ပစ်မှတ်အလွဲ

လမ်းဆုံတစ်ခုမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးပါတယ်။ ဒီလမ်းဆုံက နာမည်ကြီးဆိတ်ငြိမ်ရပ်ကွက်ရဲ့ အဝင်ဝနားမှာရှိပါတယ်။ အဲဒီရပ်ကွက်က နိုင်ငံခြားသားတွေအနေများတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ အလုပ်လာလုပ်ကြသူတွေလဲရှိပါတယ်။ လမ်းထိပ်က ဘတ်စကားမှတ်တိုင်မှာလဲ အလုပ်ခွင်ဝင်မယ့်၊ အလုပ်ကပြန်မယ့်သူတွေနဲ့ စည်ကား နေတတ်တယ်။စားသောက်ဆိုင်လေးက သိပ်မကြီးပါဘူး။ အနောက်တိုင်း အစားအသောက်လေးတွေနဲ့အဖျော်ယမကာလေးတွေရောင်းတာမို့ ဈေးတော့ကြီးတယ်။ သူ့ဆိုင်မှာ နိုင်ငံခြားသားတွေအထိုင်များပါတယ်။ လက်တော့လေးတစ်လုံးနဲ့ အလုပ်လုပ်နေသူတွေ၊ ကော်ဖီတစ်ခွက်နဲ့စာထိုင်ဖတ်နေသူတွေ ရှိနေတတ်ပါတယ်။ ဆိုင်ထဲမှာ လူတွေရှိနေရင်တောင်မှစကားသံတိုးတိုးလေးတွေပဲ ကြားရတော့ ဆိတ်ငြိမ် အေးဆေးပါတယ်။တစ်ချိန်မှာတော့ စား သောက်ဆိုင်ရဲ့ ပိုင်ရှင်ပြောင်းသွားပါတယ်။

ပိုင်ရှင်အသစ်က ဆိုင်ရဲ့ပတ်ဝန်းကျင်မှာ လူသွားလူလာ များတာကိုကြည့်ပြီး ဈေးကွက်ကို ချဲ့ထွင်ဖို့ကြိုးစားပါတယ်။ သူက လူတိုင်းကြိုက်ကြတဲ့ မုန့်ဟင်းခါးတို့ ငါးကင်တို့ တင်ရောင်းပါတယ်။ဘီယာကို ညနေခင်းတွေမှာ လျှော့ဈေးနဲ့ သောက်နိုင်မယ့် အစီအစဉ်တွေလုပ်ပါတယ်။သူ့ဆိုင်က ဘီယာသောက်တဲ့ သူတွေနဲ့ စည်ကားလာပါတယ်။ ဒါပေမဲ့ သူတို့ကဘီယာပဲလာသောက်ကြတာပါ။ မုန့်ဟင်းခါးကိုတော့ ဈေးကြီးလို့ သူ့ဆိုင်မှာ မစားကြဘူး။ဘတ်စကားဂိတ်နားမှာ ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင်မှာပဲ စားကြသူတွေပါ။ဘီယာသောက်ရင်း အသံကျယ်ကျယ်နဲ့ စကားများတဲ့သူတွေ ရောက်လာတော့ အရင်ကသူ့ဆိုင်မှာ ထိုင်လေ့ရှိတဲ့ သူတွေနဲ့ သဟဇာတ မဖြစ်တော့ပါ။ ဆူညံသံတွေထဲမှာအလုပ်လုပ်လို့မရ၊ စကားပြောလို့မကောင်းနဲ့မို့ သူ့ဆိုင်ကို မလာကြတော့ပါဘူး။

