အသည်းကွဲသမားလေး Ahn Bo Hyun ရဲ့ဇာတ်လမ်းတွဲအသစ်

ဂျီဆိုနဲ့လမ်းခွဲခဲ့ပေမယ့် အလုပ်တွေမအားလပ်အောင်လုပ်နေဆဲဖြစ်တဲ့ Ahn Bo Hyun ကနောက်ထပ်ဇာတ်လမ်းတွဲအသစ်တစ်ခုမှာပါဝင်ထားတယ်လို့သိရပါတယ်။သူနဲ့အတူ Yumi’s Cells ဇာတ်ကားထဲမှာအတူပါဝင်ခဲ့ဖူးတဲ့ Park Ji Hyun ကလည်းလက်ရှိဇာတ်လမ်းတွဲမှာ တွဲဖက်ပါဝင်လာမှာဖြစ်ပါတယ်။ Yumi’s Cells မှာတုန်းကသူတို့နှစ်ဦးဟာ အလုပ်တူတူလုပ်ရင်း သူငယ်ချင်းလိုလို၊ချစ်သူလိုလိုဆက်ဆံရေးမျိုးရှိခဲ့ကြတဲ့ဇာတ်ကောင်စရိုက်တွေမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိထုတ်လွှင့်မယ့်ဇာတ်လမ်းတွဲကတော့ Flex X Cop လို့နာမည်ရပြီး SBS ကထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလမှာ စတင်ပြသမယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲမှာတော့ Ahn Bo Hyun နဲ့ Park Ji Hyun တို့ကကအဓိကမင်းသားမင်းသမီးတွေအဖြစ်ပါဝင်လာကြမှာပါ။ Flex X Cop ဟာ စိတ်ဝင်စားဖွယ်အရှုပ်အထွေးတွေပေါင်းစပ်ထားတဲ့စုံထောက်အက်ရှင်ဇာတ်ကားမျိုးဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*