စစ်မှုမထမ်းခင် ကိုယ်အပေါ်ပိုင်းဗလာနဲ့နှုတ်ဆက်ကြတဲ့ V နဲ့ Jungkook

ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းသွားရတော့မယ့် BTS အဖွဲ့ဝင် V နဲ့ Jungkook တို့က ပရိသတ်တွေကိုအတူတူ Surprise တိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးအချင်းချင်း Video Call ခေါ်ကြတဲ့ပုံရိပ်တွေကို V ကသူ့ရဲ့ Instagram Story မှာတင်ထားခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးလုံးဟာ ကတုံးဆံပင်ပေါက်ကေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြစ်နေတာကိုတွေ့ရပါတယ်။သူတို့ရဲ့ခပ်ပြောင်ပြောင်မျက်နှာပုံစံက ပရိ သတ်တွေအတွက်နောက်ဆုံးနှုတ်ဆက်ပါတယ်ဆိုတဲ့သတင်းစကားကို ဖော်ပြနေပါတယ်။ V က Caption ကို ‘Hyung ကအရင်သွားရတော့မယ်။ မနက်ဖြန်တာဝန်စတဲ့ရက်မှာ အစစအဆင်ပြေပါစေ’ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။

BTS ရဲ့ Fan တွေအနေနဲ့ စစ်မှုထမ်းသွားသူတွေရဲ့ပုံရိပ်တွေကို မတွေ့မြင်ရတော့ဘူးလို့ထင်ထားခဲ့ပေမယ့်အခုလိုတွေ့လိုက်ရတဲ့အခါမှာ တော်တော်လေးအုံးအုံးကြွက်ကြွက်ဖြစ်သွားခဲ့ကြပါတယ်။ဒီလိုမြင်တွေ့ရတဲ့အတွက် ဝမ်းနည်းဝမ်းသာဖြစ်သူတွေရှိနေပြီး နောက် ၁ နှစ်ခွဲကိုဆက်ဆက်မျှော်နေပါ့မယ်လို့ မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။ သူတို့ရဲ့ စစ်မှုထမ်းကာလဟာတစ်နှစ်ခွဲကြာမြင့်မှာဖြစ်ပြီး၂၀၂၅ခုနစ်၊ ဇွန်လမှ အဖွဲ့ဝင်အားလုံးပြန်လည်စုစည်းနိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဒီရက္ပိုင္းအတြင္း စစ္မႈထမ္းသြားရေတာ့မယ့္ BTS အဖြဲ႕ဝင္ V နဲ႔ Jungkook တို႔က ပရိသတ္ေတြကိုအတူတူ Surprise တိုက္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးအခ်င္းခ်င္း Video Call ေခၚၾကတဲ့ပုံရိပ္ေတြကို V ကသူ႔ရဲ႕ Instagram Story မွာတင္ထားခဲ့တာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးလုံးဟာ ကတုံးဆံပင္ေပါက္ေကနဲ႔ ခႏၶာကိုယ္အေပၚပိုင္းဗလာျဖစ္ေနတာကိုေတြ႕ရပါတယ္။သူတို႔ရဲ႕ခပ္ေျပာင္ေျပာင္မ်က္ႏွာပုံစံက ပရိ သတ္ေတြအတြက္ေနာက္ဆုံးႏႈတ္ဆက္ပါတယ္ဆိုတဲ့သတင္းစကားကို ေဖာ္ျပေနပါတယ္။ V က Caption ကို ‘Hyung ကအရင္သြားရေတာ့မယ္။ မနက္ျဖန္တာဝန္စတဲ့ရက္မွာ အစစအဆင္ေျပပါေစ’ဆိုၿပီးေရးသားခဲ့တာျဖစ္ပါတယ္။

BTS ရဲ႕ Fan ေတြအေနနဲ႔ စစ္မႈထမ္းသြားသူေတြရဲ႕ပုံရိပ္ေတြကို မေတြ႕ျမင္ရေတာ့ဘူးလို႔ထင္ထားခဲ့ေပမယ့္အခုလိုေတြ႕လိုက္ရတဲ့အခါမွာ ေတာ္ေတာ္ေလးအုံးအုံးႂကြက္ႂကြက္ျဖစ္သြားခဲ့ၾကပါတယ္။ဒီလိုျမင္ေတြ႕ရတဲ့အတြက္ ဝမ္းနည္းဝမ္းသာျဖစ္သူေတြရွိေနၿပီး ေနာက္ ၁ ႏွစ္ခြဲကိုဆက္ဆက္ေမွ်ာ္ေနပါ့မယ္လို႔ မွတ္ခ်က္ေတြေရးသားခဲ့ၾကပါတယ္။ သူတို႔ရဲ႕ စစ္မႈထမ္းကာလဟာတစ္ႏွစ္ခြဲၾကာျမင့္မွာျဖစ္ၿပီး၂၀၂၅ခုနစ္၊ ဇြန္လမွ အဖြဲ႕ဝင္အားလုံးျပန္လည္စုစည္းႏိုင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*