ဩဂုတ်လမှာ စီးပွါးရေးနဲ့ ငွေကြေးကံဇာတာ အကြီးအကျယ် ပွင့်လန်းလာမယ့် ရာသီခွင် (၃)ခု

♦️ဩဂုတ်လမှာ စီးပွါးရေးနဲ့ ငွေကြေးကံဇာတာ အကြီးအကျယ် ပွင့်လန်းလာမယ့် ရာသီခွင် (၃)ခု

၂၀၂၆ ဩဂုတ်လဟာ မိမိကိုယ်ကို ပိုပြီး အာရုံစိုက်တွေ့ရှိလာရမယ့် လတစ်လဖြစ်သလို၊ ဒီ ရာသီဖွား ၃ ခုအတွက်တော့ စီးပွားရေးနဲ့ ငွေကြေးကံဇာတာ တကယ်ကို အားကောင်းလာမယ့် လလည်း ဖြစ်ပါတယ်။

ဩဂုတ်လစမှာMercury ရဲ့ အရိပ်သက်ရောက်မှုကုန်ဆုံးတော့မှာဖြစ်ပြီး ဩဂုတ် ၆ ရက်နေ့မှာ လုံးဝပြီးဆုံးပါမယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ မချခင်နဲ့ စာချုပ်စာတမ်းတွေ မလက်မှတ်ထိုးခင် သေချာအချိန်ယူ စစ်ဆေးပါ။ ဒီလမှာ ကြုံရမယ့် နေကြတ်လကြတ်မှုတွေက မမျှော်လင့်ထားတဲ့ အခွင့်အရေးတွေနဲ့ အံ့ဩစရာတွေကို ယူဆောင်လာပေးပါလိမ့်မယ်။ ပထမအကြိမ် သိဟ်ရာသီမှာ ကြတ်တဲ့အခါ သတ္တိရှိရှိ ရင်ဆိုင်ပါ။ ဒုတိယအကြိမ် မိန်ရာသီမှာ ကြတ်တဲ့အခါကျရင်တော့ လက်လွှတ်သင့်တာကို ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတာ သိစေဖို့ပါပဲ။

ဒါ့အပြင် နေကြတ်၊ လကြတ်မှုတွေက သိဟ်ရာသီနဲ့ ကုံရာသီတို့မှာ ဖြစ်ပေါ်မှာဖြစ်တဲ့အတွက် သာမန်အောင်မြင်မှု အတိုင်းအတာတွေထဲက ခွဲထွက်ပြီး မိမိအတွက် အမှန်တကယ် အဓိပ္ပာယ်ရှိတာတွေကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းနေပါတယ်။ မိမိရဲ့ အိပ်မက်တွေကို တန်ဖိုးထားပါ။ မိမိအတွက် မှန်ကန်တယ်လို့ ခံစားရရင် အဲဒါဟာ အကောင်းဆုံး အောင်မြင်မှုပါပဲ။

♦️Virgo
ကန်ရာသီဖွားတွေအတွက် အောင်မြင်မှုဟာ ဘယ်သူနဲ့ လက်တွဲမလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ သောကြာဂြိုလ်က ဩဂုတ် ၆ ရက်မှာ တူရာသီထဲကို ဝင်ရောက်မှာဖြစ်ပြီး စက်တင်ဘာ ၁၀ အထိ ရှိနေပါမယ်။ ဒါပေမဲ့ သောကြာဂြိုလ် သွားနှုန်းပုံမှန်မဟုတ်ဘဲ Retrograde မျိုး ဖြစ်လာဦးမှာမို့ အောက်တိုဘာ ၂၅ မှာ တူရာသီထဲကို နောက်တစ်ကြိမ် ပြန်ဝင်ပါလိမ့်မယ်။ စီးပွားရေးနဲ့ ငွေကြေးကိစ္စတွေမှာ စိတ်ရှည်ရှည်ထားဖို့ လိုပေမဲ့ ရလဒ်ကတော့ အပြည့်အဝ တန်ပြန်ရရှိမှာပါ။

