ငွေကြေးနဲ့ အောင်မြင်မှုကို ဆွဲဆောင်နိုင်တဲ့ ရာသီခွင် ( ၅) ခု

ဇာတာခွင်နဲ့ ဗေဒင်ဆိုတာ သင့်စိတ်နေသဘောထားနဲ့ အားသာချက်တွေကို ဖော်ပြပေးနိုင်ရုံတင် မဟုတ်ပါဘူး။ အောင်မြင်မှုကို ခန့်မှန်းဖို့အတွက်လည်း တော်တော်လေး အသုံးဝင်ပုံရပါတယ်။စာရင်းဇယားတွေအရဆိုရင် ရာသီခွင် ၅ ခုဟာ ပင်ကိုယ်ကတည်းက စည်းစိမ်ဥစ္စာကို ဆွဲဆောင်နိုင်ပြီး တကယ့်ကို အောင်မြင်သူတွေ ဖြစ် လာလေ့ရှိကြပါတယ်။ စိစစ်ကြည့်ရင် သမ္မတတွေကနေ မင်းသား၊ မင်းသမီး ထင်ရှားသူတွေအထိ ကမ္ဘာပေါ်က ထူးချွန်ထက်မြက်သူ အများစုဟာ ဒီရာသီဖွားတွေပဲ ဖြစ်နေတာကို တွေ့ရမှာပါ။

Libra
အဆက်အသွယ် (Networking) မရှိဘဲနဲ့ အောင်မြင်ဖို့ဆိုတာ တော်တော်လေး မလွယ်ပါဘူး။ ရှေ့ဆက်တက်လှမ်းနိုင်ဖို့ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတာကိုး။ တူရာသီဖွားတွေအတွက်တော့ ဒါဟာ သူတို့ရဲ့ အားသာချက်ပါပဲ။ သင့်မှာ ဆွဲဆောင်မှုရှိပြီး လူအများကြီးနဲ့ တွေ့ဆုံပေါင်းသင်းချင်တဲ့ အားအင်အပြည့် ရှိကြပါတယ်။ဒါကြောင့် ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲမှာ တူရာသီဖွားတွေ အများဆုံး ပါဝင်နေတာဟာ လုံးဝ မဆန်းပါဘူး။ ဘေးနားမှာ အကူအညီပေးမယ့် လူမှန်မရှိဘဲနဲ့ ဘယ်သူမှ တကယ်မအောင်မြင်နိုင်ပါဘူး။ တူရာသီဖွားတွေက ဒါကို ကောင်းကောင်းနားလည်လို့ ခိုင်မာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ကြပါတယ်။ ဒါပေမဲ့ အ ကျိုးအမြတ်တစ်ခုတည်းအတွက် ပေါင်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒီပေါင်းသင်းဆက်ဆံရေးတွေကို သင်တို့က တကယ်ကို တန်ဖိုးထားတာပါ။ အဲဒီဆက်ဆံရေးတွေကပဲ သင့်ဆီကို စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေကို သဘာဝအတိုင်း ဆွဲဆောင်ပေးနေတာ ဖြစ်ပါတယ်။

