ကိုယ်တိုင်ရေးသားထုတ်လုပ်တဲ့သီချင်းနဲ့ U.K. Singles Chart မှာ နံပါတ် ၁ ချိတ်နေတဲ့ Kenya Grace

တောင်အာဖရိကမှာမွေးဖွားပြီး U.K. မှာကြီးပြင်းတဲ့ကောင်မလေး Kenya Grace ဟာသူမကိုယ်တိုင်ရေးထားတဲ့ Strangers သီချင်းနဲ့အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။သူမကိုယ်တိုင်ရေးသားပြီး သူမကိုယ်တိုင် Produce လုပ်တဲ့ Strangers ဆိုတဲ့သီချင်းဟာ U.K. Singles Chart ရဲ့ နံပါတ်(၁) နေရာကိုရယူထားနိုင်ပါပြီ။ ဒါဟာ ဗြိတိန်အဆိုတော်တစ်ယောက်အနေနဲ့အယ်လာဟင်ဒါဆန်ရဲ့ Ghost သီချင်းနောက်ပိုင်း ဆယ်စုနှစ်တစ်စုခန့်အကြာမှ နောက်တစ်ကြိမ်အနေနဲ့ဒီနေရာကိုပြန်လည် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Doja Cat ရဲ့ Paint The Town Red ဟာ ၅ ပတ်တိတိဇယားထိပ်မှာနေရာယူခဲ့ရာကနေလက်ရှိအချိန်မှာတော့ နံပါတ် ၁၂ ကိုဆင်းသွားခဲ့ပြီး Strangers က နံပါတ် ၁ ဖြစ်လာခဲ့တာပါ။U.K. Singles Chart ရဲ့ ဒုတိယနေရာမှာ Prada ၊ တတိယနေရာမှာတော့ Greedy
သီချင်းတွေကနေရာယူထားကြပါတယ်။Strangers သီချင်းဟာ ဒီနေ့ခေတ်အချစ်ရေးနဲ့ Relationship တွေအကြောင်း အမှန်ကန်ဆုံး၊အထိမိဆုံးရေးသားထားတဲ့သီချင်းမို့ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။

Ju Ju

zawgyi

ေတာင္အာဖရိကမွာေမြးဖြားၿပီး U.K. မွာႀကီးျပင္းတဲ့ေကာင္မေလး Kenya Grace ဟာသူမကိုယ္တိုင္ေရးထားတဲ့ Strangers သီခ်င္းနဲ႔ေအာင္ျမင္မႈမွတ္တိုင္စိုက္ထူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။သူမကိုယ္တိုင္ေရးသားၿပီး သူမကိုယ္တိုင္ Produce လုပ္တဲ့ Strangers ဆိုတဲ့သီခ်င္းဟာ U.K. Singles Chart ရဲ႕ နံပါတ္(၁) ေနရာကိုရယူထားႏိုင္ပါၿပီ။ ဒါဟာ ၿဗိတိန္အဆိုေတာ္တစ္ေယာက္အေနနဲ႔အယ္လာဟင္ဒါဆန္ရဲ႕ Ghost သီခ်င္းေနာက္ပိုင္း ဆယ္စုႏွစ္တစ္စုခန႔္အၾကာမွ ေနာက္တစ္ႀကိမ္အေနနဲ႔ဒီေနရာကိုျပန္လည္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Doja Cat ရဲ႕ Paint The Town Red ဟာ ၅ ပတ္တိတိဇယားထိပ္မွာေနရာယူခဲ့ရာကေနလက္ရွိအခ်ိန္မွာေတာ့ နံပါတ္ ၁၂ ကိုဆင္းသြားခဲ့ၿပီး Strangers က နံပါတ္ ၁ ျဖစ္လာခဲ့တာပါ။U.K. Singles Chart ရဲ႕ ဒုတိယေနရာမွာ Prada ၊ တတိယေနရာမွာေတာ့ Greedy
သီခ်င္းေတြကေနရာယူထားၾကပါတယ္။Strangers သီခ်င္းဟာ ဒီေန႔ေခတ္အခ်စ္ေရးနဲ႔ Relationship ေတြအေၾကာင္း အမွန္ကန္ဆုံး၊အထိမိဆုံးေရးသားထားတဲ့သီခ်င္းမို႔ လူငယ္ပရိသတ္ေတြရဲ႕အားေပးမႈကိုတစ္ခဲနက္ရရွိထားတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*