“CV ပို့တာ အစောင် ၅၀ ကျော်သွားပြီ။ Reply တစ်စောင်တောင် မလာဘူး။”
ဒီလိုပြောတဲ့သူတွေ အခုခေတ်မှာ အရမ်းများလာပါတယ်။ အခုခေတ် အလုပ်ဈေးကွက်မှာ “Ghost Job” လို့ခေါ်တဲ့ အခြေအနေတစ်ခု ရှိလာပါတယ်။ အဲဒါက အလုပ်ခေါ်တဲ့ ကြော်ငြာတင်ထားပေမယ့် တကယ်တမ်းတော့ ချက်ချင်းခန့်ဖို့ မရည်ရွယ်ထားတာ၊ ဒါမှမဟုတ် ရာထူးပြည့်သွားပြီးသားဖြစ်ပေမယ့် ကြော်ငြာကို မဖြုတ်ရသေးတာမျိုးကို ဆိုလိုပါတယ်။တချို့က နေ့တိုင်း အလုပ်ဝက်ဘ်ဆိုက်တွေ ဝင်ကြည့်တယ်။ အသစ်တင်ထားတဲ့ Job Post တွေ့တာနဲ့ ချက်ချင်းလျှောက်တယ်။ CV ကိုလည်း ပြင်တယ်။ Cover Letter ကိုလည်း တစ်ခုချင်း ရေးတယ်။ ဒါပေမယ့် ရလဒ်ကတော့ တိတ်ဆိတ်နေတုန်းပါပဲ။အဲဒီလိုဖြစ်လာတဲ့အခါ လူအများစုက ကိုယ့်ကိုယ်ကို အရင်စပြီး အပြစ်တင်တတ်ကြတယ်။ “ငါ့ CV မကောင်းလို့လား။” “ငါ့အတွေ့အကြုံ မလုံလောက်လို့လား။” “ငါက တခြားသူတွေထက် အရည်အချင်းနည်းနေလို့လား။” ဆိုတဲ့ မေးခွန်းတွေက စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပေါ်လာတတ်ပါတယ်။
ဒါပေမယ့် အလုပ်မရတာတိုင်းက ကိုယ့်ကြောင့်ပဲလို့ ပြောလို့မရပါဘူး။
အလုပ်ရှာသူတစ်ယောက်အနေနဲ့ ကြည့်ရင် ဒီလို Job Post တွေက တကယ်ရှိတဲ့ အခွင့်အရေးလို့ ထင်ရပါတယ်။ အချိန်ပေးပြီး လျှောက်တယ်။ မျှော်လင့်ချက်ထားတယ်။ နောက်ဆုံးတော့ ဘာအကြောင်းပြန်စာမှ မရဘူး။အကြောင်းရင်းက တစ်ခုတည်း မဟုတ်ပါဘူး။ တချို့က အနာဂတ်မှာ လူလိုလာရင် အဆင်သင့်ဖြစ်အောင် CV တွေ ကြိုစုထားချင်တယ်။ တချို့က Budget မသေချာသေးပေမယ့် Candidate တွေ ရှာထားချင်တယ်။ တချို့ကျတော့ ကုမ္ပဏီက ကြီးထွားနေတယ်ဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းချင်လို့ Job Post တွေ ဆက်တင်ထားတတ်ပါတယ်။ကုမ္ပဏီဘက်က ကြည့်ရင် သူတို့အတွက် အကြောင်းပြချက်ရှိနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ရှာနေသူတွေအတွက်တော့ အချိန်၊ အားနဲ့ မျှော်လင့်ချက်တွေ ရင်းနှီးရတာ ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ လူတစ်ယောက်က Application အစောင်ရာချီ ပို့ပြီး Interview တစ်ခါတောင် မရတာ မဆန်းတော့ပါဘူး။ အဲဒီအခြေအနေကို ကြုံရတဲ့အခါ “ငါမတော်လို့” လို့ အလွယ်တကူ မဆုံးဖြတ်သင့်ပါဘူး။
နောက်ထပ် ပြောင်းလဲသွားတာတစ်ခုက အလုပ်လျှောက်တဲ့ နည်းလမ်းပါ။ အရင်တုန်းက Job Post တွေ့ရင် CV ပို့လိုက်ရုံနဲ့ အခွင့်အရေးရနိုင်ပါတယ်။ အခုတော့ လူရာပေါင်းများစွာက တစ်ချိန်တည်းမှာ လျှောက်နေကြပါတယ်။ AI နဲ့ Applicant Tracking System (ATS) တွေကို အသုံးပြုပြီး CV စစ်တာတွေ များလာတဲ့အတွက် လူမတွေ့ခင်မှာပဲ Application တော်တော်များများက စစ်ထုတ်ခံရနိုင်ပါတယ်။ဒါကြောင့် Online က Apply