အလုပ်ရွေးတဲ့အခါ ဘယ်တော့မှတစ်ခဏလို့မတွေးပါနဲ့

ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေထဲမှာ ဘွဲ့တစ်ခုရလို့လုပ်ငန်းခွင်ဝင်မယ်ဆိုတဲ့အခါကိုယ့်အနာဂတ်အတွက်အများကြီးစဉ်းစားသူရှိသလို ရရာလုပ်မယ်၊ ပိုက်ဆံရရင်ပြီးတာပဲလို့တွေးထားသူတွေလည်းရှိမှာပါ။ အဝေးကြီးမစဉ်းစားဘူးဆိုတာထက် ဘဝအခြေအနေကြောင့်စဉ်းစားခွင့်မရတာမျိုးလည်း ရှိနိုင်ပါတယ်။
ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အလုပ်တစ်ခုခုဝင်လုပ်တော့မယ်ဆိုရင်သေသေချာချာစဉ်းစားရွေးချယ်ခြင်းကသာ အမှန်ကန်ဆုံးပါပဲ။ ငယ်သေးတဲ့အရွယ်တွေမှာသူငယ်ချင်းနဲ့အတူတူအလုပ်လုပ်ရမှာမို့၊ သိပ်မပင်ပန်းလို့၊ အတွေ့အကြုံရရင်ပြီးရောဆိုတဲ့အတွေးလေးတွေတွေးမိကြတာအမှန်ပါ။ ကိုယ်ကအချိန်ယူပြင်ဆင်နိုင်သေးတဲ့အနေအထားရှိတယ်၊ မဖြစ်မနေပိုက်ဆံရှာဖို့ မလိုသေးဘူးဆိုရင် ဒီလိုကလေးအတွေးတွေကိုပယ်ဖျက်ပြီးကိုယ့် Career အတွက်သေသေချာချာပြင် ဆင်စေချင်ပါတယ်။

ငါခဏဝင်လုပ်လိုက်မယ်၊ ပြီးမှ သင်တန်းလေးထပ်တက်ပြီးကိုယ်လုပ်ချင်တဲ့လိုင်းကိုကူးတော့မယ်ဆိုတဲ့အတွေးဟာလည်းလက်တွေ့မှာဖြစ်လာဖို့ခက်ခဲတတ်ပါတယ်။ အမျိုးမျိုးသောအခြေအနေတွေကြောင့်အလုပ်ကနေမထွက်နိုင်တော့တာ၊ နေရာတစ်ခုရလာလို့ ပြန်ရုန်းထွက်ဖို့ခက်သွားတာမျိုးတွေအများကြီးပါ။အခြေ အနေပေးလာလို့ ကိုယ်ဝါသနာပါတာလုပ်ခွင့်ရလာပြန်တော့အောက်ခြေကပြန်စဖို့ခက်သွားတတ်သလိုအသက်အရွယ်ကြောင့်အဆင်မပြေတော့တာမျိုးလည်းဖြစ်သွားတတ်ကြပါတယ်။ဒါကြောင့် လူငယ်လေးတွေအနေနဲ့ အလုပ်စလုပ်မယ်လို့တွေးတဲ့အခါ ကိုယ့်ဝါသနာ၊ကိုယ့်အမူအကျင့်ပေါ်အခြေခံပြီး သင့်တော်တဲ့အလုပ်ကိုသာရွေးချယ်ပါ။ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကိုရဖို့ အကြိမ်ကြိမ်ကြိုးစားပါ။ စိတ်ရှည်ရှည်စောင့်ပါ။ ရွယ်တူတွေကြားမှာနင်ဘာမှမလုပ်သေးဘူးလား၊ ထိုင်စားနေတုန်းလား ဆိုတဲ့အပြောတွေကိုခံနိုင်ရည်ရှိနေဖို့တော့လိုပါတယ်။

