အလုပ်အကိုင်ပြပွဲတွေဆိုတာ အလုပ်ရှာဖွေနေသူတွေနဲ့ဝန်ထမ်းလိုချင်နေသူတွေအတွက်တော့တကယ့်ကိုရတနာသိုက်တစ်ခုလိုပါပဲ။ အ လုပ်အကိုင်ပြပွဲတွေကို အလုပ်ရှာနေသူတွေရော၊အလုပ်ရှိပြီးသူတွေရောသွားသင့်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်းအလုပ်အ ကိုင်ပြပွဲတွေကနေတဆင့် ကိုယ့် Career ကိုဘယ်လိုအဆင့်မြှင့်နိုင်တယ်၊ဘယ်လိုပြောင်းလဲမှုတွေဖြစ်ပေါ်နေတယ်၊ ဘယ်လို Skill တွေထပ်ဖြည့်ရမယ်ဆိုတာကိုသိရှိလာစေပါတယ်။ အခုဖော်ပြပေးမှာကတော့ အလုပ်ရှာနေသူတွေအနေနဲ့အလုပ်အကိုင်ပြပွဲတစ်ခုမှာ ဘယ် လိုမေးခွန်းတွေမေးသင့်သလဲဆိုတာပါပဲ။
Company Culture အကြောင်းပြောပြလို့ရမလား
ကိုယ်ကကုမ္ပဏီရဲ့မန်နေဂျာနဲ့တိုက်ရိုက်စကားပြောခွင့်ရတယ်၊ ကုမ္ပဏီမှာလက်ရှိလုပ်ကိုင်နေတဲ့ဝန်ထမ်းနဲ့စကားပြောခွင့်ရတယ်ဆိုရင် ဒီမေးခွန်းကိုမေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ပြပွဲအတွက်သက်သက်ငှားရမ်းထားတဲ့ဝန်ထမ်းတွေကိုထားရှိတယ်ဆိုရင် ကုမ္ပဏီရဲ့တိကျတဲ့ Information တွေကိုသူတို့မသိနိုင်လို့ပါ။ ကိုယ့်မှာရှိတဲ့ Skill နဲ့ Experience တွေဟာ Company Culture နဲ့ကိုက်ညီတယ်ဆိုရင် ကိုယ့်အတွက်မှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီကုမ္ပဏီမှာအလုပ်လုပ်ရတဲ့အကြိုက်ဆုံးအပိုင်းကဘာလဲ
ဒါကတော့ ကုမ္ပဏီဝန်ထမ်းရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို စပ်စုသလိုဖြစ်နေပေမယ့်မေးကြည့်သင့်တဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းကနေ ကုမ္ပဏီရဲ့ကောင်းမွန်တဲ့လက်တွေ့လုပ်ဆောင်ချက်တွေကိုသိရှိလာနိုင်စေပါတယ်။ ပြပွဲမှာရောက်နေသူတွေကကုမ္ပဏီကိုယ်စားပြုရောက်နေသူတွေမို့ ကုမ္ပဏီအကြောင်းအကောင်းချည်းပဲပြောကြမှာပါ။အခုလိုသူတို့ရဲ့ကိုယ်ပိုင်ခံစားချက်ကိုမေးကြည့်လိုက်တာက ပိုတိကျတဲ့အဖြေကိုရနိုင်မှာဖြစ်ပါတယ်။
ဝန်ထမ်းတစ်ယောက်ရွေးချယ်ခန့်အပ်မယ်ဆိုရင် ဘယ်လောက်ထိအချိန်ယူပါသလဲ
