၂၄ နှစ်ကြာဘယ်သူမှမရခဲ့တဲ့ဆုကို ရယူနိုင်ခဲ့တဲ့ Black Pink

စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ MTV Video Music Awards 2023 (VMAs) ပွဲမှာကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Black Pink က Best Group ဆုကိုဆွတ်ခူးနိုင်ခဲ့တယ်လို့သိရပါတယ်။ VMAs ဆုပေးပွဲဟာ ခိုင်မာတဲ့သမိုင်းကြောင်းနဲ့အတူဩဇာကြီးမားပါတယ်။ အနုပညာရှင်များကလည်းတန်ဖိုးထားကြတဲ့ပွဲဖြစ်ပါတယ်။ ဒီနှစ် VMAs ပွဲကိုတော့ နယူးဂျာစီပြည်နယ်၊ Newark မှာရှိတဲ့ PrudentialCenter မှာကျင်းပခဲ့တာဖြစ်ပါတယ်။

VMAs ကပေးအပ်တဲ့ Best Group ဆုကို လွန်ခဲ့တဲ့ ၂၄ နှစ်က အမေရိကန်အမျိုးသမီးအဆိုတော်အဖွဲ့ TLC က နောက်ဆုံးရရှိခဲ့ဖူးတာဖြစ်ပါတယ်။ ၁၉၉၉ ခုနစ်က အဲဒီဆုကိုနောက်ဆုံးချီးမြှင့်နိုင်ခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာ ဘယ်အဖွဲ့ကမှ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ပါဘူး။နိုင်ငံ တကာစင်မြင့်ထက်မှာ အခုလို Best Group ဆုကိုရယူနိုင်ခဲ့ခြင်းဟာ Black Pink အတွက်တော့ကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ Black Pink အဖွဲ့ကတော့ ဒီပွဲကြီးကိုလူကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ သူမတို့အနေနဲ့ဆိုးလ်မြို့မှာပြုလုပ်မယ့် Born Pink World Tour အတွက်အလုပ်များနေတာကြောင့်ဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

Ju Ju

zawgyi

စက္တင္ဘာလ ၁၂ ရက္ေန႔က က်င္းပခဲ့တဲ့ MTV Video Music Awards 2023 (VMAs) ပြဲမွာကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ Black Pink က Best Group ဆုကိုဆြတ္ခူးႏိုင္ခဲ့တယ္လို႔သိရပါတယ္။ VMAs ဆုေပးပြဲဟာ ခိုင္မာတဲ့သမိုင္းေၾကာင္းနဲ႔အတူဩဇာႀကီးမားပါတယ္။ အႏုပညာရွင္မ်ားကလည္းတန္ဖိုးထားၾကတဲ့ပြဲျဖစ္ပါတယ္။ ဒီႏွစ္ VMAs ပြဲကိုေတာ့ နယူးဂ်ာစီျပည္နယ္၊ Newark မွာရွိတဲ့ PrudentialCenter မွာက်င္းပခဲ့တာျဖစ္ပါတယ္။

VMAs ကေပးအပ္တဲ့ Best Group ဆုကို လြန္ခဲ့တဲ့ ၂၄ ႏွစ္က အေမရိကန္အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ TLC က ေနာက္ဆုံးရရွိခဲ့ဖူးတာျဖစ္ပါတယ္။ ၁၉၉၉ ခုနစ္က အဲဒီဆုကိုေနာက္ဆုံးခ်ီးျမႇင့္ႏိုင္ခဲ့တာျဖစ္ၿပီးအဲဒီေနာက္ပိုင္းမွာ ဘယ္အဖြဲ႕ကမွ ဆြတ္ခူးႏိုင္ျခင္းမရွိခဲ့ပါဘူး။ႏိုင္ငံ တကာစင္ျမင့္ထက္မွာ အခုလို Best Group ဆုကိုရယူႏိုင္ခဲ့ျခင္းဟာ Black Pink အတြက္ေတာ့ႀကီးမားတဲ့မွတ္တိုင္တစ္ခုျဖစ္ပါတယ္။ Black Pink အဖြဲ႕ကေတာ့ ဒီပြဲႀကီးကိုလူကိုယ္တိုင္တက္ေရာက္ခဲ့ျခင္းမရွိပါဘူး။ သူမတို႔အေနနဲ႔ဆိုးလ္ၿမိဳ႕မွာျပဳလုပ္မယ့္ Born Pink World Tour အတြက္အလုပ္မ်ားေနတာေၾကာင့္ျဖစ္တယ္လို႔သတင္းထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*