Leo
သိဟ်ရာသီဖွားတွေက လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိရတာကို ကြိုက်သလို၊ လူအများကလည်း သင့်ကို စိတ်ဝင်စားကြပါတယ်။ ကောင်းကင်မှာ အတောက်ပဆုံးဖြစ်တဲ့ နေမင်းက စိုးမိုးထားတာမို့ လူတွေရဲ့ ဗဟိုချက်ဖြစ်ရမှာကို သင် မကြောက်ပါဘူး။ ပြောရရင် အဲဒီနေရာမှာပဲ သင် နေချင်တာပါ။ ဒါကြောင့် ဖျော်ဖြေရေးလောကမှာ သိဟ်ရာသီဖွား အများအပြား အောင်မြင်နေကြတာဟာ မဆန်းပါဘူး။ဒီမီးဓာတ်ရာသီဖွားတွေဟာ အော်စကာဆုရရှိသူတွေထဲမှာ အများဆုံးပါပဲ။ ဂျနီဖာ လောရန့်စ်ကနေ ဝှစ်တနီ ဟူစတန်အထိ သိဟ်ရာသီဖွားများစွာဟာ စင်မြင့်ပေါ်မှာ အောင်မြင်ကျော်ကြားခဲ့ကြပါတယ်။ ကြိုးစားပမ်းစား မလုပ်ရင်တောင် ခေါင်းဆောင်စတိုင် ပေါ် လွင်နေပြီး ငွေကြေးကို အလွယ်တကူ ဆွဲဆောင်နိုင်ပါတယ်။ မိမိကိုယ်ကိုယ်နဲ့ မိမိရဲ့ အရည်အချင်းကို ရာနှုန်းပြည့် ယုံကြည်ကြတာဟာ ရေရှည်အောင်မြင်မှုရဲ့ သော့ ချက်ပါပဲ။

Gemini
သမိုင်းမှာ အတော်ဆုံး၊ အထက်မြက်ဆုံး ဦးနှောက်ပိုင်ရှင် အချို့ဟာ မေထုန်ရာသီဖွားတွေ ဖြစ်ကြပါတယ်။ ဦးနှောက်ပြေးမြန်ပြီး အသိပညာကို အရမ်းဆာလောင်ကြသူတွေပါ။ စူးစမ်းချင်စိတ်ဟာ အောင်မြင်မှုကို တွန်းအားပေးတဲ့အရာဖြစ်ပြီး မေထုန်ရာသီဖွားတွေမှာ ဒါတွေ အပြည့်ရှိပါတယ်။ အရာရာကို သိချင်ကြတယ်၊ လေ့လာချင်တာ၊ အကောင်အထည်ဖော်ချင်တာတွေ အများကြီးရှိလွန်းလို့ ငြိမ်ငြိမ်မနေနိုင်ကြပါဘူး။ ဒါကြောင့် နိုဘယ်ဆုရရှိသူ အများဆုံး ရာသီဖွားဟာ မေထုန်ရာသီ ဖြစ်နေတာပါပဲ။ဆက်သွယ်ရေးဂြိုဟ်ဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ် (Mercury) က စိုးမိုးထားတာမို့ စကားပြောဆိုရာမှာလည်း တော်တော်လေး ကျွမ်းကျင်ကြပါတယ်။ ဘယ်လိုအခြေအနေမျိုးကမဆို စကားနဲ့ လွတ်အောင် ပြောနိုင်သလို၊ စာရေးတဲ့အခါမှာလည်း ဆန်းကြယ်တဲ့ လက်ရာတွေကို ဖန်တီးနိုင်ပါတယ်။ ဝေါ့တ် ဝှစ်တ်မန်း (Walt Whitman) ကနေ ရစ်ခ် ရီအိုဒန် (Rick Riordan) အထိ ကဗျာဆရာ၊ စာရေးဆရာ အမြောက်အမြားဟာ မေထုန်ရာသီဖွားတွေ ပါပဲ။ ကန်းဒရစ် လမား (Kendrick Lamar) နဲ့ Kanye West တို့လို နာမည်ကြီး ရက်ပ်ပါ တွေမှာလည်း ဒါကို တွေ့နိုင်ပါတယ်။

