လူတိုင်းကြုံရနိုင်တဲ့ လုပ်ငန်းခွင်အတွင်းကစိန်ခေါ်မှု ၅ ခု

လုပ်ငန်းခွင်ထဲဝင်ရောက်ကြပြီဆိုရင်လူတိုင်းကအလုပ်နဲ့ပတ်သက်တဲ့စိန်ခေါ်မှုဆိုတာကိုရင်ဆိုင်ကြရစမြဲပါ။ လုပ်ငန်းရှင်တွေအနေနဲ့လည်းကိုယ့်ရဲ့အလုပ်မှာ အခြေခံကျတဲ့ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ဒီစိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဒီလိုကြုံလာတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားသင့်လဲဆိုတာကအလုပ်ရှင်ရော၊ ဝန်ထမ်းပါသိထားရမယ့်အချက်တွေဖြစ်ပါတယ်။

Communication ပိုင်းစိန်ခေါ်မှု
အဖွဲ့အစည်းတိုင်းမှာကြုံရတဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ Communication ပိုင်းပဲဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာအဆင်ပြေချောမွေ့ဖို့အတွက် ဆက်သွယ်ပြောဆိုတဲ့အပိုင်းဟာ ရှင်းလင်းလွယ်ကူနေဖို့လိုပါတယ်။ ပြောဆိုဆက်သွယ်မှုပြတ်တောက်သွားတာနဲ့ အလုပ်လုပ်တဲ့နေရာမှာနှောင့်နှေးပြီး Productivity လည်းကျစေပါတယ်။ ဒါ့ကြောင့် အလုပ်မှာရှိတဲ့ဝန်ထမ်းတိုင်းကို သူတို့ရဲ့ Communication Skills ကိုတိုးတက်စေဖို့ သင်တန်းတွေ၊ Training တွေကြိုတင်ပြုလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

Motivation မရှိခြင်း
Motivation မရှိဖြစ်နေတာက ကိုယ်တိုင်အတွက်လည်း စိတ်ညစ်စရာအနေအထားဖြစ်သလိုအဖွဲ့အစည်းကလူတွေအတွက်ရော၊ အလုပ်အတွက်ပါမကောင်းတဲ့အခြေအနေဖြစ်ပါတယ်။လူတစ်ယောက်ဟာ အလုပ်မှာစိတ်ပါလက်ပါရှိနေ၊ တက်ကြွနေပါမှ အလုပ်များများလုပ်နိုင်ပြီးအားလုံးနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အလုပ်ကိုငြီးငွေ့နေသူတွေကိုဒီအတိုင်းမပစ်ထားဘဲ မြန်မြန်ကယ်တင်နိုင်ဖို့လိုပါတယ်။ အလုပ်ချိန်အဆင်ပြေအောင်ညှိပေးတာ၊ Performance Review ပေးပြီး အပြုသဘောပြောဆိုဆွေးနွေးပေးတာ၊ ဘောနပ်စ်နဲ့ဆွဲဆောင်တာစတဲ့အရာတွေနဲ့ပြုပြင်ကြည့်ဖို့လိုပါတယ်။

နည်းပညာပိုင်းစိန်ခေါ်မှု
ဝန်ထမ်းတွေက နည်းပညာကျွမ်းကျင်သူတွေဖြစ်ပေမယ့် အလုပ်ကခေတ်နဲ့ညီတဲ့နည်းပညာကိုမသုံးနိုင်ဘူးဆိုရင်လည်း စိတ်ပျက်စရာဖြစ်နေတတ်ပါတယ်။ နည်းပညာဟာ Work Flow ကိုမြန်ဆန်စေ၊လွယ်ကူစေပြီး အချိန်နဲ့လုပ်အားကိုသက်သာစေပါတယ်။ ဒါကြောင့် လုပ် ငန်းခွင်မှာနည်းပညာပိုင်းအတွက် အရင်းအနှီးပိုသုံးသင့်သလို နည်းပညာနဲ့ဝေးတဲ့ဝန်ထမ်းတွေကိုလည်းသင့်တော်တဲ့ Training တွေမဖြစ်မနေပေးရမှာဖြစ်ပါတယ်။ အလုပ်ရှာဖွေသူတွေဟာလည်းနည်းပညာနဲ့ပတ်သက်ပြီးရှိသင့်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို မဖြစ်မနေကြို တင်ဖြည့်ဆည်းရမှာပါ။

ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်
အလုပ်မှာအားလုံးနဲ့ခင်မင်ပြီး တက်ကြွပျော်ရွှင်စွာအလုပ်လုပ်ချင်ကြတာက ဝန်ထမ်းတိုင်းလိုလိုပါပဲ။လုပ်ငန်းခွင်ထဲမှာ အထက်အောက်ကြောက်နေရတာ၊ ကိုယ့်ထင်မြင်ချက်ကိုမပြောရဲတာ၊အထက်လူရဲ့မျက်နှာကိုကြည့်နေရတာ၊ အရိပ်အခြည်ကြည့်ပြီးပြောဆိုလုပ်ကိုင်နေရတာတွေကဝန်ထမ်းတွေကိုအလုပ်ကနေ မြန်မြန်ထွက်ပြေးစေနိုင်ပါတယ်။ အလုပ်ကနေမထွက်ခဲ့ရင်တောင်သူတို့ရဲ့အစွမ်းကုန်ကြိုးစားမှုဆိုတာကို တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်ဝန်ထမ်းအားလုံးမှာရှိသင့်တဲ့စိတ်နေစိတ်ထား၊ အကျင့်နဲ့စည်းကမ်းတွေကို အလုပ်စဝင်က တည်းကသေသေချာချာရိုက်သွင်းထားဖို့လိုပါတယ်။အလုပ်လုပ်တဲ့နေရာကိုနေပျော်စရာဖြစ်အောင်ဖန်တီးပေးတာ၊ အနားယူနိုင်တဲ့နေရာ၊ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်တဲ့နေရာလေးတွေ ဖန်တီးပေးတာမျိုးလည်း လိုအပ်ပါတယ်။

ဆက်ဆံရခက်သောလူများ
မိသားစုမတူ၊ ပတ်ဝန်းကျင်မတူ၊ ခံယူချက်မတူကြဘဲ အလုပ်အတူတူလုပ်နေကြရတဲ့အခါအချင်းချင်းဆက်ဆံပြောဆိုမှုက အမြဲတမ်းချောမွေ့နေဖို့တော့မလွယ်ကူပါဘူး။ တချို့လူတွေကနားလည်မှုရှိပြီးပြေလည်ဖို့လွယ်ပေမယ့် နားလည်ရခက်၊ ဆက်ဆံရခက်တဲ့လူတွေကိုလည်းကြုံတွေ့ရဦးမှာပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေနဲ့ဆက်ဆံရပြီဆိုရင် ကိုယ့်ဘက်ကသည်းခံစိတ်ထားမယ်၊လေးစားမှုကိုပြသမယ်၊ သူတို့ရဲ့ကောင်းကွက်ကိုကြည့်မယ် စတဲ့နည်းလမ်းတွေကိုသုံးဖို့လိုပါတယ်။ဒီအခြေခံကျတဲ့စိန်ခေါ်မှုတွေက လုပ်ငန်းရှင်တွေရောအလုပ် သ မားတွေပါ ကြုံတွေ့ရမယ့်အရာတွေမို့ကိုယ်တိုင်ကဖြေရှင်းနည်းတွေကို ကြိုတင်စဉ်းစားပြီးကျော်လွှားပစ်ဖို့လိုပါတယ်။

Ju Ju

zawgyi

လုပ္ငန္းခြင္ထဲဝင္ေရာက္ၾကၿပီဆိုရင္လူတိုင္းကအလုပ္နဲ႔ပတ္သက္တဲ့စိန္ေခၚမႈဆိုတာကိုရင္ဆိုင္ၾကရစၿမဲပါ။ လုပ္ငန္းရွင္ေတြအေနနဲ႔လည္းကိုယ့္ရဲ႕အလုပ္မွာ အေျခခံက်တဲ့ဒီစိန္ေခၚမႈေတြကို ရင္ဆိုင္ရေလ့ရွိပါတယ္။ဒီစိန္ေခၚမႈေတြက ဘာေတြလဲ၊ ဒီလိုႀကဳံလာတဲ့စိန္ေခၚမႈေတြကို ဘယ္လိုေက်ာ္လႊားသင့္လဲဆိုတာကအလုပ္ရွင္ေရာ၊ ဝန္ထမ္းပါသိထားရမယ့္အခ်က္ေတြျဖစ္ပါတယ္။

