လုပ်ငန်းခွင်ထဲမှာ Creativity ကောင်းအောင်ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ

ဖန်တီးနိုင်စွမ်း Creativity ဆိုတာက ဘဝရဲ့အစိတ်အပိုင်းအများကြီးမှာအသုံးဝင်ပါတယ်။လုပ်ငန်းခွင်မှအစ ပြဿနာအမျိုးမျိုးကိုဖြေရှင်းတဲ့နေရာအထိ Creativity ကပါဝင်နေမှာဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာဖန်တီးနိုင်စွမ်းတိုးလာအောင်ပံ့ပိုးပေးတာက အလုပ်အတွက်ဆန်းသစ်တဲ့အဖြေတွေရလာစေပါတယ်။ ပရောဂျက်အသစ်လာတိုင်းမြန်မြန်သင်ယူလုပ်ဆောင်နိုင်တယ်၊Customer ရဲ့တောင်းဆိုမှုကိုထူးခြားတဲ့အိုင်ဒီယာတွေနဲ့ဝန်ဆောင်မှုပေးနိုင်လာတယ်၊အလုပ်ကိုငြီးငွေ့တာမျိုးမရှိဘဲအလုပ်မှာပိုမိုပျော်ရွှင်လာစေပါတယ်။ဒါကြောင့် ဘယ်အရာတွေက Creativity ပိုင်းကို ရေရှည်အထိအကျိုးသက်ရောက်စေမလဲဆိုတာလေ့လာကြည့်ရအောင်။

Creativity တိုးလာစေဖို့အတွက် University of Essex နဲ့ Humboldt University of Berlin တို့ပူးပေါင်းပြီးစာတမ်းတွေအပြင်လုပ် ငန်းရှင်၊ မန်နေဂျာ၊ ဝန်ထမ်းတွေဆီကနေထွက်လာတဲ့အဖြေတွေကို Psychological Study ပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီအချက်တွေကိုရရှိလာတာဖြစ်ပါတယ်။Creativity တိုးလာစေသော နည်းလမ်းများ

Brainstorming
Brainstorming ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့ကြပြီးဖောက်ထွကတွေးတောမှုအတွက် မဖြစ်မနေလုပ်ရမယ့်အရာဖြစ်ပါတယ်။ Brainstorming လုပ်တဲ့နေရာမှာပါဝင်တဲ့သူအားလုံးဟာ Open-minded ဖြစ်ရပါမယ်။ ဒါမှာကန့်သတ်နေတဲ့ဘောင်တွေကိုကျော်လွန်ပြီး Idea ကောင်းတွေထွက်လာမှာဖြစ်ပါတယ်။

Meditation
Meditation လုပ်တာကစိတ်နဲ့ခန္ဓာအတွက်သာမက အသက်မွေးဝမ်းကြောင်းအလုပ်မှာတိုးတက်အောင်မြင်လာစေဖို့အတွက် တကယ့်ကိုအထောက်အကူပြုပါတယ်။ဦးနှောက်ကိုရှင်းထားတတ်သူဟာ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေအတွက်အမြဲနေရာရှိပါတယ်။စိတ်ဖိစီးမှု၊စိတ်ပူပန်မှုတွေကိုလျော့ကျစေဖို့နဲ့ စိတ်ကိုထိန်းချုပ်နိုင်မှုူ၊ မိမိကိုယ်ကိုသိနားလည်ပြီးကုစားနိုင်မှုတို့အတွက် Meditation ကအရေးပါပါတယ်။

Brainwriting
ကြုံနေရတဲ့ပြဿနာတွေကိုချရေးပြီး အဖြေရှာတဲ့နည်းဖြစ်ပါတယ်။ ဒါကို အဖွဲ့နဲ့လုပ်ဆောင်တယ်ဆိုရင်အဖွဲ့ဝင်တစ်ဦးချင်းစီက ဖြေရှင်းနိုင်မယ့်နည်းတွေထုတ်လာရမှာဖြစ်ပါတယ်။အားလုံးရဲ့အဖြေတွေကိုစုပေါင်းပြီး အကောင်းဆုံးအဖြေတစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Storyboarding
ကြော်ငြာနဲ့ဗီဒီယိုတွေဖန်တီးရာမှာ မဖြစ်မနေအသုံးပြုရတဲ့ Storyboard ရေးတာကိုဒီနေရာမှာလည်းအသုံးချနိုင်ပါတယ်။ ဖြစ်စဉ်ကို ပုံဆွဲ၊စာရေးတာမျိုးလုပ်ပြီးအဖြေတစ်ခုထွက်မလာခင်မှာလည်း ထပ် ထပ်ပြီးပြင်နိုင်သေးတဲ့အတွက်အဆင်ပြေတဲ့နည်းလမ်းတစ်ခုပါ။