Taurus
အချစ်နဲ့ အလှအပဆိုင်ရာ သောကြာဂြိုဟ် (Venus) က စိုးမိုးထားတာကြောင့် အနုပညာနဲ့ အလှအပကို ခံစားနားလည်နိုင်စွမ်း ရှိကြပါတယ်။ အလုပ်ကြိုးစားပြီး သစ္စာရှိကြသလို၊ သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကလည်း အောင်မြင်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။ ငြင်းပယ်လို့မရတဲ့ သင့်ရဲ့ အလှအပက လူတွေနဲ့ အခွင့်အလမ်းတွေကို ဆွဲဆောင်ပေးနေတာပါ။၁၉၈၅ ခုနှစ် PEOPLE မဂ္ဂဇင်းကနေ “အဆွဲဆောင်နိုင်ဆုံး အမျိုးသား” (Sexiest Man Alive) ဆုကို စတင်ပေးအပ်ခဲ့ချိန်ကစလို့ ပြိဿရာသီဖွားတွေဟာ ဒီဆုကို ခဏခဏ ရရှိခဲ့ကြပါတယ်။ ဂျော့ချ် ကလူနီ နဲ့ မကြာသေးမီက ဂျိုနသန် ဘေးလီတို့လို အမျိုးသားတွေဟာ ဒီမြေဓာတ်ရာသီဖွားတွေ ဖြစ်ကြသလို အားကျစရာ ဆုတံဆိပ်ကိုလည်း ရရှိခဲ့သူတွေပါ။ အော်ဒရီ ဟက်ဘန်း နဲ့ မီဂန် ဖောက်စ် တို့လို နာမည်ကြီး အလှပဂေး မင်းသမီးတွေဟာလည်း ပြိဿရာသီဖွားတွေပဲ ဖြစ်ပါတယ်။

Scorpio
ဗြိစ္ဆာရာသီဖွားတွေကတော့ လျှော့တွက်လို့ လုံးဝမရတဲ့သူတွေပါ။ ပြင်းပြတဲ့ စိတ်ထက်သန်မှုရှိပြီး သင့်လမ်းကြောင်းကို လာပိတ်ရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုကို လိုချင်ရင် ရအောင်ကို ယူနိုင်တဲ့သူတွေပါ။ အာဏာနဲ့ စွမ်းအားဆိုင်ရာ ပလူတိုဂြိုဟ် (Pluto) က စိုးမိုးထားတာကြောင့်ဘယ် လောက်ပဲ ကြာပါစေ ပန်းတိုင်မရောက်မချင်း ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက အမေရိကန်သမ္မတတွေအကြား အများဆုံးတွေ့ရတဲ့ ရာသီဖွားဟာ ဗြိစ္ဆာရာသီ ဖြစ်နေတာပါပဲ။ သင်တို့က ရည်မှန်းချက် ကြီးကြီးထားဖို့ ဘယ်တော့မှ မကြောက်ကြပါဘူး။ သမ္မတဖြစ်ရေးဆိုတာ တကယ့် ရည်မှန်းချက်ကြီးတစ်ခုပါ။ အရွေးခံရဖို့ မလွယ်သလို၊ တာဝန်ယူရတဲ့အခါမှာလည်း ဖိအားအများဆုံးနဲ့ ခက်ခဲဆုံး အလုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ဖိအားတွေကို တကယ် တာဝန်ယူ ထိန်းချုပ်နိုင်သူဟာ ဗြိစ္ဆာရာသီဖွားတွေပါပဲ။

ကျော့ကေခိုင်

zawgyi

ဇာတာခြင္နဲ႔ ေဗဒင္ဆိုတာ သင့္စိတ္ေနသေဘာထားနဲ႔ အားသာခ်က္ေတြကို ေဖာ္ျပေပးႏိုင္႐ုံတင္ မဟုတ္ပါဘူး။ ေအာင္ျမင္မႈကို ခန႔္မွန္းဖို႔အတြက္လည္း ေတာ္ေတာ္ေလး အသုံးဝင္ပုံရပါတယ္။စာရင္းဇယားေတြအရဆိုရင္ ရာသီခြင္ ၅ ခုဟာ ပင္ကိုယ္ကတည္းက စည္းစိမ္ဥစၥာကို ဆြဲေဆာင္ႏိုင္ၿပီး တကယ့္ကို ေအာင္ျမင္သူေတြ ျဖစ္ လာေလ့ရွိၾကပါတယ္။ စိစစ္ၾကည့္ရင္ သမၼတေတြကေန မင္းသား၊ မင္းသမီး ထင္ရွားသူေတြအထိ ကမာၻေပၚက ထူးခြၽန္ထက္ျမက္သူ အမ်ားစုဟာ ဒီရာသီဖြားေတြပဲ ျဖစ္ေနတာကို ေတြ႕ရမွာပါ။