Communication ပိုင္းစိန္ေခၚမႈ
အဖြဲ႕အစည္းတိုင္းမွာႀကဳံရတဲ့အႀကီးမားဆုံးစိန္ေခၚမႈကေတာ့ Communication ပိုင္းပဲျဖစ္ပါတယ္။လုပ္ငန္းခြင္ထဲမွာအဆင္ေျပေခ်ာေမြ႕ဖို႔အတြက္ ဆက္သြယ္ေျပာဆိုတဲ့အပိုင္းဟာ ရွင္းလင္းလြယ္ကူေနဖို႔လိုပါတယ္။ ေျပာဆိုဆက္သြယ္မႈျပတ္ေတာက္သြားတာနဲ႔ အလုပ္လုပ္တဲ့ေနရာမွာေႏွာင့္ေႏွးၿပီး Productivity လည္းက်ေစပါတယ္။ ဒါ့ေၾကာင့္ အလုပ္မွာရွိတဲ့ဝန္ထမ္းတိုင္းကို သူတို႔ရဲ႕ Communication Skills ကိုတိုးတက္ေစဖို႔ သင္တန္းေတြ၊ Training ေတြႀကိဳတင္ျပဳလုပ္ေပးတာက အေကာင္းဆုံးျဖစ္ပါတယ္။

Motivation မရွိျခင္း
Motivation မရွိျဖစ္ေနတာက ကိုယ္တိုင္အတြက္လည္း စိတ္ညစ္စရာအေနအထားျဖစ္သလိုအဖြဲ႕အစည္းကလူေတြအတြက္ေရာ၊ အလုပ္အတြက္ပါမေကာင္းတဲ့အေျခအေနျဖစ္ပါတယ္။လူတစ္ေယာက္ဟာ အလုပ္မွာစိတ္ပါလက္ပါရွိေန၊ တက္ႂကြေနပါမွ အလုပ္မ်ားမ်ားလုပ္ႏိုင္ၿပီးအားလုံးနဲ႔လည္း ခ်ိတ္ဆက္ေဆာင္႐ြက္မွာျဖစ္ပါတယ္။ အလုပ္ကိုၿငီးေငြ႕ေနသူေတြကိုဒီအတိုင္းမပစ္ထားဘဲ ျမန္ျမန္ကယ္တင္ႏိုင္ဖို႔လိုပါတယ္။ အလုပ္ခ်ိန္အဆင္ေျပေအာင္ညႇိေပးတာ၊ Performance Review ေပးၿပီး အျပဳသေဘာေျပာဆိုေဆြးေႏြးေပးတာ၊ ေဘာနပ္စ္နဲ႔ဆြဲေဆာင္တာစတဲ့အရာေတြနဲ႔ျပဳျပင္ၾကည့္ဖို႔လိုပါတယ္။

နည္းပညာပိုင္းစိန္ေခၚမႈ
ဝန္ထမ္းေတြက နည္းပညာကြၽမ္းက်င္သူေတြျဖစ္ေပမယ့္ အလုပ္ကေခတ္နဲ႔ညီတဲ့နည္းပညာကိုမသုံးႏိုင္ဘူးဆိုရင္လည္း စိတ္ပ်က္စရာျဖစ္ေနတတ္ပါတယ္။ နည္းပညာဟာ Work Flow ကိုျမန္ဆန္ေစ၊လြယ္ကူေစၿပီး အခ်ိန္နဲ႔လုပ္အားကိုသက္သာေစပါတယ္။ ဒါေၾကာင့္ လုပ္ ငန္းခြင္မွာနည္းပညာပိုင္းအတြက္ အရင္းအႏွီးပိုသုံးသင့္သလို နည္းပညာနဲ႔ေဝးတဲ့ဝန္ထမ္းေတြကိုလည္းသင့္ေတာ္တဲ့ Training ေတြမျဖစ္မေနေပးရမွာျဖစ္ပါတယ္။ အလုပ္ရွာေဖြသူေတြဟာလည္းနည္းပညာနဲ႔ပတ္သက္ၿပီးရွိသင့္တဲ့ အေျခခံကြၽမ္းက်င္မႈေတြကို မျဖစ္မေနႀကိဳ တင္ျဖည့္ဆည္းရမွာပါ။

