မင်းသားကြီးမာဒုံဆော့ရဲ့ အက်ရှင်ကားသစ် Badland Hunters

ကမ္ဘာကျော်တဲ့ကိုရီးယားအက်ရှင်မင်းသားကြီးမာဒုံဆော့ကိုတခြားသောသူ့ရဲ့ဇာတ်ကားတွေနဲ့တွဲမသိရင်တောင် Train to Busan ဇာတ် ကားနဲ့တွဲပြီးသိကြမှာဖြစ်ပါတယ်။လက်ရှိမှာ မာဒုံဆော့နဲ့အတူ လီဂျွန်ယောင်း၊ နိုဂျောင်အီ၊ လီဟီဂျွန်တို့တွဲဖက်ပါဝင်မယ့် Netflix ရုပ်ရှင်ကားသစ်တစ်ကား စတင်ရိုက်ကူးတော့မယ်လို့သိရပါတယ်။Netflix အနေနဲ့ သူတို့ထုတ်လုပ်မယ့်အက်ရှင်ကားသစ် Badland Hunters မှာပါဝင်မယ့်အနုပညာရှင်တွေအကြောင်းနဲ့ ဇာတ်လမ်းဇာတ်အိမ်အကြောင်းကို နိုဝင်ဘာလ ၂ ရက်နေ့ကအတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Badland Hunters ဟာ မကြာခင်ကထွက်ရှိခဲ့တဲ့ Concrete Utopia ရုပ်ရှင်ကားလိုမျိုး အခက်အခဲနဲ့အန္တရာယ်တွေကြားကနေအသက်ရှင်သန်အောင်ရုန်းကန်ရတဲ့ဇာတ်လမ်း မျိုးဖြစ်ပါတယ်။ဒီဇာတ်ကားကို The Outlaws ဇာတ်လမ်းတွဲ၊ Hunt နဲ့ Train to Busan တို့လိုဇာတ်ကားတွေရဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် Martial Arts Director အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တဲ့ Heo Myung Haeng က ဒါရိုက်တာအနေနဲ့ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ကမာၻေက်ာ္တဲ့ကိုရီးယားအက္ရွင္မင္းသားႀကီးမာဒုံေဆာ့ကိုတျခားေသာသူ႔ရဲ႕ဇာတ္ကားေတြနဲ႔တြဲမသိရင္ေတာင္ Train to Busan ဇာတ္ ကားနဲ႔တြဲၿပီးသိၾကမွာျဖစ္ပါတယ္။လက္ရွိမွာ မာဒုံေဆာ့နဲ႔အတူ လီဂြၽန္ေယာင္း၊ ႏိုေဂ်ာင္အီ၊ လီဟီဂြၽန္တို႔တြဲဖက္ပါဝင္မယ့္ Netflix ႐ုပ္ရွင္ကားသစ္တစ္ကား စတင္႐ိုက္ကူးေတာ့မယ္လို႔သိရပါတယ္။Netflix အေနနဲ႔ သူတို႔ထုတ္လုပ္မယ့္အက္ရွင္ကားသစ္ Badland Hunters မွာပါဝင္မယ့္အႏုပညာရွင္ေတြအေၾကာင္းနဲ႔ ဇာတ္လမ္းဇာတ္အိမ္အေၾကာင္းကို ႏိုဝင္ဘာလ ၂ ရက္ေန႔ကအတည္ျပဳထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

Badland Hunters ဟာ မၾကာခင္ကထြက္ရွိခဲ့တဲ့ Concrete Utopia ႐ုပ္ရွင္ကားလိုမ်ိဳး အခက္အခဲနဲ႔အႏၲရာယ္ေတြၾကားကေနအသက္ရွင္သန္ေအာင္႐ုန္းကန္ရတဲ့ဇာတ္လမ္း မ်ိဳးျဖစ္ပါတယ္။ဒီဇာတ္ကားကို The Outlaws ဇာတ္လမ္းတြဲ၊ Hunt နဲ႔ Train to Busan တို႔လိုဇာတ္ကားေတြရဲ႕အက္ရွင္ဇာတ္ဝင္ခန္းေတြအတြက္ Martial Arts Director အျဖစ္တာဝန္ယူေဆာင္႐ြက္ခဲ့တဲ့ Heo Myung Haeng က ဒါ႐ိုက္တာအေနနဲ႔႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*