ဒီလိုမေးခွန်းမျိုးကလည်းမေးသင့်တဲ့မေးခွန်းပါ။ ကိုယ်ကအလုပ်လျှောက်ထားမယ်ဆိုရင်ချက်ချင်းအင်တာဗျူးဝင်ပြီး ချက်ချင်းအဖြေသိရမှာလား။ ဒါမှမဟုတ်ဒုတိယအင်တာဗျူးခေါ်ဦးမှာလား၊ ဘယ်အချိန်မှာ အလုပ်ရ၊မရဆိုတာကို သိရနိုင်သလဲ။ဝန်ထမ်းသစ်ခဏခဏခေါ်လေ့ရှိသလားဆိုတာမျိုးတွေကို မေးကြည့်ရမှာဖြစ်ပါတယ်။
ဒီမှာအလုပ်ရဖို့ ဘယ်လိုကျွမ်းကျင်မှုတွေ၊အတွေ့အကြုံတွေလိုမလဲ
ကိုယ်တကယ်စိတ်ဝင်စားတဲ့ကုမ္ပဏီအတွက် ဒီလိုမေးခွန်းကိုမဖြစ်မနေမေးသင့်ပါတယ်။ Job Fairမှာသူတို့ကပုံမှန်ထက်အသေးစိတ်ရှင်းပြ၊ပြောပြပေးလေ့ရှိတာမို့ ကိုယ့်မှာရှိထားသင့်တဲ့ Skill နဲ့ Experience တွေအကြောင်းကို တိတိကျကျသိအောင်မေးမြန်းကြည့်သင့်တာဖြစ်ပါတယ်။
ဒီလိုအလုပ်အကိုင်ပြပွဲမျိုးကနေရော ဝန်ထမ်းဘယ်နှယောက်လောက်ရွေးပြီးခန့်ထားလေ့ရှိလဲ
တချို့သောလုပ်ငန်းတွေက Job Fair ကနေဝန်ထမ်းသစ်တွေကို တကယ်လိုချင်ပြီးတကယ်ကိုခန့်အပ်ကြတာဖြစ်ပါတယ်။ တချို့ကျတော့ ခန့်အပ်တဲ့ရာခိုင်နှုန်းနည်းပါတယ်။ ဒါ့ကြောင့်ဒီပြပွဲကနေအလုပ်လျှောက်လိုက်တာက ကိုယ့်အတွက်အလုပ်ရဖို့အခွင့်အရေး တကယ်ရှိ၊မရှိဆိုတာကိုသိရှိဖို့လိုအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊ကျွန်မရဲ့ Resume ကိုထားခဲ့ချင်ပါတယ်။ ကုမ္ပဏီရဲ့တာဝန်ရှိသူတစ်ဦးဦးနဲ့ဆက်သွယ်နိုင်ဖို့ဖုန်း သို့မဟုတ် အီးမေးလ်များရနိုင်မလား။ ကျွန်တော်၊ ကျွန်မကိုဘာတွေမေးချင်တာရှိပါသလဲ
တစ်ခါတလေမှာကိုယ့်ရဲ့အလုပ်လျှောက်လွှာကအလုပ်ရှင်လက်ထဲချောချောမောမောရောက်မသွားတာမျိုး ရှိနိုင်တာမို့ဆက်သွယ်ရမယ့်ဖုန်းတစ်ခုခုကိုလိုအပ်တာဖြစ်ပါတယ်။ ဒါမှကိုယ့်လျှောက်လွှာနဲ့ပတ်သက်ပြီး Follow Up လိုက်နိုင်မှာပါ။ ကျွန်တော်၊ကျွန်မကို ဘာတွေမေးချင်တာရှိပါသလဲလို့မေးလိုက်တာက ကောင်းမွန်တဲ့နှုတ်ဆက်စကားလေးဖြစ်စေပါတယ်။သူတို့ဘက်ကမမေးတော့ဘူးဆိုရင်ကိုယ်ကနှုတ်ဆက်ပြီးပြန်နိုင်ပါပြီ။ဒါလေးတွေကတော့ အလုပ်အကိုင်ပြပွဲတစ်ခုသွားတဲ့အခါ၊ အဲဒီမှာအလုပ်လျှောက်ဖြစ်တဲ့အခါမေးကြည့်သင့်တဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။ ဒီလိုပြပွဲမှာသွားမမေးသင့်တဲ့မေးခွန်းတွေကိုလည်းထပ်မံဖော်ပြပေးပါဦးမယ်။