Libra
အဆက္အသြယ္ (Networking) မရွိဘဲနဲ႔ ေအာင္ျမင္ဖို႔ဆိုတာ ေတာ္ေတာ္ေလး မလြယ္ပါဘူး။ ေရွ႕ဆက္တက္လွမ္းႏိုင္ဖို႔ ေပါင္းသင္းဆက္ဆံေရးက အေရးႀကီးတာကိုး။ တူရာသီဖြားေတြအတြက္ေတာ့ ဒါဟာ သူတို႔ရဲ႕ အားသာခ်က္ပါပဲ။ သင့္မွာ ဆြဲေဆာင္မႈရွိၿပီး လူအမ်ားႀကီးနဲ႔ ေတြ႕ဆုံေပါင္းသင္းခ်င္တဲ့ အားအင္အျပည့္ ရွိၾကပါတယ္။ဒါေၾကာင့္ ကမာၻ႔အခ်မ္းသာဆုံးလူေတြထဲမွာ တူရာသီဖြားေတြ အမ်ားဆုံး ပါဝင္ေနတာဟာ လုံးဝ မဆန္းပါဘူး။ ေဘးနားမွာ အကူအညီေပးမယ့္ လူမွန္မရွိဘဲနဲ႔ ဘယ္သူမွ တကယ္မေအာင္ျမင္ႏိုင္ပါဘူး။ တူရာသီဖြားေတြက ဒါကို ေကာင္းေကာင္းနားလည္လို႔ ခိုင္မာတဲ့ ဆက္ဆံေရးေတြကို တည္ေဆာက္ၾကပါတယ္။ ဒါေပမဲ့ အ က်ိဳးအျမတ္တစ္ခုတည္းအတြက္ ေပါင္းတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒီေပါင္းသင္းဆက္ဆံေရးေတြကို သင္တို႔က တကယ္ကို တန္ဖိုးထားတာပါ။ အဲဒီဆက္ဆံေရးေတြကပဲ သင့္ဆီကို စည္းစိမ္ဥစၥာနဲ႔ ေအာင္ျမင္မႈေတြကို သဘာဝအတိုင္း ဆြဲေဆာင္ေပးေနတာ ျဖစ္ပါတယ္။

Leo
သိဟ္ရာသီဖြားေတြက လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ရရွိရတာကို ႀကိဳက္သလို၊ လူအမ်ားကလည္း သင့္ကို စိတ္ဝင္စားၾကပါတယ္။ ေကာင္းကင္မွာ အေတာက္ပဆုံးျဖစ္တဲ့ ေနမင္းက စိုးမိုးထားတာမို႔ လူေတြရဲ႕ ဗဟိုခ်က္ျဖစ္ရမွာကို သင္ မေၾကာက္ပါဘူး။ ေျပာရရင္ အဲဒီေနရာမွာပဲ သင္ ေနခ်င္တာပါ။ ဒါေၾကာင့္ ေဖ်ာ္ေျဖေရးေလာကမွာ သိဟ္ရာသီဖြား အမ်ားအျပား ေအာင္ျမင္ေနၾကတာဟာ မဆန္းပါဘူး။ဒီမီးဓာတ္ရာသီဖြားေတြဟာ ေအာ္စကာဆုရရွိသူေတြထဲမွာ အမ်ားဆုံးပါပဲ။ ဂ်နီဖာ ေလာရန႔္စ္ကေန ဝွစ္တနီ ဟူစတန္အထိ သိဟ္ရာသီဖြားမ်ားစြာဟာ စင္ျမင့္ေပၚမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့ၾကပါတယ္။ ႀကိဳးစားပမ္းစား မလုပ္ရင္ေတာင္ ေခါင္းေဆာင္စတိုင္ ေပၚ လြင္ေနၿပီး ေငြေၾကးကို အလြယ္တကူ ဆြဲေဆာင္ႏိုင္ပါတယ္။ မိမိကိုယ္ကိုယ္နဲ႔ မိမိရဲ႕ အရည္အခ်င္းကို ရာႏႈန္းျပည့္ ယုံၾကည္ၾကတာဟာ ေရရွည္ေအာင္ျမင္မႈရဲ႕ ေသာ့ ခ်က္ပါပဲ။