သောကြာဂြိုဟ် တူရာသီမှာ ရှိနေချိန်မှာ သင်ရဲ့ ငွေကြေးအောင်မြင်မှုဟာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ လာပါလိမ့်မယ်။ ပူးပေါင်းလုပ်ဆောင်မှု အသစ်တွေရလာမယ်၊ လုပ်ငန်းသုံး စိုက်ထုတ်ရမယ့် အချိန်နဲ့ အရင်းအမြစ်တွေကိုလည်း အသင်းအဖွဲ့လိုက် ပိုမိုကောင်းမွန်စွာ ရင်းနှီးမြှုပ်နှံနိုင်ပါလိမ့်မယ်။ ဒါဟာ ကိုယ်ရေးကိုယ်တာရော စီးပွားရေးမှာပါ သက်ရောက်မှု ရှိနိုင်ပါတယ်။ မိမိကိုယ်တိုင် ဦးတည်သွားနေတယ်လို့ ခံစားရတဲ့ လမ်းကြောင်းအတိုင်း လမ်းဖွင့်ပေးထားပါ။ ပထမအဆင့် သောကြာဂြိုလ် တူရာသီမှာ ရှိနေချိန်ဟာ လိုအပ်တဲ့ အခွင့်အရေးတွေကို စတင်လမ်းကြောင်းတည့်ပေးတဲ့ ကာလ ဖြစ်ပါတယ်။

ဒုတိယအဆင့် retrograde မှာတော့ သဘောတူညီချက်တွေကို အချောသတ်နိုင်ပြီး ငွေကြေးအောင်မြင်မှုကို လက်တွေ့မြင်တွေ့လာရတော့မှာပါ။ သောကြာဂြိုလ်က တူရာသီထဲမှာ ဒီဇင်ဘာ ၄ ရက်အထိ ရှိနေမှာဖြစ်လို့ အောင်မြင်ဖို့အတွက် မှန်ကန်တဲ့ လက်တွဲဖော်တွေကို သေချာရွေးချယ်ဖို့ အလွန်အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။

♦️Gemini
မေထုန်ရာသီဖွားတွေအတွက်တော့ ဒီလမှာ ငွေကြေးချမ်းသာရုံထက် ပိုတာတွေကို လိုအပ်နေတာပါ။ ဩဂုတ်လဟာ မိမိဘဝအတွက် ဘယ်သူနဲ့ ဘာက တကယ်အရေးကြီးတာလဲဆိုတာ သတိပေးလာပါလိမ့်မယ်။ ဩဂုတ် ၁၁ မှာ င်္အဂါဂြိုလ်က ကရကဋ်ရာသီ ထဲ ရောက်ရှိလာမှာဖြစ်ပြီး ဩဂုတ် ၁၂ မှာတော့ စိုက်ပျိုးရေးနဲ့ အသီးအပွင့်ကို စိုးပိုင်တဲ့ Ceres ဥက္ကာပျံကလည်း ကရကဋ်ရာသီထဲကို ကူးပြောင်းလာပါမယ်။

ဒါဟာ ငွေကြေးချမ်းသာမှုကို ရှာဖွေရုံတင်မကဘဲ မိမိဘဝကို ကြွယ်ဝပြည့်စုံစေပြီး လုပ်ဆောင်သမျှကို တန်ဖိုးရှိစေမယ့် လူတွေကိုပါ ရှာဖွေတွေ့ရှိစေမှာပါ။ ဒီအချိန်မှာ ငွေကြေးအခြေအနေနဲ့ ကိုယ်ပိုင်ဘဝကို ခွဲခြားလို့မရနိုင်တာမို့ ဘဝတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ဖို့ လိုပါတယ်။

င်္အဂါဂြိုလ်က သင့်ရဲ့ ရည်မှန်းချက်တွေကို ပိုမိုကြီးမားလာစေမှာမို့ စီးပွားရေးအသစ်စတင်ဖို့၊ စီးပွားရေးလက်တွဲဖော်အသစ်ယူဖို့ ဒါမှမဟုတ် ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမဲ့ Ceres က တည်ငြိမ်မှုဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ မရနိုင်ဘဲ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကနေလည်း ရရှိတာဖြစ်ကြောင်း သတိပေးနေပါတယ်။ ဒါဟာ ဘဝညီမျှမှုကို ရှာဖွေစေတာပဲဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာရဲ့ တကယ့်တန်ဖိုးကို သတိရစေတာပဲဖြစ်ဖြစ်၊ ကိန်းဂဏန်းတွေထက် ကျော်လွန်ပြီး တကယ်တန်ဖိုးရှိတဲ့ ဘဝကို ဖန်တီးနိုင်အောင် လမ်းပြပေးနေတာ ဖြစ်ပါတယ်။