ဘီယာလာသောက်တဲ့သူတွေကလဲ ဈေးကြီးတဲ့ဆိုင်မို့ အမြဲပုံမှန်မလာန်ိင်ကြပဲ တဖြေးဖြေးလူနည်းသွားပါတယ်။ တင်ထားတဲ့ အစားအသောက်တွေလဲ ရောင်းမကောင်းတော့ဆိုင်ကိုပိတ်လိုက်ရပါတယ်။ဆိုင်ရဲ့ပတ်ဝန်းကျင်မှာ နေထိုင်သွားလာနေကြတဲ့ သူတွေက လုပ်ငန်းခွင် မျိုးစုံက အခြေခံလူတန်းစားတွေနဲ့ နိုင်ငံခြားသားတွေ/ဆိတ်ငြိမ်ရပ်ကွက်ထဲက ငွေကြေးတတ်နိုင်သူတွေပါ။ဒီအုပ်စုနှစ်စုရဲ့ လိုအပ်ချက်တွေက မတူကြပါဘူး။ စားသောက်တဲ့ အမယ်တွေလဲမတူကြသလို နေထိုင်ပုံတွေလဲမတူကြပါဘူး။အရင်တုန်းက စားသောက်ဆိုင်လေးက နိုင်ငံခြားသားတွေနဲ့ ငွေကြေးတတ်နိုင်တဲ့အုပ်စုကိုပစ်မှတ် (target) ထားပြီး ရောင်းခဲ့တယ်။ နောက်လာတဲ့ ပိုင်ရှင်ကတော့ အုပ်စုနှစ်ခုလုံးကိုဦးတည်ပြီး ရောင်းရချင်တော့ အစားအသောက်တွေ ထပ်ဖြည့်ပြီး ရောင်းဖို့ကြိုးစားတယ်။သဘာဝခြင်း မတူညီတာကို ပေါင်းစပ်ကြည့်ဖို့ ကြိုးစားတော့ မအောင်မြင်ပဲဖြစ်သွားရပါတယ်။

ဘာပစ္စည်းကိုရောင်းမလဲလို့ ဆုံးဖြတ်ရတဲ့ အခါမှာ ဘယ်သူ့ကိုရောင်းမှာလဲလို့ပါထည့်စဉ်းစားဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေ၊ ဈေးဝယ်တဲ့ အလေ့အ ထတွေ၊စားသုံးပုံ အလေ့အထတွေ မတူတတ်တာကြောင့် ကိုယ်က ဖြည့်ဆည်းနိုင်မယ့်အုပ်စုကိုရွေးချယ်ပြီး ထိထိရောက်ရောက် ပစ်မှတ် (target) ထားနိုင်အောင်ရွေးချယ်ရပါတယ်။ကိုယ်က နိုင်နိုင်နင်းနင်း စီမံနိုင်ရင် အုပ်စုတစ်စုထက်ပိုပြီး ရွေးချယ်လို့လဲရပါတယ်။နိုင်နိုင်နင်းနင်းလို့ ဆိုရာမှာ ကုန်ပစ္စည်းတွေ ခင်းကျင်းထားရုံနဲ့ မပြီးပါဘူး။ ဝယ်သူရဲ့ဝယ်တတ်တဲ့ အလေ့အထ၊ သုံးစွဲတဲ့ အလေ့အထတွေကိုပါ ကိုက်ညီမှုရှိအောင် စီမံပေးတတ်ဖို့လိုပါတယ်။ခုပြောခဲ့တဲ့ ဆိုင်လေးကတော့ စားသုံးမှု အလေ့အထ မတူတဲ့ အုပ်စုနှစ်စုကို တစ်ဆိုင်ထဲမှာရောင်းဖို့ ကြိုးစားလိုက်တာကြောင့် အုပ်စုနှစ်စုလုံးကို ဆုံးရှုံးလိုက်ရပါတယ်။

