Aquaman and The Lost Kingdom မှာပြန်လည်ပါဝင်လာတဲ့ Jason Momoa
ပြီးခဲ့တဲ့ရက်ကထွက်ရှိခဲ့တဲ့ Aquaman and The Lost Kingdom Trailer ထဲမှာ Jason Momoa ပြန်လည်ပါဝင်လာတာကိုတွေ့ခဲ့ရပါတယ်။ သူဟာ Atlantis ဘုရင် Arthur Curry (Aquaman) နေရာကနေပါဝင်ထားတာကိုတွေ့မြင်ရပါတယ်။
ဒီကြော်ငြာအပိုင်းတိုလေးထဲမှာ Patrick Wilson ကို Atlantis ဘုရင်ဟောင်း Orm အဖြစ်တွေ့မြင်ရပြီးမင်းသမီးကြီး Nicole Kidman ကိုတော့ Arthur ရဲ့အမေ Queen Atlanta အဖြစ်မြင်တွေ့ရပါတယ်။ Amber Heard ကတော့ Mera အဖြစ်ပါဝင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့အဓိကအကြောင်းအရာကတော့ တစ်စစီပျက်စီးတော့မယ့် Atlantis ကိုကာကွယ်ရမယ့်တာဝန်ဟာ Aquaman ဆီကျရောက်လာတာပဲဖြစ်ပါတယ်။ဒါရိုက်တာ James Wan ရိုက်ကူးတဲ့ဒီရုပ်ရှင်ကားဟာ Aquaman ထွက်ရှိပြီး ၅ နှစ်အကြာမှထွက်ရှိလာတာဖြစ်ပါတယ်။ Aquaman and The Lost Kingdom ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာြဖစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*