♦️Pisces
ငွေကြေးအောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ကို အသစ်ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုဖို့ ရလာတဲ့ အခွင့်အရေးတွေကို ဆုပ်ကိုင်လိုက်ပါ၊ မိန်ရာသီဖွားတို့အတွက်ဩ ဂုတ် ၁၄ မှာ ဉာဏ်ပညာကို စိုးပိုင်တဲ့ Pallas ဥက္ကာပျံက မိဿရာသီထဲမှာ သွားနှုန်းပုံမှန်မဟုတ်ဘဲ ပြန်လှည့်သွားမှာဖြစ်ပြီး ဩဂုတ် ၂၅ မှာတော့ အိမ်ထောင်ရေးနဲ့ မီးအိမ်ရှင် Pallas ရဲ့ အဖော် Vesta ဥက္ကာပျံကပါ မိဿရာသီထဲမှာ ပြန်လှည့်ပါလိမ့်မယ်။ Vesta က အိမ်ထောင်ရေးကို စိုးပိုင်ပြီး Pallas က တီထွင်ဖန်တီးမှုကို စိုးပိုင်ပါတယ်။

ဒီအချိန်မှာ ထူးခြားတာက အဲဒီဥက္ကာပျံတွေဟာ မိဿရာသီထဲမှာ ပုံမှန်မဟုတ်ဘဲ ပြန်လှည့်နေနှင့်ပြီးသား ဖြစ်တဲ့ စနေဂိုဟ် (Saturn) နဲ့ နက်ပကျွန်းဂြိုလ် (Neptune) တို့နဲ့ သွားရောက်ပူးပေါင်းတာပဲ ဖြစ်ပါတယ်။ သင်ဟာ စစ်မှန်တဲ့ ငွေကြေးတည်ငြိမ်မှုကို ဖန်တီးမယ့် လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဒါဟာ မိမိနဲ့ မိမိချစ်ခင်ရသူတွေအတွက် ရေရှည်တည်တံ့မယ့် အမွေအနှစ်တစ်ခုကို တည်ဆောက်တာဖြစ်ပြီး အခြားသူတွေ သတ်မှတ်ထားတဲ့ အောင်မြင်မှုစံနှုန်းတွေအတိုင်း လိုက်လုပ်တာမျိုးမဟုတ်ဘဲ မိမိကိုယ်ပိုင် အောင်မြင်မှုကို မိမိဘာသာ အဓိပ္ပာယ်ဖွင့်ဆိုရမှာပါ။

ဒီကာလမှာ လက်ရှိ ငွေကြေးအခြေအနေနဲ့ အသုံးစရိတ် ဘတ်ဂျက်တွေကို ပြန်လည်သုံးသပ်ရပါလိမ့်မယ်။ မိမိရဲ့ ကိုယ်ပိုင်တန်ဖိုးကို ပိုမိုနားလည်လာတာနဲ့အမျှ မိမိရဲ့ အရည်အချင်းတွေကို တန်ဖိုးနည်းနည်းနဲ့ ဘယ်တော့မှ ပေးပစ်တော့မှာ မဟုတ်ပါဘူး။ ကြုံတွေ့ရမယ့် စိန်ခေါ်မှု အခက်အခဲတွေကို အချိန်ယူပြီး ဖြေရှင်းပါ၊ နောက်ဆုံးမှာတော့ မိမိခြေထောက်ပေါ် မိမိ စိတ်ချလက်ချ ရပ်တည်နိုင်သွားမှာ ဖြစ်လို့ အားထုတ်ရကျိုး နပ်မှာပါ။ ငွေကြေးအတွက် ပူပန်စရာမလိုတော့ဘဲ မိမိမက်ခဲ့တဲ့ အိပ်မက်ဘဝအတိုင်း စိတ်ချမ်းသာစွာ ယှဉ်ပြိုင်နေထိုင်သွားနိုင်တာကို တွေ့မြင်ရပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*