ဂျိုဂျောင်ဆော့နဲ့ရှင်ဆီဂျောင်းတို့တွဲဖက်ပါဝင်မယ့် ဒရာမာကားသစ်

မင်းသားဂျိုဂျောင်ဆော့နဲ့ မင်းသမီးရှင်ဆီဂျောင်းတို့ဟာ ရှေးရာဇဝင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sejak မှာပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ဒီလိုပါဝင်ရိုက်ကူးထားတဲ့အကြောင်းကို tvN က အောက်တိုဘာလ ၃၁ ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ “Sejak လို့နာမည်ပေးထားတဲ့ရှေးရာဇဝင်အချစ်ဇာတ်လမ်းတွဲသစ်မှာ ဂျိုဂျောင်ဆော့နဲ့ရှင်ဆီဂျောင်းတို့က ခေါင်းဆောင်မင်း သား၊မင်းသမီးတွေအဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလမှာထုတ်လွှင့်ပြသနိုင်ဖို့ရည်ရွယ်ထားပါတယ်။ ထုတ်လွှင့်မယ့်ရက်အတိအကျကိုတော့မသိရသေးပါဘူး” လို့ရေးသားထားတာပါ။

ဒီဇာတ်လမ်းတွဲဟာ Hospital Playlist Season 2 အပြီး ၂ နှစ်ကြာလောက် ပရိသတ်ရှေ့ကပျောက်နေတဲ့မင်းသားဂျိုဂျောင်ဆော့ကိုပြန် လည်တွေ့မြင်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲအပြီးမှာတော့ သူ့ရဲ့ရုပ်ရှင်ကားတွေဖြစ်တဲ့ The Land of Happiness နဲ့ Pilot တို့ကိုရုံတင်ပြသဖို့ရှိနေပါသေးတယ်။ မင်းသမီးရှင်ဆီဂျောင်းပါဝင်ထားတဲ့ Arthdal Chronicles 2 ဇာတ်လမ်းတွဲကတော့ မကြာသေးခင်က ထုတ်လွှင့်ပြီးစီးသွားပြီဖြစ်ပါတယ်။

Ju Ju

zawgyi

မင္းသားဂ်ိဳေဂ်ာင္ေဆာ့နဲ႔ မင္းသမီးရွင္ဆီေဂ်ာင္းတို႔ဟာ ေရွးရာဇဝင္ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Sejak မွာပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔သိရပါတယ္။ဒီလိုပါဝင္႐ိုက္ကူးထားတဲ့အေၾကာင္းကို tvN က ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာတရားဝင္ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။ “Sejak လို႔နာမည္ေပးထားတဲ့ေရွးရာဇဝင္အခ်စ္ဇာတ္လမ္းတြဲသစ္မွာ ဂ်ိဳေဂ်ာင္ေဆာ့နဲ႔ရွင္ဆီေဂ်ာင္းတို႔က ေခါင္းေဆာင္မင္း သား၊မင္းသမီးေတြအျဖစ္ပါဝင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲကို ၂၀၂၄ ခုနစ္၊ ဇန္နဝါရီလမွာထုတ္လႊင့္ျပသႏိုင္ဖို႔ရည္႐ြယ္ထားပါတယ္။ ထုတ္လႊင့္မယ့္ရက္အတိအက်ကိုေတာ့မသိရေသးပါဘူး” လို႔ေရးသားထားတာပါ။

ဒီဇာတ္လမ္းတြဲဟာ Hospital Playlist Season 2 အၿပီး ၂ ႏွစ္ၾကာေလာက္ ပရိသတ္ေရွ႕ကေပ်ာက္ေနတဲ့မင္းသားဂ်ိဳေဂ်ာင္ေဆာ့ကိုျပန္ လည္ေတြ႕ျမင္ရမယ့္ဇာတ္ကားလည္းျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲအၿပီးမွာေတာ့ သူ႔ရဲ႕႐ုပ္ရွင္ကားေတြျဖစ္တဲ့ The Land of Happiness နဲ႔ Pilot တို႔ကို႐ုံတင္ျပသဖို႔ရွိေနပါေသးတယ္။ မင္းသမီးရွင္ဆီေဂ်ာင္းပါဝင္ထားတဲ့ Arthdal Chronicles 2 ဇာတ္လမ္းတြဲကေတာ့ မၾကာေသးခင္က ထုတ္လႊင့္ၿပီးစီးသြားၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*