
ကျွန်းလေးပေါ်မှာတစ်ယောက်တည်းရှင်သန်ရဦးမယ့်ဝူယောင်းဝူ
Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့ကမ္ဘာတစ်လွှားနာမည်ကြီးသွားခဲ့တဲ့အော်တစ်ဇင်ရှေ့နေမလေးဝူယောင်းဝူတစ်ဖြစ်လဲ မင်းသမီး Park Eun-bin ဟာနောက်ထပ်ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ထားတယ်လို့သိရပါတယ်။လက်ရှိသူမရိုက်ကူးထားတဲ့ဇာတ် လမ်းတွဲကတော့ Castaway Diva ဖြစ်ပြီး tvN ကရိုက်ကူးထုတ်လွှင့်မှာဖြစ်ပါတယ်။ Castaway Diva ဇာတ်လမ်းတွဲမှာသူမဟာဆိုးလ်မြို့ကိုအဆိုပြိုင်ပွဲဝင်ဖို့ လာရောက်ခဲ့ပေမယ့်မတော်တဆလူသူမနေတဲ့ကျွန်းပေါ်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ သူမဟာကျွန်းပေါ်မှာဘယ်လိုရှင်သန်အောင်နေထိုင်သလဲ၊ အဲဒီကနေဘယ်လိုလွတ်မြောက်လာခဲ့သလဲဆိုတာကိုသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Park Eun-bin အနေနဲ့ Extraordinary […]