ထိုက်တန်တဲ့လစာရရှိမှုရဲ့ အကျိုးသက်ရောက်မှု (၅)ခု

အလုပ်ထဲမှာ ကိုယ်က ကြိုးစားရင် ကြိုးစားသလောက်ကို ကိုယ့်တန်ဖိုးကိုသိတဲ့ အလုပ်ရှင်တွေနဲ့တွေ့ရပြီဆိုရင် အဲဒီလူက ဒီအချက်တွေကို ခံစားရနိုင်ပါတယ်။ အဖွဲ့အစည်းတခု၊ ကုမ္ပဏီတခုမှာကိုယ့်တန်ဖိုးနဲ့ညီမျှတဲ့ လစာငွေရရှိတာက ဒီအရာတွေကို အဓိကသက်ရောက်မှုဖြစ်စေနိုင်ပါတယ်။

ဝန်ထမ်းများရဲ့ စိတ်ဓာတ်မြှင့်တင်ပေးတာ

အလုပ်ထဲမှာ ကိုယ့်ကြိုးစားရင် ကြိုးစားသလို ထိုက်တန်တဲ့ လစာရတာရဲ့အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတခုကတော့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးတာပါပဲ။ ဝန်ထမ်းများက တူညီတဲ့အလုပ်အတွက် တူညီတဲ့လစာကိုရရှိတဲ့အခါမှာလုပ်ငန်းခွင်အတွင်းမှာ တရားမျှတမှုနဲ့ လေးစားမှုတို့ကို တိုးပွားစေပါတယ်။ ဒီအချက်ကပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်ကျေနပ်မှု၊ ပိုမိုမြင့်မားတဲ့ စိတ်ဓာတ်နဲ့ အဖွဲ့အစည်းအပေါ်သစ္စာစောင့်သိမှုတို့ ပိုမိုအားကောင်းလာစေနိုင်ပါတယ်။ ဝန်ထမ်းအများစုကထိုက်သင့်တဲ့လစာရရှိတယ်လို့ မခံစားရတဲ့အခါ စိတ်ဓာတ်အပါအဝင်ကုန်ထုတ်စွမ်းအားတွေကျဆင်းလာနိုင်ပါတယ်။

ဆွဲဆောင်မှုနဲ့ စွမ်းရည်ကို ထိန်းသိမ်းနိုင်တာ

ထိုက်တန်တဲ့လစာရတာတဲ့ အပြုသဘောဆောင်သောသက်ရောက်မှုနောက်တခုကတော့ထိပ်တန်းအရည်အချင်းရှိသူကို ဆွဲဆောင်ထားနိုင်တာပါ။ အလုပ်ရှာဖွေသူ အများအပြားကထိုက်တန်တဲ့ လုပ်ခလစာရရှိရေးကို ပိုမိုအာရုံစိုက်လာကြပြီ ပြိုင်ဆိုင်မှု၊ မျှတတဲ့လစာပေးဆောင်မှုက မတူကွဲပြားပြီး ကျွမ်းကျင်တဲ့ လုပ်သားအင်အားကိုဆွဲဆောင်နိုင်စေပါတယ်။

မတူကွဲပြားမှုနဲ့ အားလုံးပါဝင်မှု

နောက်တချက်ကတော့ ထိုက်တန်တဲ့လစာက ကျား၊ မ၊ လူမျိုး၊ လိင်စတာတွေအပေါ် အခြေခံတဲ့လစာကွာဟချက်ကို ဖယ်ရှားခြင်းဖြင့် လုပ်ငန်းခွင်မှာ ကွဲပြားမှုနဲ့ အားလုံးပါဝင်မှုကို မြှင့်တင်ဖို့ကူညီပေးပါတယ်။ ဒီအချက်က ဝန်ထမ်းများအားလုံးအတွက် နောက်ခံအခြေအ နေဘယ်လိုပင်ရှိစေကာမူ တန်းတူအခွင့်အရေးကို အားပေးပါတယ်။

ကုန်ထုတ်စွမ်းအားတိုးစေတာ

အပြုသဘောဆောင်တဲ့ သက်ရောက်မှုနောက်တခုကတော့ ကုန်ထုတ်စွမ်းအားတိုးစေတာပါပဲ။မျှတစွာ လုပ်ခလစာရတယ်လို့ ယုံကြည်တဲ့ ဝန်ထမ်းတွေက အလုပ်မှာပိုမိုစိတ်အားထက်သန်ကြပြီး ကတိကဝတ်များပေးလေ့ရှိပါတယ်။ ဒီအချက်ကအဖွဲ့အစည်းအတွင်း ပိုမိုမြင့်မားတဲ့ ကုန်ထုတ်စွမ်းအားနဲ့ စွမ်းဆောင်ရည်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဂုဏ်သိက္ခာနဲ့ ပုံရိပ်

ထိုက်တန်တဲ့လစာပေးတဲ့အခါ ကုမ္ပဏီများအတွက် အပြုသဘောဆောင်တဲ့ အာရုံစိုက်မှုနဲ့မီဒီယာလွှမ်းခြုံမှုကို ရရှိကြမှာဖြစ်ပြီး ဒီအချက်က လူထုပုံရိပ်ကို မြှင့်တင်ပေးပါတယ်။ဖောက်သည်များ၊ ဝန်ထမ်းများနဲ့ ရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုကောင်းမွန်တဲ့ဂုဏ်သတင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုက်တန်တဲ့ လစာပေးတဲ့အကျင့်က ဝန်ထမ်းများနဲ့ အလုပ်ရှင်များအတွက် ကောင်းမွန်တဲ့စိတ်ဓာတ်၊ ပိုမိုကောင်းမွန်တဲ့ ကုန်ထုတ်စွမ်း အားများအပါအဝင် ကျယ်ပြန့်တဲ့အကျိုးသက်ရောက်မှုများ ရှိနိုင်ပါတယ်။ သို့ပေမဲ့ သိသာထင်ရှားတဲ့ ဖွဲ့စည်းပုံဆိုင်ရာပြောင်းလဲမှုများလိုအပ်တာ ဒါမှမဟုတ် ကုန်ကျစရိတ်တိုးမြှင့်မှုကဲ့သို့ မူဝါဒများအကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုများရှိနိုင်ပါတယ်။ ရေတိုအခက်အခဲများ ရှိနိုင်ပေမဲ့တရားမျှတပြီး ပိုမိုပါဝင်နိုင်တဲ့ လုပ်ငန်းခွင်တခုဖန်တီးမှုရဲ့ ရေရှည်အကျိုးခံစားခွင့်များကစိန်ခေါ်မှုများထက် သာလွန်ကောင်း မွန်ပါတယ်။

MYit

zawgyi













MYit

Be the first to comment

Leave a Reply

Your email address will not be published.


*