မမိုးခိုင်

zawgyi

လမ္းဆုံတစ္ခုမွာ စားေသာက္ဆိုင္ေလးတစ္ဆိုင္ရွိခဲ့ဖူးပါတယ္။ ဒီလမ္းဆုံက နာမည္ႀကီးဆိတ္ၿငိမ္ရပ္ကြက္ရဲ႕ အဝင္ဝနားမွာရွိပါတယ္။ အဲဒီရပ္ကြက္က ႏိုင္ငံျခားသားေတြအေနမ်ားတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ကုမၸဏီေတြမွာ အလုပ္လာလုပ္ၾကသူေတြလဲရွိပါတယ္။ လမ္းထိပ္က ဘတ္စကားမွတ္တိုင္မွာလဲ အလုပ္ခြင္ဝင္မယ့္၊ အလုပ္ကျပန္မယ့္သူေတြနဲ႔ စည္ကား ေနတတ္တယ္။စားေသာက္ဆိုင္ေလးက သိပ္မႀကီးပါဘူး။ အေနာက္တိုင္း အစားအေသာက္ေလးေတြနဲ႔အေဖ်ာ္ယမကာေလးေတြေရာင္းတာမို႔ ေဈးေတာ့ႀကီးတယ္။ သူ႔ဆိုင္မွာ ႏိုင္ငံျခားသားေတြအထိုင္မ်ားပါတယ္။ လက္ေတာ့ေလးတစ္လုံးနဲ႔ အလုပ္လုပ္ေနသူေတြ၊ ေကာ္ဖီတစ္ခြက္နဲ႔စာထိုင္ဖတ္ေနသူေတြ ရွိေနတတ္ပါတယ္။ ဆိုင္ထဲမွာ လူေတြရွိေနရင္ေတာင္မွစကားသံတိုးတိုးေလးေတြပဲ ၾကားရေတာ့ ဆိတ္ၿငိမ္ ေအးေဆးပါတယ္။တစ္ခ်ိန္မွာေတာ့ စား ေသာက္ဆိုင္ရဲ႕ ပိုင္ရွင္ေျပာင္းသြားပါတယ္။

ပိုင္ရွင္အသစ္က ဆိုင္ရဲ႕ပတ္ဝန္းက်င္မွာ လူသြားလူလာ မ်ားတာကိုၾကည့္ၿပီး ေဈးကြက္ကို ခ်ဲ႕ထြင္ဖို႔ႀကိဳးစားပါတယ္။ သူက လူတိုင္းႀကိဳက္ၾကတဲ့ မုန္႔ဟင္းခါးတို႔ ငါးကင္တို႔ တင္ေရာင္းပါတယ္။ဘီယာကို ညေနခင္းေတြမွာ ေလွ်ာ့ေဈးနဲ႔ ေသာက္ႏိုင္မယ့္ အစီအစဥ္ေတြလုပ္ပါတယ္။သူ႔ဆိုင္က ဘီယာေသာက္တဲ့ သူေတြနဲ႔ စည္ကားလာပါတယ္။ ဒါေပမဲ့ သူတို႔ကဘီယာပဲလာေသာက္ၾကတာပါ။ မုန္႔ဟင္းခါးကိုေတာ့ ေဈးႀကီးလို႔ သူ႔ဆိုင္မွာ မစားၾကဘူး။ဘတ္စကားဂိတ္နားမွာ ဖြင့္ထားတဲ့ မုန္႔ဟင္းခါးဆိုင္မွာပဲ စားၾကသူေတြပါ။ဘီယာေသာက္ရင္း အသံက်ယ္က်ယ္နဲ႔ စကားမ်ားတဲ့သူေတြ ေရာက္လာေတာ့ အရင္ကသူ႔ဆိုင္မွာ ထိုင္ေလ့ရွိတဲ့ သူေတြနဲ႔ သဟဇာတ မျဖစ္ေတာ့ပါ။ ဆူညံသံေတြထဲမွာအလုပ္လုပ္လို႔မရ၊ စကားေျပာလို႔မေကာင္းနဲ႔မို႔ သူ႔ဆိုင္ကို မလာၾကေတာ့ပါဘူး။