ကိုယ့် Career ကို မှန်မှန်ကန်ကန်နဲ့အကောင်းဆုံးစတင်နိုင်ခဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရဖို့သေချာတာမို့ အလုပ်ရွေးတဲ့အခါဘယ်တော့မှတစ်ခဏလို့မတွေးသင့်ပါဘူး။ကိုယ်က ကျောင်းပြီးခါစမှာရရာအလုပ်ဝင်လုပ်လိုက်ရတယ်၊ ဒါပေမဲ့အလုပ်မှာလုပ်ဖော်ကိုင်ဖက်ကောင်းတွေနဲ့တွေ့ပြီး ပျော်စရာကောင်းတယ်ဆိုရင် တောင် ၆လကြာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပါ။ငါ့ရဲ့အလုပ်က ပေါ့ပါးတယ်၊ ပျော်စရာကောင်းတယ်ဆိုတာမှန်ပေမယ့် ငါ့အတွက်တက်လမ်းရှိရဲ့လား၊
ခိုင်မာတဲ့ Career တစ်ခုဟုတ်ရဲ့လား၊ ဘယ်သူဝင်လုပ်လုပ် အလွယ်တကူလုပ်လို့ရနေတဲ့အလုပ်မျိုးလားစတာတွေကိုစဉ်းစားရပါမယ်။ ကိုယ့်နေရာဟာအလွယ် တကူအစားထိုးလို့ရတဲ့နေရာမျိုးဆိုရင်ဒီလိုနေရာမှာဘယ်တော့မှရပ်တန့်မနေသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေအများကြီးနဲ့ဘယ်လောက်ပဲပျော်စရာကောင်းနေပါ စေ လေးနက်တဲ့ဆုံးဖြတ်ချက်ချပြီး ကိုယ့်အတွက်ခိုင်မာမှုရှိတဲ့ Career ကိုရှာဖွေနိုင်ဖို့၊ တည်ဆောက်နိုင်ဖို့လိုပါတယ်နော်။ငယ်ရွယ်စဉ်မှာအဲဒီလို မပြောင်းလဲနိုင်ခဲ့ရင်၊ မရုန်းထွက်နိုင်ခဲ့ရင် နောင်တစ်ချိန်မှာ Career နဲ့ပတ်သက်တဲ့နောင်တဆိုတာကိုပိုင်ဆိုင်ရမှာသေချာပါတယ်။ဒါကြောင့် ငယ်ရွယ်တုန်းအချိန်မှာ လေးနက်တဲ့ဆင်ခြင်မှု၊ မျက်စိဖွင့်နားစွင့်ပြီးစိန်ခေါ်မှုတွေဆီတိုးဝင်ရဲတဲ့ သတ္တိတွေကိုလိုအပ်ပါတယ်။ ရွေးချယ်မှုမှားသွားခဲ့ရင်လည်းပြင်ဆင်လို့ကောင်းတဲ့အရွယ်မို့ သက်သာသလိုနေပြီးအချိန်မဖြုန်းဘဲ များများတွေးပြီးများများစွန့်စားကြည့်ဖို့ အကြံပြုချင်ပါတယ်နော်။

Ju Ju
zawgyi

ဆယ္ေက်ာ္သက္အ႐ြယ္လူငယ္ေလးေတြထဲမွာ ဘြဲ႕တစ္ခုရလို႔လုပ္ငန္းခြင္ဝင္မယ္ဆိုတဲ့အခါကိုယ့္အနာဂတ္အတြက္အမ်ားႀကီးစဥ္းစားသူရွိသလို ရရာလုပ္မယ္၊ ပိုက္ဆံရရင္ၿပီးတာပဲလို႔ေတြးထားသူေတြလည္းရွိမွာပါ။ အေဝးႀကီးမစဥ္းစားဘူးဆိုတာထက္ ဘဝအေျခအေနေၾကာင့္စဥ္းစားခြင့္မရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။
ဘယ္လိုအေနအထားမွာပဲျဖစ္ျဖစ္ အလုပ္တစ္ခုခုဝင္လုပ္ေတာ့မယ္ဆိုရင္ေသေသခ်ာခ်ာစဥ္းစားေ႐ြးခ်ယ္ျခင္းကသာ အမွန္ကန္ဆုံးပါပဲ။ ငယ္ေသးတဲ့အ႐ြယ္ေတြမွာသူငယ္ခ်င္းနဲ႔အတူတူအလုပ္လုပ္ရမွာမို႔၊ သိပ္မပင္ပန္းလို႔၊ အေတြ႕အႀကဳံရရင္ၿပီးေရာဆိုတဲ့အေတြးေလးေတြေတြးမိၾကတာအမွန္ပါ။ ကိုယ္ကအခ်ိန္ယူျပင္ဆင္ႏိုင္ေသးတဲ့အေနအထားရွိတယ္၊ မျဖစ္မေနပိုက္ဆံရွာဖို႔ မလိုေသးဘူးဆိုရင္ ဒီလိုကေလးအေတြးေတြကိုပယ္ဖ်က္ၿပီးကိုယ့္ Career အတြက္ေသေသခ်ာခ်ာျပင္ ဆင္ေစခ်င္ပါတယ္။

