Customer ရဲ့မကျေနပ်ချက်ကို အားသာချက်ဖြစ်အောင်ဘယ်လိုကိုင်တွယ်မလဲ

September 3, 2023 Aung Khant Mon 0

Customer နဲ့တိုက်ရိုက်ထိတွေ့ပြီး ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေတိုင်းမှာ Customer ရဲ့မကျေနပ်ချက်လေးတွေကို ရံဖန်ရံခါကြုံတွေ့ဖြေရှင်းရလေ့ရှိပါတယ်နော်။ဒီလိုဖြစ်လာတဲ့အခါ ပြဿနာကိုအကောင်းဘက်ရောက်လာအောင်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိဖို့လိုပါတယ်။ ဒီလိုဖြေရှင်းနိုင်စွမ်းဟာ မန်နေဂျာတင်မကဘဲအောက်ခြေဝန်ထမ်းတွေမှာလည်းရှိနေဖို့လိုပါတယ်။ပြဿနာကိုကိုယ်ကကောင်းကောင်းဖြေရှင်းနိုင်ခဲ့ရင် Customer နဲ့အရင်ထက်ပိုပြီးဆက်ဆံရေးခိုင်မာသွားစေနိုင်သလို ကိုယ့်ကုမ္ပဏီအမှတ်တံဆိပ်ကို လည်းပိုပြီးနာမည် ကောင်းရသွားစေနိုင်ပါတယ်။ Customer Service ကောင်းမှလည်း ကိုယ့်ပြိုင်ဘက်တွေထက်ခြေတစ်လှမ်းသာနေမှာဖြစ်ပါတယ်။ တကယ်လို့ ပြဿနာကိုအဆင်ပြေအောင် မကိုင်တွယ်နိုင်ခဲ့ရင်တော့ အပေါ်ကအချက်တွေနဲ့ပြောင်းပြန်ရလဒ်တွေဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် Customer နဲ့ပြဿနာဖြစ်လာချိန်တိုင်းဒီအချက်တွေကို […]

မန်နေဂျာအသစ်တစ်ယောက်အနေနဲ့ ပထမဆုံး Meeting မှာဘာတွေပြောမလဲ

September 2, 2023 Aung Khant Mon 0

First Impression ဆိုတာတစ်ကြိမ်ပဲရနိုင်တယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။မန်နေဂျာအသစ်တစ်ယောက်အတွက် ဝန်ထမ်းတွေနဲ့တွေ့ဆုံရတဲ့ ပထမဆုံး Meeting ဟာလည်းအရေးကြီးလှပါတယ်။ဒီလိုပထမဆုံး Meeting အတွက် မန်နေဂျာတစ်ယောက်အနေနဲ့စိတ်လှုပ်ရှားတတ်ကြတာသဘာဝဖြစ်သလို ဝန်ထမ်းတွေကလည်းကိုယ့်ကိုပုံမှန်ထက်ပိုစူးစမ်းလိုစိတ်ရှိနေကြမှာလည်း အမှန်ပါပဲ။ မန်နေဂျာအသစ်တစ်ယောက်အနေနဲ့ပထမဆုံး Meeting ကိုချောချောမောမောအောင်အောင်မြင်မြင် ပြီးမြောက်စေဖို့အတွက်ကြိုတင်ပြင်ဆင်မှုကအဓိကသော့ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် Team Meeting ပဲဖြစ်ဖြစ်တစ်ဦးချင်းတွေ့ဆုံတဲ့ Meeting မှာပဲဖြစ်ဖြစ် အချိန်တိုတိုနဲ့အကျိုးရှိရှိဖြစ်စေဖို့ ဒီလိုအခြေခံကျတဲ့အချက်လေးတွေကို […]