ဘီယာလာေသာက္တဲ့သူေတြကလဲ ေဈးႀကီးတဲ့ဆိုင္မို႔ အၿမဲပုံမွန္မလာန္ိင္ၾကပဲ တေျဖးေျဖးလူနည္းသြားပါတယ္။ တင္ထားတဲ့ အစားအေသာက္ေတြလဲ ေရာင္းမေကာင္းေတာ့ဆိုင္ကိုပိတ္လိုက္ရပါတယ္။ဆိုင္ရဲ႕ပတ္ဝန္းက်င္မွာ ေနထိုင္သြားလာေနၾကတဲ့ သူေတြက လုပ္ငန္းခြင္ မ်ိဳးစုံက အေျခခံလူတန္းစားေတြနဲ႔ ႏိုင္ငံျခားသားေတြ/ဆိတ္ၿငိမ္ရပ္ကြက္ထဲက ေငြေၾကးတတ္ႏိုင္သူေတြပါ။ဒီအုပ္စုႏွစ္စုရဲ႕ လိုအပ္ခ်က္ေတြက မတူၾကပါဘူး။ စားေသာက္တဲ့ အမယ္ေတြလဲမတူၾကသလို ေနထိုင္ပုံေတြလဲမတူၾကပါဘူး။အရင္တုန္းက စားေသာက္ဆိုင္ေလးက ႏိုင္ငံျခားသားေတြနဲ႔ ေငြေၾကးတတ္ႏိုင္တဲ့အုပ္စုကိုပစ္မွတ္ (target) ထားၿပီး ေရာင္းခဲ့တယ္။ ေနာက္လာတဲ့ ပိုင္ရွင္ကေတာ့ အုပ္စုႏွစ္ခုလုံးကိုဦးတည္ၿပီး ေရာင္းရခ်င္ေတာ့ အစားအေသာက္ေတြ ထပ္ျဖည့္ၿပီး ေရာင္းဖို႔ႀကိဳးစားတယ္။သဘာဝျခင္း မတူညီတာကို ေပါင္းစပ္ၾကည့္ဖို႔ ႀကိဳးစားေတာ့ မေအာင္ျမင္ပဲျဖစ္သြားရပါတယ္။

ဘာပစၥည္းကိုေရာင္းမလဲလို႔ ဆုံးျဖတ္ရတဲ့ အခါမွာ ဘယ္သူ႔ကိုေရာင္းမွာလဲလို႔ပါထည့္စဥ္းစားဖို႔ လိုပါတယ္။ တစ္ဦးနဲ႔တစ္ဦး လိုအပ္ခ်က္ေတြ၊ ေဈးဝယ္တဲ့ အေလ့အ ထေတြ၊စားသုံးပုံ အေလ့အထေတြ မတူတတ္တာေၾကာင့္ ကိုယ္က ျဖည့္ဆည္းႏိုင္မယ့္အုပ္စုကိုေ႐ြးခ်ယ္ၿပီး ထိထိေရာက္ေရာက္ ပစ္မွတ္ (target) ထားႏိုင္ေအာင္ေ႐ြးခ်ယ္ရပါတယ္။ကိုယ္က ႏိုင္ႏိုင္နင္းနင္း စီမံႏိုင္ရင္ အုပ္စုတစ္စုထက္ပိုၿပီး ေ႐ြးခ်ယ္လို႔လဲရပါတယ္။ႏိုင္ႏိုင္နင္းနင္းလို႔ ဆိုရာမွာ ကုန္ပစၥည္းေတြ ခင္းက်င္းထား႐ုံနဲ႔ မၿပီးပါဘူး။ ဝယ္သူရဲ႕ဝယ္တတ္တဲ့ အေလ့အထ၊ သုံးစြဲတဲ့ အေလ့အထေတြကိုပါ ကိုက္ညီမႈရွိေအာင္ စီမံေပးတတ္ဖို႔လိုပါတယ္။ခုေျပာခဲ့တဲ့ ဆိုင္ေလးကေတာ့ စားသုံးမႈ အေလ့အထ မတူတဲ့ အုပ္စုႏွစ္စုကို တစ္ဆိုင္ထဲမွာေရာင္းဖို႔ ႀကိဳးစားလိုက္တာေၾကာင့္ အုပ္စုႏွစ္စုလုံးကို ဆုံးရႈံးလိုက္ရပါတယ္။

မမိုးခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*