Gemini
သမိုင္းမွာ အေတာ္ဆုံး၊ အထက္ျမက္ဆုံး ဦးေႏွာက္ပိုင္ရွင္ အခ်ိဳ႕ဟာ ေမထုန္ရာသီဖြားေတြ ျဖစ္ၾကပါတယ္။ ဦးေႏွာက္ေျပးျမန္ၿပီး အသိပညာကို အရမ္းဆာေလာင္ၾကသူေတြပါ။ စူးစမ္းခ်င္စိတ္ဟာ ေအာင္ျမင္မႈကို တြန္းအားေပးတဲ့အရာျဖစ္ၿပီး ေမထုန္ရာသီဖြားေတြမွာ ဒါေတြ အျပည့္ရွိပါတယ္။ အရာရာကို သိခ်င္ၾကတယ္၊ ေလ့လာခ်င္တာ၊ အေကာင္အထည္ေဖာ္ခ်င္တာေတြ အမ်ားႀကီးရွိလြန္းလို႔ ၿငိမ္ၿငိမ္မေနႏိုင္ၾကပါဘူး။ ဒါေၾကာင့္ ႏိုဘယ္ဆုရရွိသူ အမ်ားဆုံး ရာသီဖြားဟာ ေမထုန္ရာသီ ျဖစ္ေနတာပါပဲ။ဆက္သြယ္ေရးၿဂိဳဟ္ျဖစ္တဲ့ ဗုဒၶဟူးၿဂိဳဟ္ (Mercury) က စိုးမိုးထားတာမို႔ စကားေျပာဆိုရာမွာလည္း ေတာ္ေတာ္ေလး ကြၽမ္းက်င္ၾကပါတယ္။ ဘယ္လိုအေျခအေနမ်ိဳးကမဆို စကားနဲ႔ လြတ္ေအာင္ ေျပာႏိုင္သလို၊ စာေရးတဲ့အခါမွာလည္း ဆန္းၾကယ္တဲ့ လက္ရာေတြကို ဖန္တီးႏိုင္ပါတယ္။ ေဝါ့တ္ ဝွစ္တ္မန္း (Walt Whitman) ကေန ရစ္ခ္ ရီအိုဒန္ (Rick Riordan) အထိ ကဗ်ာဆရာ၊ စာေရးဆရာ အေျမာက္အျမားဟာ ေမထုန္ရာသီဖြားေတြ ပါပဲ။ ကန္းဒရစ္ လမား (Kendrick Lamar) နဲ႔ Kanye West တို႔လို နာမည္ႀကီး ရက္ပ္ပါ ေတြမွာလည္း ဒါကို ေတြ႕ႏိုင္ပါတယ္။

