Netflix ရဲ့ Elite ဇာတ်လမ်းတွဲ သရုပ်ဆောင် ဂျူလီယန် အော်တီဂါ ကွယ်လွန်

နာမည်ကျော်စပိန်ဘာသာစီးဖြစ်တဲ့ Netflix ဒရာမာစီးရီး Elite မှာထင်ရှားကျော်ကြားတဲ့စပိန်မင်းသား ဂျူလီယန် အော်တီဂါက အသက် ၄၁အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့နိုင်ငံရဲ့သရုပ်ဆောင်မင်းသားနဲ့ မင်းသမီးများ သမဂ္ဂကနေ ကြေညာခဲ့ပါတယ်။“သူ့မိသားစုနဲ့ သူ ငယ်ချင်းတွေအတွက် အလေးနက်ဆုံး ဝမ်းနည်းကြောင်း” သမဂ္ဂကတနင်္လာနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။စပိန် မင်းသမီး ဂလိုရီယာ မူနဇ်ရဲ့သား အော်တီဂါကို ၁၉၈၃ ခုနှစ်မှာ မက်ဒရစ်မြို့မှာမွေးဖွားခဲ့ပါတယ်။ မင်းသားက စပိန်မြို့တော်ရှိ ဒရာမာကျောင်းကို တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

သူက ၂၀၀၀ခုနှစ်မှာ ဒရာမာ “El Otro Barrio” (“The Other Side”) နဲ့ ၂၀၀၈ခုနှစ်မှာထိတ်လန့်ဖွယ်စိတ်ကူးယဉ် “La raíz del mal” လိုမျို စပိန်ဘာသာစကားနဲ့ ရုပ်ရှင်များမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူက Netflix ရဲ့ “Elite” အပိုင်းခြောက်ပိုင်းမှာ ပါဝင်ပြီးနောက်ငံတကာမှာထင်ရှားကျော်ကြားလာခဲ့ပြီး စပိန်ရုပ်သံစီးရီးများစွာမှာ ပါဝင်ခဲ့ပါတယ်။မင်းက လူကောင်းတယောက်ပါ။ အမြဲ နှိမ့်ချတယ်၊ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့သဘောထားကြီးတယ်၊ တွေးခေါ်တတ်သူဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ပါ။အရာအားလုံးအ တွက် ကျေးဇူးတင်ပါတယ်လို့ သူ့ရဲ့ Countrysidecostar Ruth Diaz က Instagram မှာ ရေးသားခဲ့ပါတယ်။သူသေဆုံးရတဲ့အကြောင်းအရင်းကိုတော့ တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။

MYit

zawgyi

နာမည္ေက်ာ္စပိန္ဘာသာစီးျဖစ္တဲ့ Netflix ဒရာမာစီးရီး Elite မွာထင္ရွားေက်ာ္ၾကားတဲ့စပိန္မင္းသား ဂ်ဴလီယန္ ေအာ္တီဂါက အသက္ ၄၁အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တယ္လို႔ႏိုင္ငံရဲ႕သ႐ုပ္ေဆာင္မင္းသားနဲ႔ မင္းသမီးမ်ား သမဂၢကေန ေၾကညာခဲ့ပါတယ္။“သူ႔မိသားစုနဲ႔ သူ ငယ္ခ်င္းေတြအတြက္ အေလးနက္ဆုံး ဝမ္းနည္းေၾကာင္း” သမဂၢကတနလၤာေန႔က ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။စပိန္ မင္းသမီး ဂလိုရီယာ မူနဇ္ရဲ႕သား ေအာ္တီဂါကို ၁၉၈၃ ခုႏွစ္မွာ မက္ဒရစ္ၿမိဳ႕မွာေမြးဖြားခဲ့ပါတယ္။ မင္းသားက စပိန္ၿမိဳ႕ေတာ္ရွိ ဒရာမာေက်ာင္းကို တက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။

သူက ၂၀၀၀ခုႏွစ္မွာ ဒရာမာ “El Otro Barrio” (“The Other Side”) နဲ႔ ၂၀၀၈ခုႏွစ္မွာထိတ္လန႔္ဖြယ္စိတ္ကူးယဥ္ “La raíz del mal” လိုမ်ိဳ စပိန္ဘာသာစကားနဲ႔ ႐ုပ္ရွင္မ်ားမွာပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။သူက Netflix ရဲ႕ “Elite” အပိုင္းေျခာက္ပိုင္းမွာ ပါဝင္ၿပီးေနာက္ငံတကာမွာထင္ရွားေက်ာ္ၾကားလာခဲ့ၿပီး စပိန္႐ုပ္သံစီးရီးမ်ားစြာမွာ ပါဝင္ခဲ့ပါတယ္။မင္းက လူေကာင္းတေယာက္ပါ။ အၿမဲ ႏွိမ့္ခ်တယ္၊ အၿမဲတမ္း ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔သေဘာထားႀကီးတယ္၊ ေတြးေခၚတတ္သူျဖစ္ၿပီး လုပ္ေဖာ္ကိုင္ဖက္ေကာင္းတစ္ေယာက္ပါ။အရာအားလုံးအ တြက္ ေက်းဇူးတင္ပါတယ္လို႔ သူ႔ရဲ႕ Countrysidecostar Ruth Diaz က Instagram မွာ ေရးသားခဲ့ပါတယ္။သူေသဆုံးရတဲ့အေၾကာင္းအရင္းကိုေတာ့ တရားဝင္ထုတ္ျပန္ျခင္းမရွိပါဘူး။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*