The Marvels မှာပါဝင်လာမယ့် Park Seo Joon

What’s wrong with secretary kim ၊ Itaewon Class စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်ချစ်ခင်အားပေးမှုရထားတဲ့ Park Seo Joon က ဟောလိဝုဒ်ဇာတ်ကားတစ်ခုဖြစ်တဲ့ The Marvels မှာလည်းပါဝင်ထားပါတယ်။အောက်တိုဘာ ၁၆ ရက်နေ့က Marvel Studios ရဲ့ တရားဝင် Twitter အကောင့်ကနေ The Marvels ဇာတ်ကားရဲ့ Character တွေကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ဒီအထဲမှာမင်းသား Park Seo Joon ရဲ့ Character ပုံရိပ်လည်းပါဝင်လာပြီဖြစ်ပါတယ်။ Park Seo Joon ဟာ ဒီဇာတ်ကားထဲမှာ Prince Yan အဖြစ်သရုပ် ဆောင်မှာဖြစ်ပါတယ်။

Prince Yan ရဲ့ Character ကတော့ Aladna Planet ရဲ့ ဩဇာရှိတဲ့မင်းသားတစ်ပါးဖြစ်ပြီး Carol Danvers ရဲ့ခင်ပွန်းနဲ့မဟာမိတ်လည်းဖြစ်ပါတယ်။ Carol Danvers အဖြစ် Brie Larson ကသရုပ်ဆောင်မှာဖြစ်ပါတယ်။The Marvels ဇာတ်ကားထဲမှာ Brie Larson ၊ Iman Vellani ၊ Teyonah Parris ၊ Zawe Ashton ၊ Samuel L. Jackson နဲ့ Park Seo Joon တို့အဓိကသရုပ်ဆောင်ထားပါတယ်။
ဒါရိုက်တာ Nia DaCosta ရိုက်ကူးတဲ့ The Marvels ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အမေရိကန်နိုင်ငံကရုပ်ရှင်ရုံတွေမှာစတင်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*