မမှားယွင်းနိုင်သော Career ရွေးချယ်နည်း

August 29, 2023 Aung Khant Mon 0

ကိုယ်ဘယ်လိုအလုပ်မျိုးနဲ့အသက်မွေးသင့်လဲဆိုတာကို အရွယ်ရောက်ပြီးလူကြီးတွေတောင်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချနိုင်တာမျိုးရှိတတ်ကြပါတယ်။ လူငယ်တွေအနေနဲ့သူတို့ဘဝမှာဘာဖြစ်ချင်တယ်၊ ဘယ်လို Career မျိုးကိုရွေးချယ်ချင်တယ်ဆိုတာကိုသေသေချာချာမသိသေးဘူးဆိုရင်လည်း ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ ဒီလိုမသိတဲ့အတွက်အပြစ်တင်လို့မရပါဘူး။ဒါကြောင့်လူငယ်တွေအနေနဲ့ အလုပ်စလုပ်တော့မယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုကိုရွေးချယ်တော့မယ်ဆိုရင် ကိုယ်စိတ်ဝင်စားတာနဲ့ကွက်တိကျတဲ့အလုပ်မျိုးကိုရစေဖို့ဘယ်လိုစဥ်းစားအဖြေရှာသင့်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်နော်။ အခြေခံအကျဆုံးအချက်ကတော့ အလုပ်ရှာတဲ့အခါ ဖော်ပြထားတဲ့အလုပ်အတွက်လုပ်ဆောင်ရမယ့်တာဝန်တွေကိုဖတ်ရင်းနဲ့ကိုယ်နဲ့အဆင်ပြေမပြေဆိုတာကိုအကြမ်းဖျင်းသိနိုင်ပါတယ်။နောက်တစ်နည်းကတော့ Career test ၊ Personality Type Quizzes တွေကနေလည်းကိုယ်နဲ့ဘယ်အလုပ်သင့်တော်မလဲဆိုတာကို သိနိုင်ပါတယ်။ဒီလိုရွေးချယ်မှုလေးတွေလုပ်နိုင်ပေမယ့် တကယ့်တကယ်ဆုံးဖြတ်ရတော့မယ်ဆိုရင် မှန်ကန်တဲ့ Career […]

လစာတိုးတောင်းဖို့အကောင်းဆုံးအချိန်

August 27, 2023 Aung Khant Mon 0

ကုမ္ပဏီအလုပ်တွေဟာ လုပ်သက်ကြာလာတိုင်းလစာတိုးပေးတာမျိုးတော့မဟုတ်ပါဘူး။တချို့အလုပ်လုပ်ခါစလူငယ်လေးတွေအနေနဲ့ ဘေးလူတွေက မင်းဒီလောက်ဆိုလစာတိုးခိုင်းသင့်နေပြီဘာညာဆိုတဲ့မြှောက်ပေးမှုတွေကြောင့် လစာတိုးတောင်းမိတာမျိုးဆိုရင် တခါတလေမှာအလုပ်တောင်ထုတ်ခံလိုက်ရတဲ့အဖြစ်မျိုးရှိကြပါတယ်။ ဒါကြောင့်လစာတိုးတောင်းနိုင်ဖို့ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်အချိန်မှာတိုးတောင်းသင့်သလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။အရင်ဆုံး ကိုယ့်ကိုဘာလို့လစာပိုပေးသင့်တာလဲဆိုတာကို ကိုယ်တိုင်ကရော၊သူဌေးကရောရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်နော်။ လစာတိုးတောင်းဖို့အတွက်ကိုယ့်ကိုယ်ကိုယ်ရိုးသားဖို့၊ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်ချက်ရှိဖို့လိုပါတယ်။ ကိုယ်ကတကယ်ရောတိုးတောင်းမယ့်လစာနဲ့ညီမျှတဲ့အလုပ်ကိုလုပ်နိုင်ပြီလားဆိုတာသုံးသပ်ရပါမယ်။ကိုယ်ကလစာတိုးဖို့အတွက်အရည်အချင်းမမီဘဲပြောမိတယ်ဆိုရင်လူလျှော့တဲ့ထဲပါသွားနိုင်လို့ဖြစ်ပါတယ်။ ကိုယ်ကဒီ့ထက်မကလစာပိုရဖို့ထိုက်တန်ပြီဆိုရင် စိတ်ရှည်ပါ။ အချိန်အခါကောင်းကိုစောင့်ကြည့်ပါ။အကောင်းဆုံးကတော့ နှစ်ဝက်၊သို့မဟုတ် နှစ်ပြည့်လိုအချိန်မျိုးမှာ ပြောတာအကောင်းဆုံးပါပဲ။Performance Review လုပ်တဲ့အချိန်မျိုးက လခတိုးတောင်းကြည့်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ဒီလိုလစာတိုးတောင်းဖို့ရည်ရွယ်ထားပြီဆိုရင် Meeting တွေမှာလည်းကိုယ့်ရဲ့တိုးတက်လာမှုူ၊လေ့လာသင်ယူနေမှုတွေကို မြင်သာအောင်ပြောပါ၊ပြသပါ။လစာတိုးပေးဖို့အတွက် […]

