Reply 1988 အတွဲလေးတကယ်ပြတ်ပါပြီ

Reply 1988 ဇာတ်လမ်းတွဲကိုကြည့်သူတိုင်း မင်းသား Ryu Jun Yeol နဲ့ မင်းသမီး Lee Hyeri တို့ကိုတစ်သက်လုံးလက်တွဲသွားစေချင်ကြတာပါ။ ဇာတ်လမ်းတွဲထဲမှာ ချစ်သူတွေမဖြစ်ခဲ့ရပေမယ့်လက်တွေ့ဘဝမှာတော့ချစ်သူတွေအဖြစ်ရှိနေကြတဲ့သူတို့အတွဲကို ပရိသတ်တွေကတောက်လျှောက်ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ ချစ်သက်တမ်း ၆ နှစ်ကြာခဲ့ပြီဖြစ်တဲ့သူတို့စုံတွဲလေးပြတ်စဲသွားပြီဖြစ်ကြောင်း News 1 ကကြေညာခဲ့တာဖြစ်ပါတယ်။ Ryu Jun Yeol နဲ့ Hyeri တို့ရဲ့အေဂျင်စီနှစ်ခုလုံးကလည်း သူတို့နှစ်ဦးပြတ်စဲသွားပြီဆိုတာကိုအတည်ပြုခဲ့ကြပါတယ်။

ကျရာဇာတ်ရုပ်မှာပီပြင်တာကြောင့် သဘာဝမင်းသား၊ မင်းသမီးတွေလို့နာမည်ကြီးတဲ့သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနစ်ကပြသတဲ့ Reply 1988 ဇာတ်လမ်းတွဲမှာအတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြောင်းကိုတော့ ၂၀၁၇ ခုနစ်၊ဩဂုတ်လက ပရိသတ်တွေဆီအသိပေးခဲ့ကြတာဖြစ်ပါတယ်။မင်းသား Ryu Jun Yeol အနေနဲ့ Alienoid Part 2 မှာပါဝင်သရုပ်ဆောင်ထားပြီးဒီဇာတ်ကားဟာ ၂၀၂၄ ခုနစ်မှာ ရုံတင်ပြသမယ်လို့သိရပါတယ်။ မင်းသမီး Lee Hyeri ကတော့ Victory လို့ခေါ်တဲ့ကျောင်းသားဇာတ်ကားတစ်ခုမှာပါဝင်သရုပ်ဆောင်ထားပြီး Victory ဟာလည်း ၂၀၂၄ ခုနစ်မှာရုံတင်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Reply 1988 ဇာတ္လမ္းတြဲကိုၾကည့္သူတိုင္း မင္းသား Ryu Jun Yeol နဲ႔ မင္းသမီး Lee Hyeri တို႔ကိုတစ္သက္လုံးလက္တြဲသြားေစခ်င္ၾကတာပါ။ ဇာတ္လမ္းတြဲထဲမွာ ခ်စ္သူေတြမျဖစ္ခဲ့ရေပမယ့္လက္ေတြ႕ဘဝမွာေတာ့ခ်စ္သူေတြအျဖစ္ရွိေနၾကတဲ့သူတို႔အတြဲကို ပရိသတ္ေတြကေတာက္ေလွ်ာက္ခ်စ္ခင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ႏိုဝင္ဘာလ ၁၃ ရက္ေန႔မွာေတာ့ ခ်စ္သက္တမ္း ၆ ႏွစ္ၾကာခဲ့ၿပီျဖစ္တဲ့သူတို႔စုံတြဲေလးျပတ္စဲသြားၿပီျဖစ္ေၾကာင္း News 1 ကေၾကညာခဲ့တာျဖစ္ပါတယ္။ Ryu Jun Yeol နဲ႔ Hyeri တို႔ရဲ႕ေအဂ်င္စီႏွစ္ခုလုံးကလည္း သူတို႔ႏွစ္ဦးျပတ္စဲသြားၿပီဆိုတာကိုအတည္ျပဳခဲ့ၾကပါတယ္။

က်ရာဇာတ္႐ုပ္မွာပီျပင္တာေၾကာင့္ သဘာဝမင္းသား၊ မင္းသမီးေတြလို႔နာမည္ႀကီးတဲ့သူတို႔ႏွစ္ဦးဟာ ၂၀၁၆ ခုနစ္ကျပသတဲ့ Reply 1988 ဇာတ္လမ္းတြဲမွာအတူတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးခ်စ္သူေတြျဖစ္ေနေၾကာင္းကိုေတာ့ ၂၀၁၇ ခုနစ္၊ဩဂုတ္လက ပရိသတ္ေတြဆီအသိေပးခဲ့ၾကတာျဖစ္ပါတယ္။မင္းသား Ryu Jun Yeol အေနနဲ႔ Alienoid Part 2 မွာပါဝင္သ႐ုပ္ေဆာင္ထားၿပီးဒီဇာတ္ကားဟာ ၂၀၂၄ ခုနစ္မွာ ႐ုံတင္ျပသမယ္လို႔သိရပါတယ္။ မင္းသမီး Lee Hyeri ကေတာ့ Victory လို႔ေခၚတဲ့ေက်ာင္းသားဇာတ္ကားတစ္ခုမွာပါဝင္သ႐ုပ္ေဆာင္ထားၿပီး Victory ဟာလည္း ၂၀၂၄ ခုနစ္မွာ႐ုံတင္ျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*