Taurus
အခ်စ္နဲ႔ အလွအပဆိုင္ရာ ေသာၾကာၿဂိဳဟ္ (Venus) က စိုးမိုးထားတာေၾကာင့္ အႏုပညာနဲ႔ အလွအပကို ခံစားနားလည္ႏိုင္စြမ္း ရွိၾကပါတယ္။ အလုပ္ႀကိဳးစားၿပီး သစၥာရွိၾကသလို၊ သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ကလည္း ေအာင္ျမင္မႈအတြက္ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနတတ္ပါတယ္။ ျငင္းပယ္လို႔မရတဲ့ သင့္ရဲ႕ အလွအပက လူေတြနဲ႔ အခြင့္အလမ္းေတြကို ဆြဲေဆာင္ေပးေနတာပါ။၁၉၈၅ ခုႏွစ္ PEOPLE မဂၢဇင္းကေန “အဆြဲေဆာင္ႏိုင္ဆုံး အမ်ိဳးသား” (Sexiest Man Alive) ဆုကို စတင္ေပးအပ္ခဲ့ခ်ိန္ကစလို႔ ၿပိႆရာသီဖြားေတြဟာ ဒီဆုကို ခဏခဏ ရရွိခဲ့ၾကပါတယ္။ ေဂ်ာ့ခ်္ ကလူနီ နဲ႔ မၾကာေသးမီက ဂ်ိဳနသန္ ေဘးလီတို႔လို အမ်ိဳးသားေတြဟာ ဒီေျမဓာတ္ရာသီဖြားေတြ ျဖစ္ၾကသလို အားက်စရာ ဆုတံဆိပ္ကိုလည္း ရရွိခဲ့သူေတြပါ။ ေအာ္ဒရီ ဟက္ဘန္း နဲ႔ မီဂန္ ေဖာက္စ္ တို႔လို နာမည္ႀကီး အလွပေဂး မင္းသမီးေတြဟာလည္း ၿပိႆရာသီဖြားေတြပဲ ျဖစ္ပါတယ္။

Scorpio
ၿဗိစာၦရာသီဖြားေတြကေတာ့ ေလွ်ာ့တြက္လို႔ လုံးဝမရတဲ့သူေတြပါ။ ျပင္းျပတဲ့ စိတ္ထက္သန္မႈရွိၿပီး သင့္လမ္းေၾကာင္းကို လာပိတ္ရင္ ဘယ္သူမွ ယွဥ္ႏိုင္မွာ မဟုတ္ပါဘူး။ စည္းစိမ္ဥစၥာနဲ႔ ေအာင္ျမင္မႈကို လိုခ်င္ရင္ ရေအာင္ကို ယူႏိုင္တဲ့သူေတြပါ။ အာဏာနဲ႔ စြမ္းအားဆိုင္ရာ ပလူတိုၿဂိဳဟ္ (Pluto) က စိုးမိုးထားတာေၾကာင့္ဘယ္ ေလာက္ပဲ ၾကာပါေစ ပန္းတိုင္မေရာက္မခ်င္း ဘယ္ေတာ့မွ လက္ေလွ်ာ့မွာ မဟုတ္ပါဘူး။စိတ္ဝင္စားဖို႔ေကာင္းတာတစ္ခုက အေမရိကန္သမၼတေတြအၾကား အမ်ားဆုံးေတြ႕ရတဲ့ ရာသီဖြားဟာ ၿဗိစာၦရာသီ ျဖစ္ေနတာပါပဲ။ သင္တို႔က ရည္မွန္းခ်က္ ႀကီးႀကီးထားဖို႔ ဘယ္ေတာ့မွ မေၾကာက္ၾကပါဘူး။ သမၼတျဖစ္ေရးဆိုတာ တကယ့္ ရည္မွန္းခ်က္ႀကီးတစ္ခုပါ။ အေ႐ြးခံရဖို႔ မလြယ္သလို၊ တာဝန္ယူရတဲ့အခါမွာလည္း ဖိအားအမ်ားဆုံးနဲ႔ ခက္ခဲဆုံး အလုပ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလို ဖိအားေတြကို တကယ္ တာဝန္ယူ ထိန္းခ်ဳပ္ႏိုင္သူဟာ ၿဗိစာၦရာသီဖြားေတြပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*