အလုပ်အင်တာဗျူးအတွက် သင်မကြားဖူးသေးတဲ့အကြံပြုချက် ၅ ချက်

August 25, 2023 Aung Khant Mon 0

အလုပ်အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်လိုပြင်ဆင်ရမယ်၊ ကိုယ်ဟန်အမူအရာဘယ်လိုရှိနေရမယ်၊ဘာတွေဝတ်စားသွားရမယ့် စတဲ့အကြောင်းအရာတွေကိုအများကြီးကြားဖူးထားမှာသေချာပါတယ်။ဒါပေမဲ့ အခုဖော်ပြမယ့်အကြံပြုချက် ၅ ချက်ကတော့ခဏခဏကြားဖူးနေမှာမဟုတ်တာသေချာပါတယ်။အဲဒါကဘာတွေလဲဆိုရင်တော့… ၁.ကိုယ့်ကိုအင်တာဗျူးမယ့်သူအကြောင်းလေ့လာပါ အင်တာဗျူးမဝင်ခင် ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်းကိုလေ့လာရမယ်ဆိုတာကတော့သိရှိပြီးဖြစ်မှာပါ။ အဲဒီထက်ပိုပြီးလေ့လာနိုင်တာကတော့ ကိုယ့်ကိုအင်တာဗျူးမယ့်သူအကြောင်းပါပဲ။အင်တာဗျူးမယ့်သူက ဘယ်သူဆိုတာကိုသိရရင် သူ့အကြောင်းကို Linkedin နဲ့ တခြားသော Social Media တွေမှာပါလေ့လာထားနိုင်ပါတယ်။ ဒီလိုလေ့လာထားမယ်ဆိုရင် အင်တာဗျူးဖြေတဲ့အခါကိုယ်ကအရမ်းကြီးစိတ်လှုပ်ရှားနေတာမျိုးမရှိတော့ပါဘူး။ သူနဲ့ကိုယ်ကြား အကြိုက်တူတာလေးတွေ၊အတွေးအမြင်တူတာလေးတွေကိုပါပြောနိုင်တာမို့ […]

