လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ ထိုင်းသရုပ်ဆောင် Baifern Pimchanok နဲ့ Nine Naphat

ထိုင်းသရုပ်ဆောင်များဖြစ်ကြတဲ့ Baifern Pimchanok နဲ့ Nine Naphat တို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းများ ကောလာဟလအဖြစ်ထွက်ပေါ်လာနေတာရက်ပိုင်းတချို့ကြာခဲ့ပါပြီ။ The Nation Thailand နဲ့ Khaosod English တို့ရဲ့ဖော်ပြချက်များအရ Nine က
ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ အဆိုပါသတင်းကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ Nine ကအလုပ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ကောင်း ကောင်းမထိန်းနိုင်တဲ့အတွက် သူ့အမှားလို့ပြောပါတယ်။ သူတို့က သူငယ်ချင်းများအဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီးတခြားကိစ္စတွေနဲ့ပတ် သက်မှုမရှိဘူးလို့ သူက ပြောခဲ့ပါတယ်။ Nine နဲ့ Baifern တို့က ၂၀၁၉ခုနှစ် Friend Zone"ရုပ်ရှင်မှာအတူတူတွဲသရုပ်ဆောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မေလကတင် သူတို့နှစ်ယောက် ဆွစ်ဇာလန်ကို ခရီးထွက်ခဲ့ကြပါသေးတယ်။ပြီးခဲ့တဲ့အပတ်က အင်စတာဂရမ်ပို့တခုကမှာ Nine က သူကိုင်တွယ်နေတဲ့ ဘာမှန်းမသိရတဲ့ပြဿနာတခုကိုဖော်ပြခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေက ဖြေရှင်းဖို့အချိန်ယူပါလို့ပြောခဲ့ကြပါတယ်။ Nine က Baifern ကိုချစ်ကြောင်းဝန်ခံပြီးနောက် Nine နဲ့ Baifern တို့ရဲ့အချစ်ဇာတ်လမ်းကို ၂၀၂၂ခုနှစ်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကတော့ ဒီသတင်းကြောင့်သူတို့ပါအသည်းကွဲနေကြပါတယ်။

MYit

zawgyi

ထိုင္းသ႐ုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ Baifern Pimchanok နဲ႔ Nine Naphat တို႔ႏွစ္ဦး လမ္းခြဲလိုက္ၿပီဆိုတဲ့သတင္းမ်ား ေကာလာဟလအျဖစ္ထြက္ေပၚလာေနတာရက္ပိုင္းတခ်ိဳ႕ၾကာခဲ့ပါၿပီ။ The Nation Thailand နဲ႔ Khaosod English တို႔ရဲ႕ေဖာ္ျပခ်က္မ်ားအရ Nine က
ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ အဆိုပါသတင္းကို အတည္ျပဳခဲ့တယ္လို႔ ဆိုပါတယ္။ Nine ကအလုပ္နဲ႔ သူတို႔ရဲ႕ ဆက္ဆံေရးကို ေကာင္း ေကာင္းမထိန္းႏိုင္တဲ့အတြက္ သူ႔အမွားလို႔ေျပာပါတယ္။ သူတို႔က သူငယ္ခ်င္းမ်ားအျဖစ္ ဆက္လက္ရွိေနမွာျဖစ္ၿပီးတျခားကိစၥေတြနဲ႔ပတ္ သက္မႈမရွိဘူးလို႔ သူက ေျပာခဲ့ပါတယ္။ Nine နဲ႔ Baifern တို႔က ၂၀၁၉ခုႏွစ္ Friend Zone"႐ုပ္ရွင္မွာအတူတူတြဲသ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ေမလကတင္ သူတို႔ႏွစ္ေယာက္ ဆြစ္ဇာလန္ကို ခရီးထြက္ခဲ့ၾကပါေသးတယ္။ၿပီးခဲ့တဲ့အပတ္က အင္စတာဂရမ္ပို႔တခုကမွာ Nine က သူကိုင္တြယ္ေနတဲ့ ဘာမွန္းမသိရတဲ့ျပႆနာတခုကိုေဖာ္ျပခဲ့တာေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြက ေျဖရွင္းဖို႔အခ်ိန္ယူပါလို႔ေျပာခဲ့ၾကပါတယ္။ Nine က Baifern ကိုခ်စ္ေၾကာင္းဝန္ခံၿပီးေနာက္ Nine နဲ႔ Baifern တို႔ရဲ႕အခ်စ္ဇာတ္လမ္းကို ၂၀၂၂ခုႏွစ္မွာ စတင္ခဲ့ၾကတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးစလုံးကို ႀကိဳက္ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြကေတာ့ ဒီသတင္းေၾကာင့္သူတို႔ပါအသည္းကြဲေနၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*