အလှဆုံးတွေဖြစ်ကြတဲ့ ရာသီခွင် (၄)ခု

ရာသီခွင်တွေထဲမှာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ရာသီခွင်လေးတွေကို သင်သိပါသလား။ဒီရာသီခွင်လေးတွေကတော့ အလှဆုံးလို့သတ်မှတ်ကြတဲ့ ရာသီခွင်လေးခုပဲဖြစ်ပါတယ်။

Libra
ကျက်သရေရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ ရာသီခွင်ဆိုရင် Libra တွေလို့ဆိုရမှာပါ။ချစ်ခြင်းမေတ္တာနဲ့ အလှတရားရဲ့ ဂြိုလ်ဖြစ်တဲ့ ဗီးနပ်စ်အုပ် ချုပ်တဲ့ ဒီရာသီခွင်လေးတွေကကျက်သရေရှိပြီး ထည်ဝါတဲ့အလှတရားကိုပိုင်ဆိုင်ကြပါတယ်။ သူတို့မှာ သံလိုက်ဓာတ်ကတခြားသူများကို ဆွဲဆောင်နိုင်ကြပါတယ်။

Leo
ရဲရင့်ပြီး ယုံကြည်မှုရှိတဲ့ Leo လေးတွေကတော့ အများရဲ့အာရုံကိုဖမ်းစားနိုင်ကြပါတယ်။သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ကြောင့် သွားလေရာနေရာတိုင်းမှာဆွဲဆောင်မှုတခုကျန်ရစ်စေပါတယ်။ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆွဲဆောင်မှုက နွေးထွေးမှုနဲ့တက်ကြွမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ရောက်လေရာမှာအများရဲ့အာရုံစူးစိုက်မှုကိုအများဆုံးခံရသူတွေလည်းဖြစ်ပါတယ်။

Pisces
အချောလေးတွေတော်တော်များများက Pisces ရာသီခွင်များဖြစ်နေတာကိုတော့ဘယ်သူမှမငြင်းနိုင်တဲ့ အမှန်တရားတခုပါ။ စိတ်ကူးယဉ်ဆန်တဲ့ဆွဲဆောင်မှုရှိပြီးသူတို့ရဲ့ဘဝမှာလည်း အများရဲ့အာရုံစူးစိုက်မှုကို ခံရသူတွေဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့အလှတရားကို ပိုင် ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ကြင်နာသနားတတ်မှုက သူတို့ရဲ့နှလုံးသားကိုပိုလှစေပါတယ်။

Taurus
ဒီရာသီခွင်လေးတွေကလည်း အလှဆုံးရာသီခွင်လေးခုထဲက တခုအပါအဝင်ဖြစ်ပါတယ်။အများရဲ့ အာရုံခံစားမှုကို ရရှိကြပြီး သံလိုက်ကဲ့ သို့ဆွဲဆောင်မှုအားပြင်းကြသူလေးတွေဖြစ်ပါတယ်။ ဒီရာသီခွင်လေးကဇိမ်ခံပစ္စည်းတွေကိုနှစ်သက်ကြပြီး သူတို့ကိုယ်တိုင်လည်း ကျော့ကျော့မော့မော့နဲ့အမြဲတမ်းသပ်သပ်ရပ်ရပ်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း အလှတရားက အများကြားမှာထင်ရှားနေတတ်ပါတယ်။

MYit

zawgyi


Libra

Leo

Pisces

Taurus

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*