Ju Ju
zawgyi
အလုပ္အကိုင္ျပပြဲေတြဆိုတာ အလုပ္ရွာေဖြေနသူေတြနဲ႔ဝန္ထမ္းလိုခ်င္ေနသူေတြအတြက္ေတာ့တကယ့္ကိုရတနာသိုက္တစ္ခုလိုပါပဲ။ အ လုပ္အကိုင္ျပပြဲေတြကို အလုပ္ရွာေနသူေတြေရာ၊အလုပ္ရွိၿပီးသူေတြေရာသြားသင့္ပါတယ္။ အလုပ္ရွိၿပီးသူေတြအေနနဲ႔လည္းအလုပ္အ ကိုင္ျပပြဲေတြကေနတဆင့္ ကိုယ့္ Career ကိုဘယ္လိုအဆင့္ျမႇင့္ႏိုင္တယ္၊ဘယ္လိုေျပာင္းလဲမႈေတြျဖစ္ေပၚေနတယ္၊ ဘယ္လို Skill ေတြထပ္ျဖည့္ရမယ္ဆိုတာကိုသိရွိလာေစပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ အလုပ္ရွာေနသူေတြအေနနဲ႔အလုပ္အကိုင္ျပပြဲတစ္ခုမွာ ဘယ္ လိုေမးခြန္းေတြေမးသင့္သလဲဆိုတာပါပဲ။
Company Culture အေၾကာင္းေျပာျပလို႔ရမလား
ကိုယ္ကကုမၸဏီရဲ႕မန္ေနဂ်ာနဲ႔တိုက္႐ိုက္စကားေျပာခြင့္ရတယ္၊ ကုမၸဏီမွာလက္ရွိလုပ္ကိုင္ေနတဲ့ဝန္ထမ္းနဲ႔စကားေျပာခြင့္ရတယ္ဆိုရင္ ဒီေမးခြန္းကိုေမးသင့္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ျပပြဲအတြက္သက္သက္ငွားရမ္းထားတဲ့ဝန္ထမ္းေတြကိုထားရွိတယ္ဆိုရင္ ကုမၸဏီရဲ႕တိက်တဲ့ Information ေတြကိုသူတို႔မသိႏိုင္လို႔ပါ။ ကိုယ့္မွာရွိတဲ့ Skill နဲ႔ Experience ေတြဟာ Company Culture နဲ႔ကိုက္ညီတယ္ဆိုရင္ ကိုယ့္အတြက္မွန္ကန္တဲ့ေ႐ြးခ်ယ္မႈကိုျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။
ဒီကုမၸဏီမွာအလုပ္လုပ္ရတဲ့အႀကိဳက္ဆုံးအပိုင္းကဘာလဲ
ဒါကေတာ့ ကုမၸဏီဝန္ထမ္းရဲ႕ကိုယ္ပိုင္အေတြ႕အႀကဳံေတြကို စပ္စုသလိုျဖစ္ေနေပမယ့္ေမးၾကည့္သင့္တဲ့ေမးခြန္းပဲျဖစ္ပါတယ္။ ဒီေမးခြန္းကေန ကုမၸဏီရဲ႕ေကာင္းမြန္တဲ့လက္ေတြ႕လုပ္ေဆာင္ခ်က္ေတြကိုသိရွိလာႏိုင္ေစပါတယ္။ ျပပြဲမွာေရာက္ေနသူေတြကကုမၸဏီကိုယ္စားျပဳေရာက္ေနသူေတြမို႔ ကုမၸဏီအေၾကာင္းအေကာင္းခ်ည္းပဲေျပာၾကမွာပါ။အခုလိုသူတို႔ရဲ႕ကိုယ္ပိုင္ခံစားခ်က္ကိုေမးၾကည့္လိုက္တာက ပိုတိက်တဲ့အေျဖကိုရႏိုင္မွာျဖစ္ပါတယ္။
ဝန္ထမ္းတစ္ေယာက္ေ႐ြးခ်ယ္ခန႔္အပ္မယ္ဆိုရင္ ဘယ္ေလာက္ထိအခ်ိန္ယူပါသလဲ