ေပ်ာ္စရာေကာင္းတဲ့လုပ္ငန္းခြင္
အလုပ္မွာအားလုံးနဲ႔ခင္မင္ၿပီး တက္ႂကြေပ်ာ္႐ႊင္စြာအလုပ္လုပ္ခ်င္ၾကတာက ဝန္ထမ္းတိုင္းလိုလိုပါပဲ။လုပ္ငန္းခြင္ထဲမွာ အထက္ေအာက္ေၾကာက္ေနရတာ၊ ကိုယ့္ထင္ျမင္ခ်က္ကိုမေျပာရဲတာ၊အထက္လူရဲ႕မ်က္ႏွာကိုၾကည့္ေနရတာ၊ အရိပ္အျခည္ၾကည့္ၿပီးေျပာဆိုလုပ္ကိုင္ေနရတာေတြကဝန္ထမ္းေတြကိုအလုပ္ကေန ျမန္ျမန္ထြက္ေျပးေစႏိုင္ပါတယ္။ အလုပ္ကေနမထြက္ခဲ့ရင္ေတာင္သူတို႔ရဲ႕အစြမ္းကုန္ႀကိဳးစားမႈဆိုတာကို ေတြ႕ရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ဝန္ထမ္းအားလုံးမွာရွိသင့္တဲ့စိတ္ေနစိတ္ထား၊ အက်င့္နဲ႔စည္းကမ္းေတြကို အလုပ္စဝင္က တည္းကေသေသခ်ာခ်ာ႐ိုက္သြင္းထားဖို႔လိုပါတယ္။အလုပ္လုပ္တဲ့ေနရာကိုေနေပ်ာ္စရာျဖစ္ေအာင္ဖန္တီးေပးတာ၊ အနားယူႏိုင္တဲ့ေနရာ၊ စိတ္ကူးဉာဏ္ကြန႔္ျမဴးႏိုင္တဲ့ေနရာေလးေတြ ဖန္တီးေပးတာမ်ိဳးလည္း လိုအပ္ပါတယ္။

ဆက္ဆံရခက္ေသာလူမ်ား
မိသားစုမတူ၊ ပတ္ဝန္းက်င္မတူ၊ ခံယူခ်က္မတူၾကဘဲ အလုပ္အတူတူလုပ္ေနၾကရတဲ့အခါအခ်င္းခ်င္းဆက္ဆံေျပာဆိုမႈက အၿမဲတမ္းေခ်ာေမြ႕ေနဖို႔ေတာ့မလြယ္ကူပါဘူး။ တခ်ိဳ႕လူေတြကနားလည္မႈရွိၿပီးေျပလည္ဖို႔လြယ္ေပမယ့္ နားလည္ရခက္၊ ဆက္ဆံရခက္တဲ့လူေတြကိုလည္းႀကဳံေတြ႕ရဦးမွာပဲျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြနဲ႔ဆက္ဆံရၿပီဆိုရင္ ကိုယ့္ဘက္ကသည္းခံစိတ္ထားမယ္၊ေလးစားမႈကိုျပသမယ္၊ သူတို႔ရဲ႕ေကာင္းကြက္ကိုၾကည့္မယ္ စတဲ့နည္းလမ္းေတြကိုသုံးဖို႔လိုပါတယ္။ဒီအေျခခံက်တဲ့စိန္ေခၚမႈေတြက လုပ္ငန္းရွင္ေတြေရာအလုပ္ သ မားေတြပါ ႀကဳံေတြ႕ရမယ့္အရာေတြမို႔ကိုယ္တိုင္ကေျဖရွင္းနည္းေတြကို ႀကိဳတင္စဥ္းစားၿပီးေက်ာ္လႊားပစ္ဖို႔လိုပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*