အလုပ်အတွက် English စာအမြန်လေ့လာမယ်ဆိုရင်

August 22, 2023 Aung Khant Mon 0

အခုခေတ်မှာ လုပ်ငန်းခွင်ဝင်တော့မယ့်သူတွေအတွက် English စာကပိုမိုအရေးပါလာသလိုလုပ်ငန်းခွင်ထဲကလူတွေအတွက်လည်း English Language ကအခွင့်အလမ်းတွေအများကြီးဖန်တီးပေးနိုင်ပါတယ်။ကိုယ့်ဘဝမှာသိသာတဲ့အချိုးအကွေ့တွေကိုဖန်တီးပေးနိုင်ဖို့ English Language ကရာခိုင်နှုန်းများစွာအရေးပါဆဲပဲဆိုတာ လက်မခံချင်လည်းလက်ခံနေရဦးမှာပါ။ဒါကြောင့်လုပ်ငန်းခွင်ဝင်ခါနီးသူတွေအနေနဲ့ English Language ကိုအမြန်တိုးတက်ချင်ပါတယ်ဆိုရင်ဒီလိုအခြေခံကျတဲ့နည်းတွေနဲ့ လေ့လာနိုင်ဖို့မျှဝေပေးချင်ပါတယ်။ Vocabulary ကိုနေရာတိုင်းမှာသင်ယူပါ အိမ်မှာအိမ်အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ်၊ ဈေးဝယ်ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး Toilet ဝင်နေရင်ပဲဖြစ်ဖြစ် ဘယ်နေရာမှဖြစ်ဖြစ်ဝေါဟာရအသစ်တွေကိုသင်ယူနေသင့်ပါတယ်။သိရှိလာသမျှစကားလုံးအသစ်တွေကို လည်းထပ်ခါထပ်ခါသုံးပေးခြင်းနဲ့မှတ်မိစေနိုင်ပါတယ်။ ဖုန်း […]

Introvert တို့ရွေးချယ်သင့်သောအလုပ်အကိုင်များ

August 21, 2023 Aung Khant Mon 0

ကိုယ်က Introvert လား၊ Extrovert လားခွဲခြားပြီးတော့သိထားတယ်ဆိုရင်အလုပ်အကိုင်ရွေးချယ်ရာမှာလည်း ပိုပြီးတော့အဆင်ပြေပါတယ်နော်။ ကိုယ်ကလူအများနဲ့ရောနှောနေရတာကိုသိပ်မကြိုက်ဘူး၊ ကိုယ့်အာရုံလေးနဲ့ကိုယ်ပဲအလုပ်လုပ်ချင်တယ်ဆိုရင် Career တစ်ခုကိုမစတင်ခင်မှာကတည်းက သေသေချာချာပြင်ဆင်ရွေးချယ်ဖို့လိုပါတယ်။Introvert တစ်ယောက်အနေနဲ့ အားနည်းချက်လို့မဆိုသာပေမယ့်သူတို့အတွက်ခက်ခဲစေတဲ့အရာတွေထဲမှာ လူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံရတာ၊စင်ပေါ်တက်ပြီးစကားပြောဆိုရတာ၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရေးမြန်မြန်တည်ဆောက်ရတာစတဲ့အရာလေးတွေလည်းပါဝင်ပါတယ်။ ဒါကြောင့်သူတို့အတွက် Sales အလုပ်တွေနဲ့ PR အလုပ်တွေကအရမ်းကြီးသင့်တော်တဲ့အထဲမပါဝင်ပါဘူး။လူတွေက ကိုယ့်ကိုယ်ကိုယ် Introvert၊ Extrovert ဆိုပြီးအကြမ်းဖျင်းခွဲခြားတတ်ကြပေမယ့်အမြဲတမ်းတော့ Introvert စစ်စစ်၊ […]