ဒီလိုေမးခြန္းမ်ိဳးကလည္းေမးသင့္တဲ့ေမးခြန္းပါ။ ကိုယ္ကအလုပ္ေလွ်ာက္ထားမယ္ဆိုရင္ခ်က္ခ်င္းအင္တာဗ်ဴးဝင္ၿပီး ခ်က္ခ်င္းအေျဖသိရမွာလား။ ဒါမွမဟုတ္ဒုတိယအင္တာဗ်ဴးေခၚဦးမွာလား၊ ဘယ္အခ်ိန္မွာ အလုပ္ရ၊မရဆိုတာကို သိရႏိုင္သလဲ။ဝန္ထမ္းသစ္ခဏခဏေခၚေလ့ရွိသလားဆိုတာမ်ိဳးေတြကို ေမးၾကည့္ရမွာျဖစ္ပါတယ္။
ဒီမွာအလုပ္ရဖို႔ ဘယ္လိုကြၽမ္းက်င္မႈေတြ၊အေတြ႕အႀကဳံေတြလိုမလဲ
ကိုယ္တကယ္စိတ္ဝင္စားတဲ့ကုမၸဏီအတြက္ ဒီလိုေမးခြန္းကိုမျဖစ္မေနေမးသင့္ပါတယ္။ Job Fairမွာသူတို႔ကပုံမွန္ထက္အေသးစိတ္ရွင္းျပ၊ေျပာျပေပးေလ့ရွိတာမို႔ ကိုယ့္မွာရွိထားသင့္တဲ့ Skill နဲ႔ Experience ေတြအေၾကာင္းကို တိတိက်က်သိေအာင္ေမးျမန္းၾကည့္သင့္တာျဖစ္ပါတယ္။
ဒီလိုအလုပ္အကိုင္ျပပြဲမ်ိဳးကေနေရာ ဝန္ထမ္းဘယ္ႏွေယာက္ေလာက္ေ႐ြးၿပီးခန႔္ထားေလ့ရွိလဲ
တခ်ိဳ႕ေသာလုပ္ငန္းေတြက Job Fair ကေနဝန္ထမ္းသစ္ေတြကို တကယ္လိုခ်င္ၿပီးတကယ္ကိုခန႔္အပ္ၾကတာျဖစ္ပါတယ္။ တခ်ိဳ႕က်ေတာ့ ခန႔္အပ္တဲ့ရာခိုင္ႏႈန္းနည္းပါတယ္။ ဒါ့ေၾကာင့္ဒီျပပြဲကေနအလုပ္ေလွ်ာက္လိုက္တာက ကိုယ့္အတြက္အလုပ္ရဖို႔အခြင့္အေရး တကယ္ရွိ၊မရွိဆိုတာကိုသိရွိဖို႔လိုအပ္တာျဖစ္ပါတယ္။
ကြၽန္ေတာ္၊ကြၽန္မရဲ႕ Resume ကိုထားခဲ့ခ်င္ပါတယ္။ ကုမၸဏီရဲ႕တာဝန္ရွိသူတစ္ဦးဦးနဲ႔ဆက္သြယ္ႏိုင္ဖို႔ဖုန္း သို႔မဟုတ္ အီးေမးလ္မ်ားရႏိုင္မလား။ ကြၽန္ေတာ္၊ ကြၽန္မကိုဘာေတြေမးခ်င္တာရွိပါသလဲ
တစ္ခါတေလမွာကိုယ့္ရဲ႕အလုပ္ေလွ်ာက္လႊာကအလုပ္ရွင္လက္ထဲေခ်ာေခ်ာေမာေမာေရာက္မသြားတာမ်ိဳး ရွိႏိုင္တာမို႔ဆက္သြယ္ရမယ့္ဖုန္းတစ္ခုခုကိုလိုအပ္တာျဖစ္ပါတယ္။ ဒါမွကိုယ့္ေလွ်ာက္လႊာနဲ႔ပတ္သက္ၿပီး Follow Up လိုက္ႏိုင္မွာပါ။ ကြၽန္ေတာ္၊ကြၽန္မကို ဘာေတြေမးခ်င္တာရွိပါသလဲလို႔ေမးလိုက္တာက ေကာင္းမြန္တဲ့ႏႈတ္ဆက္စကားေလးျဖစ္ေစပါတယ္။သူတို႔ဘက္ကမေမးေတာ့ဘူးဆိုရင္ကိုယ္ကႏႈတ္ဆက္ၿပီးျပန္ႏိုင္ပါၿပီ။ဒါေလးေတြကေတာ့ အလုပ္အကိုင္ျပပြဲတစ္ခုသြားတဲ့အခါ၊ အဲဒီမွာအလုပ္ေလွ်ာက္ျဖစ္တဲ့အခါေမးၾကည့္သင့္တဲ့ေမးခြန္းေတြပဲျဖစ္ပါတယ္။ ဒီလိုျပပြဲမွာသြားမေမးသင့္တဲ့ေမးခြန္းေတြကိုလည္းထပ္မံေဖာ္ျပေပးပါဦးမယ္။
Ju Ju
Leave a Reply