Traveling
Creativity အတွက် ပြည်တွင်းပြည်ပခရီးများများသွားပေးနိုင်ရင်တော့အကောင်းဆုံးပါပဲ။ပြည်ပနိုင်ငံတွေကိုလည်ပတ်ခြင်းကနေ ဘဝနေထိုင်မှု၊ အလုပ်အကိုင်၊ အစားအသောက်နဲ့မတူညီတဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို သိလာမှာမို့စိတ်ကူးဖန်တီးခြင်းတွေဟာလည်းဆန်းသစ်လာမှာဖြစ်ပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ခရီးထွက်တာပဲဖြစ်ဖြစ်၊အလုပ်ကစီစဉ်ပေးတဲ့ခရီးတွေပဲဖြစ်ဖြစ် သွားကိုသွားသင့်ပါတယ်နော်။ဝန်ထမ်းတွေရဲ့အဆိုအရ အလုပ်ချိန်ကို ညှိနှိုင်းလို့ရအောင်လုပ်ပေးတာမျိုး၊ Productive ဖြစ်ဖို့ပဲလိုတယ်၊ဘယ်နေရာမှာဖြစ်ဖြစ် အလုပ်လုပ်နိုင်တယ်ဆိုတာမျိုးက ဖန်တီးနိုင်စွမ်းကိုပိုပြီးအထောက်အပံ့ပေးတယ်လို့ဆိုကြပါတယ်။

အလုပ်ရှင်တွေအနေနဲ့ ဖန်တီးခြင်းအတွက်စဉ်းစားအဖြေရှာလို့ကောင်းမယ့်နေရာလေး သို့မဟုတ်အခန်းလေးဖန်တီးပေးထားသင့်ပါတယ်။ အခန်းအနေအထား၊ မီးအလင်းအမှောင်၊အလှဆင်ပစ္စည်းတွေကအစသာမန်နဲ့ကွဲထွက်နေပြီး အနှောင့်အယှက်ကင်းတဲ့နေရာလေးဖြစ်ဖို့လိုပါတယ်။ဖန်တီးမှုတိုင်းအတွက် ထိုက်တန်တဲ့ဆုတစ်ခုခုပေးတာကလည်း ဝန်ထမ်းတွေရဲ့ဖန်တီးချင်စိတ်ကိုပိုပြီးအားပေးပါတယ်။အားလုံးပဲ Creativity ကောင်းကောင်းနဲ့အလုပ်မှာအောင်မြင်ကြပါစေ။

Ju Ju

zawgyi

ဖန္တီးႏိုင္စြမ္း Creativity ဆိုတာက ဘဝရဲ႕အစိတ္အပိုင္းအမ်ားႀကီးမွာအသုံးဝင္ပါတယ္။လုပ္ငန္းခြင္မွအစ ျပႆနာအမ်ိဳးမ်ိဳးကိုေျဖရွင္းတဲ့ေနရာအထိ Creativity ကပါဝင္ေနမွာျဖစ္ပါတယ္။လုပ္ငန္းခြင္ထဲမွာဖန္တီးႏိုင္စြမ္းတိုးလာေအာင္ပံ့ပိုးေပးတာက အလုပ္အတြက္ဆန္းသစ္တဲ့အေျဖေတြရလာေစပါတယ္။ ပေရာဂ်က္အသစ္လာတိုင္းျမန္ျမန္သင္ယူလုပ္ေဆာင္ႏိုင္တယ္၊Customer ရဲ႕ေတာင္းဆိုမႈကိုထူးျခားတဲ့အိုင္ဒီယာေတြနဲ႔ဝန္ေဆာင္မႈေပးႏိုင္လာတယ္၊အလုပ္ကိုၿငီးေငြ႕တာမ်ိဳးမရွိဘဲအလုပ္မွာပိုမိုေပ်ာ္႐ႊင္လာေစပါတယ္။ဒါေၾကာင့္ ဘယ္အရာေတြက Creativity ပိုင္းကို ေရရွည္အထိအက်ိဳးသက္ေရာက္ေစမလဲဆိုတာေလ့လာၾကည့္ရေအာင္။

Creativity တိုးလာေစဖို႔အတြက္ University of Essex နဲ႔ Humboldt University of Berlin တို႔ပူးေပါင္းၿပီးစာတမ္းေတြအျပင္လုပ္ ငန္းရွင္၊ မန္ေနဂ်ာ၊ ဝန္ထမ္းေတြဆီကေနထြက္လာတဲ့အေျဖေတြကို Psychological Study ျပဳလုပ္ခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ဒီအခ်က္ေတြကိုရရွိလာတာျဖစ္ပါတယ္။Creativity တိုးလာေစေသာ နည္းလမ္းမ်ား

Brainstorming
Brainstorming ကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက က်င့္သုံးလာခဲ့ၾကၿပီးေဖာက္ထြကေတြးေတာမႈအတြက္ မျဖစ္မေနလုပ္ရမယ့္အရာျဖစ္ပါတယ္။ Brainstorming လုပ္တဲ့ေနရာမွာပါဝင္တဲ့သူအားလုံးဟာ Open-minded ျဖစ္ရပါမယ္။ ဒါမွာကန႔္သတ္ေနတဲ့ေဘာင္ေတြကိုေက်ာ္လြန္ၿပီး Idea ေကာင္းေတြထြက္လာမွာျဖစ္ပါတယ္။