ငါခဏဝင္လုပ္လိုက္မယ္၊ ၿပီးမွ သင္တန္းေလးထပ္တက္ၿပီးကိုယ္လုပ္ခ်င္တဲ့လိုင္းကိုကူးေတာ့မယ္ဆိုတဲ့အေတြးဟာလည္းလက္ေတြ႕မွာျဖစ္လာဖို႔ခက္ခဲတတ္ပါတယ္။ အမ်ိဳးမ်ိဳးေသာအေျခအေနေတြေၾကာင့္အလုပ္ကေနမထြက္ႏိုင္ေတာ့တာ၊ ေနရာတစ္ခုရလာလို႔ ျပန္႐ုန္းထြက္ဖို႔ခက္သြားတာမ်ိဳးေတြအမ်ားႀကီးပါ။အေျခ အေနေပးလာလို႔ ကိုယ္ဝါသနာပါတာလုပ္ခြင့္ရလာျပန္ေတာ့ေအာက္ေျခကျပန္စဖို႔ခက္သြားတတ္သလိုအသက္အ႐ြယ္ေၾကာင့္အဆင္မေျပေတာ့တာမ်ိဳးလည္းျဖစ္သြားတတ္ၾကပါတယ္။ဒါေၾကာင့္ လူငယ္ေလးေတြအေနနဲ႔ အလုပ္စလုပ္မယ္လို႔ေတြးတဲ့အခါ ကိုယ့္ဝါသနာ၊ကိုယ့္အမူအက်င့္ေပၚအေျခခံၿပီး သင့္ေတာ္တဲ့အလုပ္ကိုသာေ႐ြးခ်ယ္ပါ။ကိုယ္စိတ္ဝင္စားတဲ့အလုပ္ကိုရဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားပါ။ စိတ္ရွည္ရွည္ေစာင့္ပါ။ ႐ြယ္တူေတြၾကားမွာနင္ဘာမွမလုပ္ေသးဘူးလား၊ ထိုင္စားေနတုန္းလား ဆိုတဲ့အေျပာေတြကိုခံႏိုင္ရည္ရွိေနဖို႔ေတာ့လိုပါတယ္။

ကိုယ့္ Career ကို မွန္မွန္ကန္ကန္နဲ႔အေကာင္းဆုံးစတင္ႏိုင္ခဲ့ရင္ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ဘဝကိုရဖို႔ေသခ်ာတာမို႔ အလုပ္ေ႐ြးတဲ့အခါဘယ္ေတာ့မွတစ္ခဏလို႔မေတြးသင့္ပါဘူး။ကိုယ္က ေက်ာင္းၿပီးခါစမွာရရာအလုပ္ဝင္လုပ္လိုက္ရတယ္၊ ဒါေပမဲ့အလုပ္မွာလုပ္ေဖာ္ကိုင္ဖက္ေကာင္းေတြနဲ႔ေတြ႕ၿပီး ေပ်ာ္စရာေကာင္းတယ္ဆိုရင္ ေတာင္ ၆လၾကာတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ျပန္သုံးသပ္ပါ။ငါ့ရဲ႕အလုပ္က ေပါ့ပါးတယ္၊ ေပ်ာ္စရာေကာင္းတယ္ဆိုတာမွန္ေပမယ့္ ငါ့အတြက္တက္လမ္းရွိရဲ႕လား၊
ခိုင္မာတဲ့ Career တစ္ခုဟုတ္ရဲ႕လား၊ ဘယ္သူဝင္လုပ္လုပ္ အလြယ္တကူလုပ္လို႔ရေနတဲ့အလုပ္မ်ိဳးလားစတာေတြကိုစဥ္းစားရပါမယ္။ ကိုယ့္ေနရာဟာအလြယ္ တကူအစားထိုးလို႔ရတဲ့ေနရာမ်ိဳးဆိုရင္ဒီလိုေနရာမွာဘယ္ေတာ့မွရပ္တန႔္မေနသင့္ပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြအမ်ားႀကီးနဲ႔ဘယ္ေလာက္ပဲေပ်ာ္စရာေကာင္းေနပါ ေစ ေလးနက္တဲ့ဆုံးျဖတ္ခ်က္ခ်ၿပီး ကိုယ့္အတြက္ခိုင္မာမႈရွိတဲ့ Career ကိုရွာေဖြႏိုင္ဖို႔၊ တည္ေဆာက္ႏိုင္ဖို႔လိုပါတယ္ေနာ္။ငယ္႐ြယ္စဥ္မွာအဲဒီလို မေျပာင္းလဲႏိုင္ခဲ့ရင္၊ မ႐ုန္းထြက္ႏိုင္ခဲ့ရင္ ေနာင္တစ္ခ်ိန္မွာ Career နဲ႔ပတ္သက္တဲ့ေနာင္တဆိုတာကိုပိုင္ဆိုင္ရမွာေသခ်ာပါတယ္။ဒါေၾကာင့္ ငယ္႐ြယ္တုန္းအခ်ိန္မွာ ေလးနက္တဲ့ဆင္ျခင္မႈ၊ မ်က္စိဖြင့္နားစြင့္ၿပီးစိန္ေခၚမႈေတြဆီတိုးဝင္ရဲတဲ့ သတၱိေတြကိုလိုအပ္ပါတယ္။ ေ႐ြးခ်ယ္မႈမွားသြားခဲ့ရင္လည္းျပင္ဆင္လို႔ေကာင္းတဲ့အ႐ြယ္မို႔ သက္သာသလိုေနၿပီးအခ်ိန္မျဖဳန္းဘဲ မ်ားမ်ားေတြးၿပီးမ်ားမ်ားစြန႔္စားၾကည့္ဖို႔ အႀကံျပဳခ်င္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*