ပွဲစခါနီးမိနစ်ပိုင်းအလိုမှ ပွဲဖျက်လိုက်တဲ့ Ed Sheeran

ပြီးခဲ့တဲ့စနေနေ့က Las Vegas မှာကျင်းပခဲ့တဲ့ Ed Sheeran ရဲ့ Concert ကို မိနစ်ပိုင်းအလိုမှဖျက်သိမ်းလိုက်ပါတယ်။ ပွဲတာဝန်ရှိသူတွေက နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လို့ပြောခဲ့ပြီးပရိသတ်ထောင်ပေါင်းများစွာဟာ ခန်းမထဲကနေပြန်လည်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Ed Sheeran က သူ့ရဲ့ Instagram မှာ “ငါတကယ်ကိုဝမ်းနည်းမိပါတယ်။ အားလုံးဟာဒီပွဲအတွက်အဝေးကနေလာရတယ်ဆိုတာကိုလည်းသိပါတယ်။ ဒီပွဲကို အောက်တိုဘာလ ၂၈ရက်နေ့ကိုရွှေ့လိုက်ပါတယ်။ ဝယ်ထားတဲ့လက်မှတ်တွေဟာလည်းအဲဒီရက်အထိအကျုံး ဝင်နေမှာဖြစ်ပါတယ်။ တကယ့်ကို စိတ်မကောင်းပါဘူး”လို့ရေးသားခဲ့တာဖြစ်ပါတယ်။ဒီပွဲအတွက်ပရိသတ်တွေဟာ တခြားသောမြို့တွေကနေ Las Vegas ကိုလာရောက်ခဲ့ကြတာဖြစ်ပြီးအပူချိန် ၉၀ ဒီဂရီရှိနေတာမို့ ပရိသတ်တချို့ဟာပြင်းထန်တဲ့အပူချိန်ကြောင့်ဖြစ်တဲ့ဝေဒနာတွေကိုလည်းခံစားခဲ့ကြရတယ်လို့ သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*