Meditation
Meditation လုပ္တာကစိတ္နဲ႔ခႏၶာအတြက္သာမက အသက္ေမြးဝမ္းေၾကာင္းအလုပ္မွာတိုးတက္ေအာင္ျမင္လာေစဖို႔အတြက္ တကယ့္ကိုအေထာက္အကူျပဳပါတယ္။ဦးေႏွာက္ကိုရွင္းထားတတ္သူဟာ ဆန္းသစ္တဲ့ စိတ္ကူးစိတ္သန္းေတြအတြက္အၿမဲေနရာရွိပါတယ္။စိတ္ဖိစီးမႈ၊စိတ္ပူပန္မႈေတြကိုေလ်ာ့က်ေစဖို႔နဲ႔ စိတ္ကိုထိန္းခ်ဳပ္ႏိုင္မႈူ၊ မိမိကိုယ္ကိုသိနားလည္ၿပီးကုစားႏိုင္မႈတို႔အတြက္ Meditation ကအေရးပါပါတယ္။

Brainwriting
ႀကဳံေနရတဲ့ျပႆနာေတြကိုခ်ေရးၿပီး အေျဖရွာတဲ့နည္းျဖစ္ပါတယ္။ ဒါကို အဖြဲ႕နဲ႔လုပ္ေဆာင္တယ္ဆိုရင္အဖြဲ႕ဝင္တစ္ဦးခ်င္းစီက ေျဖရွင္းႏိုင္မယ့္နည္းေတြထုတ္လာရမွာျဖစ္ပါတယ္။အားလုံးရဲ႕အေျဖေတြကိုစုေပါင္းၿပီး အေကာင္းဆုံးအေျဖတစ္ခုကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။

Storyboarding
ေၾကာ္ျငာနဲ႔ဗီဒီယိုေတြဖန္တီးရာမွာ မျဖစ္မေနအသုံးျပဳရတဲ့ Storyboard ေရးတာကိုဒီေနရာမွာလည္းအသုံးခ်ႏိုင္ပါတယ္။ ျဖစ္စဥ္ကို ပုံဆြဲ၊စာေရးတာမ်ိဳးလုပ္ၿပီးအေျဖတစ္ခုထြက္မလာခင္မွာလည္း ထပ္ ထပ္ၿပီးျပင္ႏိုင္ေသးတဲ့အတြက္အဆင္ေျပတဲ့နည္းလမ္းတစ္ခုပါ။

Traveling
Creativity အတြက္ ျပည္တြင္းျပည္ပခရီးမ်ားမ်ားသြားေပးႏိုင္ရင္ေတာ့အေကာင္းဆုံးပါပဲ။ျပည္ပႏိုင္ငံေတြကိုလည္ပတ္ျခင္းကေန ဘဝေနထိုင္မႈ၊ အလုပ္အကိုင္၊ အစားအေသာက္နဲ႔မတူညီတဲ့ယဥ္ေက်းမႈဓေလ့ထုံးစံေတြကို သိလာမွာမို႔စိတ္ကူးဖန္တီးျခင္းေတြဟာလည္းဆန္းသစ္လာမွာျဖစ္ပါတယ္။ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ခရီးထြက္တာပဲျဖစ္ျဖစ္၊အလုပ္ကစီစဥ္ေပးတဲ့ခရီးေတြပဲျဖစ္ျဖစ္ သြားကိုသြားသင့္ပါတယ္ေနာ္။ဝန္ထမ္းေတြရဲ႕အဆိုအရ အလုပ္ခ်ိန္ကို ညႇိႏႈိင္းလို႔ရေအာင္လုပ္ေပးတာမ်ိဳး၊ Productive ျဖစ္ဖို႔ပဲလိုတယ္၊ဘယ္ေနရာမွာျဖစ္ျဖစ္ အလုပ္လုပ္ႏိုင္တယ္ဆိုတာမ်ိဳးက ဖန္တီးႏိုင္စြမ္းကိုပိုၿပီးအေထာက္အပံ့ေပးတယ္လို႔ဆိုၾကပါတယ္။

အလုပ္ရွင္ေတြအေနနဲ႔ ဖန္တီးျခင္းအတြက္စဥ္းစားအေျဖရွာလို႔ေကာင္းမယ့္ေနရာေလး သို႔မဟုတ္အခန္းေလးဖန္တီးေပးထားသင့္ပါတယ္။ အခန္းအေနအထား၊ မီးအလင္းအေမွာင္၊အလွဆင္ပစၥည္းေတြကအစသာမန္နဲ႔ကြဲထြက္ေနၿပီး အေႏွာင့္အယွက္ကင္းတဲ့ေနရာေလးျဖစ္ဖို႔လိုပါတယ္။ဖန္တီးမႈတိုင္းအတြက္ ထိုက္တန္တဲ့ဆုတစ္ခုခုေပးတာကလည္း ဝန္ထမ္းေတြရဲ႕ဖန္တီးခ်င္စိတ္ကိုပိုၿပီးအားေပးပါတယ္။အားလုံးပဲ Creativity ေကာင္းေကာင္းနဲ႔အလုပ္မွာေအာင္ျမင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*