၂၅ ဝန်းကျင်လူငယ်များ အလုပ်မပြောင်းခင်တွေးသင့်တဲ့အချက် ၅ ချက်

August 19, 2023 Aung Khant Mon 0

လုပ်နေကျအလုပ်ကနေ နောက်တစ်ခုပြောင်းတော့မယ်ဆိုရင် စိုးရိမ်စိတ်တွေများကြတာကလူတိုင်းလိုလိုပါပဲ။ ဒါပေမဲ့ အလုပ်လုပ်တာမကြာသေးတဲ့လူငယ်ဘဝမှာတော့ စိုးရိမ်မှုတွေနဲ့အတူအမှားတွေလည်းလုပ်မိတတ်ပါတယ်။ သူငယ်ချင်းကတော့ တစ်လကို ၁၀ သိန်း၊ ၁၅ သိန်းဝင်နေလို့ဆိုပြီးသူလုပ်တဲ့အလုပ်ကိုပြောင်းလုပ်ဖို့စဥ်းစားမိကြတာလည်းရှိပါတယ်။ ရွယ်တူတွေနဲ့နှိုင်းယှဥ်ပြီးစိတ်ဖိစီးမှုဖြစ်ရတာက လူငယ်တွေကြားမှာပိုများပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ Career အသစ်တစ်ခုပြောင်းမယ်ဆိုရင် ဒီအချက် ၅ ချက်ကိုထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ( ၁) တခြားသူကိုမဆုံးဖြတ်ခိုင်းပါနဲ့ ကိုယ်ပြောင်းမယ့်အလုပ်အတွက် အကောင်းအဆိုးတွေကိုအတွေ့အကြုံရှိသူတွေကိုမေးမြန်းတာမှန်ပါတယ်။ […]

Psychological Safety ဆိုတာဘာလဲ၊ဘာ့ကြောင့်လုပ်ငန်းခွင်အတွက်အရေးကြီးတာလဲ

August 17, 2023 Aung Khant Mon 0

Psychological Safety ဆိုတာကတော့ လုပ်ငန်းခွင်အတွင်းမှာ ဝန်ထမ်းအားလုံးဟာ သူတို့ရဲ့ဖြစ်တည်မှု၊သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ကြောက်ရွံ့မှုမရှိ၊ စိုးရိမ်မှုမရှိဘဲ ဖော်ပြနိုင်ခြင်းပဲဖြစ်ပါတယ်။Psychological Safety ရှိတဲ့လုပ်ငန်းခွင်ဟာ ဝန်ထမ်းအချင်းချင်းပွင့်လင်းချစ်ခင်မှုနဲ့တစ်ဦးအပေါ်တစ်ဦးလေးစားမှုရှိကြပြီး သူတို့ရဲ့အိုင်ဒီယာနဲ့ Personality ကိုလွတ်လပ်စွာထုတ်ဖော်နိုင်မှာဖြစ်ပါတယ်။ Psychological Safety အတွက် ဝန်ထမ်းတွေဟာ ဒီအဆင့်တွေကိုဖြတ်ကျော်ရမှာဖြစ်ပါတယ်။Inclusion Safety – Inclusion Safety ဆိုတာကတော့ […]

ဘာ Plan ပဲလုပ်လုပ်အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခု

August 15, 2023 Aung Khant Mon 0

မိတ်ဆွေတို့လည်းကြုံဖူးကြမှာပါ။ အလုပ်တစ်ခုပြီးမြောက်စေဖို့ချမှတ်လိုက်တဲ့ Plan တွေဟာများသောအားဖြင့် ပြီးမြောက်အောင်မြင်မှုမရှိဘဲ Fail ဖြစ်သွားတတ်ကြပါတယ်။ရှုပ်ထွေးများပြားတဲ့ Plan တွေဟာ ရိုးရှင်းတဲ့ Plan တွေထက်အောင်မြင်နိုင်ခြေနည်းပါးပြီးစွဲစွဲမြဲမြဲလုပ်မိစေဖို့ခက်ခဲတတ်ပါတယ်။ဟိုဟာပဲစလုပ်ရမလို ဒီဟာပဲစလုပ်ရမလိုနဲ့ အချိန်ကုန်သွားစေပြီး လက်တွေ့မှာသိသိသာသာပြီးမြောက်အောင်မြင်မှုမရှိတတ်ကြပါဘူး။ တကယ်ကောင်းမွန်တဲ့ Plan နဲ့ Strategy တွေဟာ ရိုးရှင်းပါတယ်။ဒါကြောင့် ကျောင်းသားတွေအတွက်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်ဘယ်အရွယ်အတွက်မဆိုအဆင်ပြေစေတဲ့ ရိုးရှင်းတဲ့အချက်လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။အဲဒါကတော့ ကိုယ်မှန်းထားတဲ့ရည်မှန်းချက်အတွက် […]