မန်နေဂျာအသစ်တစ်ယောက်အနေနဲ့ ပထမဆုံး Meeting မှာဘာတွေပြောမလဲ
First Impression ဆိုတာတစ်ကြိမ်ပဲရနိုင်တယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။မန်နေဂျာအသစ်တစ်ယောက်အတွက် ဝန်ထမ်းတွေနဲ့တွေ့ဆုံရတဲ့ ပထမဆုံး Meeting ဟာလည်းအရေးကြီးလှပါတယ်။ဒီလိုပထမဆုံး Meeting အတွက် မန်နေဂျာတစ်ယောက်အနေနဲ့စိတ်လှုပ်ရှားတတ်ကြတာသဘာဝဖြစ်သလို ဝန်ထမ်းတွေကလည်းကိုယ့်ကိုပုံမှန်ထက်ပိုစူးစမ်းလိုစိတ်ရှိနေကြမှာလည်း အမှန်ပါပဲ။ မန်နေဂျာအသစ်တစ်ယောက်အနေနဲ့ပထမဆုံး Meeting ကိုချောချောမောမောအောင်အောင်မြင်မြင် ပြီးမြောက်စေဖို့အတွက်ကြိုတင်ပြင်ဆင်မှုကအဓိကသော့ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် Team Meeting ပဲဖြစ်ဖြစ်တစ်ဦးချင်းတွေ့ဆုံတဲ့ Meeting မှာပဲဖြစ်ဖြစ် အချိန်တိုတိုနဲ့အကျိုးရှိရှိဖြစ်စေဖို့ ဒီလိုအခြေခံကျတဲ့အချက်လေးတွေကို […]