မေးလေ့မေးထရှိတဲ့ အလုပ်အင်တာဗျူးမေးခွန်းများ
ဒီနေ့မှာတော့ အလုပ်အင်တာဗျူးတွေမှာ မေးလေ့မေးထရှိတဲ့ အင်တာဗျူးမေးခွန်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ဒီမေးခွန်းတွေထဲမှာ လွယ်ကူတဲ့ မေးခွန်းတွေကိုတော့ထည့်မထားတော့ပါဘူး။ ဥပမာ မင်းအကြောင်းပြောပြပါဦးတို့၊ဒီအလုပ်ခေါ်စာကိုဘယ်ကနေသိတာလဲတို့ စတဲ့ ယေဘူယျမေးခွန်းတွေကိုတော့ထည့်မထားတော့ပါဘူး။ ဒီအင်တာဗျူးမေးခွန်းထဲက တချို့မေးခွန်းတွေကအလုပ်အခုမှစလျှောက်တဲ့သူတွေအတွက်လည်း သိထားသင့်တဲ့မေးခွန်းတွေပါပါတယ်။အဓိကတော့ အလုပ်အတွေ့အကြုံရှိပြီးသား လက်ရှိအလုပ်ကနေနောက်အလုပ်သစ်တခုကိုပြောင်းတဲ့သူတွေအတွက်တော့ ပိုပြီးကိုက်ညီတဲ့မေးခွန်းတွေဖြစ်ပါလိမ့်မယ်။ ဘာကြောင့်အလုပ်ခန့်သင့်တာလဲ ကုမ္ပဏီအင်တာဗျူးသူတွေက သင့်ကိုမေးလေ့ရှိတဲ့ မေးခွန်းတွေထဲမှာ ဒီမေးခွန်းကလည်းပါဝင်နေတတ်ပါတယ်။ သင့်က သူတို့ကုမ္ပဏီမှာ ဘာကြောင့်အလုပ်ခန့်သင့်တာလဲ၊သင့်ရဲ့အရည်အချင်းနဲ့ […]