စိတ်ခံစားချက်တွေကို ဖတ်နိုင်တဲ့ ရာသီခွင် (၄)ခု

ရာသီခွင်တိုင်းက အားသာချက်နဲ့ အားနည်းချက်များရှိကြပါတယ်။ ဒီရာသီခွင်လေးခုကတော့စိတ်ခံစားချက်များကို တိကျစွာဖတ်ရှုနိုင်စွမ်းက တခြားသူများထက် ထူးခြားပါတယ်။

Cancer
ဒီရာသီခွင်တွေက တခြားသူတွေရဲ့ ခံစားချက်ကို အလွန်စာနာတတ်ကြပါတယ်။သိမ်မွေ့တဲ့အချက်များ၊ စကားလုံးများ၊ လုပ်ရပ်များရဲ့နောက်ကွယ်ကအရင်းခံစိတ်ခံစားချက်များကို နားလည်နိုင်ကြပါတယ်။ မင်းတို့ရဲ့စိတ်ကိုကောင်းစွာနားလည်နိုင်မယ့်သူကို ရှာနေတယ်ဆိုရင်တော့ Cancer တွေက အကောင်းဆုံးပါပဲ။

Scorpio
Scorpios များက သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုအောက်မှာ လူ့စိတ်ခံစားမှုများကိုလေးနက်စွာနားလည်တတ်တဲ့ သဘောရှိကြပါတယ်။ သူတို့က တခြားသူတွေရဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေကို စကားတခွန်းမှမပြောဘဲ နားလည်နိုင်ကြသူတွေဖြစ်ကြပါတယ်။

Pisces
Pisces တွေက တခြားသူတွေနဲ့ အလွန်အမင်း လိုက်လျောညီထွေဖြစ်ကြပါတယ်။ သူတို့တွေကသနားကြင်နာတတ်ပြီး သူတို့ပတ်ဝန်း ကျင်က သူများရဲ့ စိတ်ခံစားချက်များကို စုပ်ယူနိုင်တဲ့မွေးရာပါစွမ်းရည်ရှိကြပါတယ်။သူတို့တွေက တခြားသူများရဲ့ခံစားချက်များကိုကိုယ် တိုင်ဝင်ခံစားလေ့ရှိကြပါတယ်။

Libra
Libras တွေက သံတမန်သဘောသဘာဝရှိကြတာကြောင့် အခြေအနေတရပ်ကို နှစ်ဖက်စလုံးကမြင်နိုင်ကြပါတယ်။ သူတို့တွေက ခန္ဓာ ကိုယ်ဘာသာစကားကို ဖတ်ရှုနိုင်ပြီးတခြားသူတွေရဲ့အတွေးထဲမှာ ဘာတွေခံစားနေရသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကိုနားလည်နိုင်စွမ်းရှိကြပါတယ်။ သူတို့တွေက တခြားသူတွေရဲ့ စိတ်ခံစားမှုများကို နားလည်ပြီးဘုံအခြေခံကို ရှာဖွေပြီး ပေါင်းသင်းဆက်ဆံရေးကို သဟ ဇာတဖြစ်အောင် ဖန်တီးရာမှာထူးချွန်ကြပါတယ်။

MYit

zawgyi


Cancer

Scorpio

Pisces

Libra

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*