ဖို့အတွက် ဘာပဲလုပ်ရလုပ်ရလုပ်မယ့်သူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ ချစ်သူနဲ့အလုပ်ကိုဘာရွေးမလဲဆိုရင်
ချစ်သူကိုတောင်ထားခဲ့နိုင်ပါတယ်။
Aries
ရည်မှန်းချက်ကြီးတဲ့ ခေါင်းဆောင်တွေလို့ခေါ်ဆိုကြပြီး တခါတလေမှာ မိသားစုထက်အလုပ်ကိုပိုဦးစားပေးကြတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ သူတို့ကအသက်မွေးဝမ်းကြောင်းအပေါ်မှာ သိသိသာသာအလေးပေးတတ်ကြပြီး မိသားစုအတွက်တော့အနည်းငယ်လစ်ဟင်းသွားတတ်ကြပါတယ်။
MYit
zawgyi
Capricorn
Virgo
Scorpio
Aries
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*