ခလုတ်ကို နှိပ်တာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ ကုမ္ပဏီအကြောင်းကို လေ့လာပါ။ LinkedIn လို Platform တွေကနေ Recruiter ဒါမှမဟုတ် Team Member တွေနဲ့ ချိတ်ဆက်ကြည့်ပါ။ ကိုယ့် Portfolio၊ Project နဲ့ Skill တွေကို အမြဲ Update လုပ်ထားပါ။ Application အရေအတွက်ကို လိုက်မယ့်အစား ကိုယ်နဲ့ တကယ်ကိုက်ညီတဲ့ အလုပ်တွေကို သေချာပြင်ဆင်ပြီး လျှောက်တာက ပိုအကျိုးရှိတတ်ပါတယ်။
တစ်ခုတော့ သတိပြုသင့်ပါတယ်။ Reply မလာတာက ကိုယ့်တန်ဖိုးကို မဆုံးဖြတ်ပါဘူး။ Interview မရတာကလည်း ကိုယ်အသုံးမဝင်ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ တစ်ခါတလေ အလုပ်ခန့်မယ့်အစီအစဉ် ပြောင်းသွားလို့ ဖြစ်နိုင်သလို၊ Budget ရပ်သွားလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ်လျှောက်လိုက်တဲ့ Job က Ghost Job ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။အလုပ်ရှာတာက ဒီနေ့ခေတ်မှာ အရင်ကထက် ပိုခက်လာတာတော့ အမှန်ပါ။ ဒါပေမယ့် အဲဒီခက်ခဲမှုတွေကြောင့် ကိုယ့်ကိုယ်ကို မယုံကြည်တော့တာမျိုး မဖြစ်သင့်ပါဘူး။အလုပ်ဈေးကွက်က ပြောင်းလဲနေသလို အလုပ်ရှာတဲ့နည်းလမ်းကိုလည်း ပြောင်းလဲဖို့ လိုပါတယ်။ Skill အသစ်တွေ သင်ယူပါ။ လူတွေနဲ့ ချိတ်ဆက်ပါ။ အခွင့်အရေးအသစ်တွေကို ဆက်ရှာပါ။ တစ်နေ့နေ့မှာ ကိုယ့်အတွက် သင့်တော်တဲ့ အလုပ်တစ်ခုကို တွေ့နိုင်ပါတယ်။ Ghost Job ခေတ်မှာ အရေးအကြီးဆုံးက CV ပို့တာထက် မျှော်လင့်ချက်ကို မပျောက်သွားအောင် ထိန်းထားနိုင်ဖို့ပါပဲ။
ကျော့ကေခိုင်
zawgyi
“CV ပို႔တာ အေစာင္ ၅၀ ေက်ာ္သြားၿပီ။ Reply တစ္ေစာင္ေတာင္ မလာဘူး။”
ဒီလိုေျပာတဲ့သူေတြ အခုေခတ္မွာ အရမ္းမ်ားလာပါတယ္။ အခုေခတ္ အလုပ္ေဈးကြက္မွာ “Ghost Job” လို႔ေခၚတဲ့ အေျခအေနတစ္ခု ရွိလာပါတယ္။ အဲဒါက အလုပ္ေခၚတဲ့ ေၾကာ္ျငာတင္ထားေပမယ့္ တကယ္တမ္းေတာ့ ခ်က္ခ်င္းခန႔္ဖို႔ မရည္႐ြယ္ထားတာ၊ ဒါမွမဟုတ္ ရာထူးျပည့္သြားၿပီးသားျဖစ္ေပမယ့္ ေၾကာ္ျငာကို မျဖဳတ္ရေသးတာမ်ိဳးကို ဆိုလိုပါတယ္။တခ်ိဳ႕က ေန႔တိုင္း အလုပ္ဝက္ဘ္ဆိုက္ေတြ ဝင္ၾကည့္တယ္။ အသစ္တင္ထားတဲ့ Job Post ေတြ႕တာနဲ႔ ခ်က္ခ်င္းေလွ်ာက္တယ္။ CV ကိုလည္း ျပင္တယ္။ Cover Letter ကိုလည္း တစ္ခုခ်င္း ေရးတယ္။ ဒါေပမယ့္ ရလဒ္ကေတာ့ တိတ္ဆိတ္ေနတုန္းပါပဲ။အဲဒီလိုျဖစ္လာတဲ့အခါ လူအမ်ားစုက ကိုယ့္ကိုယ္ကို အရင္စၿပီး အျပစ္တင္တတ္ၾကတယ္။ “ငါ့ CV မေကာင္းလို႔လား။” “ငါ့အေတြ႕အႀကဳံ မလုံေလာက္လို႔လား။” “ငါက တျခားသူေတြထက္ အရည္အခ်င္းနည္းေနလို႔လား။” ဆိုတဲ့ ေမးခြန္းေတြက စိတ္ထဲမွာ တစ္ခုၿပီးတစ္ခု ေပၚလာတတ္ပါတယ္။
ဒါေပမယ့္ အလုပ္မရတာတိုင္းက ကိုယ့္ေၾကာင့္ပဲလို႔ ေျပာလို႔မရပါဘူး။
အလုပ္ရွာသူတစ္ေယာက္အေနနဲ႔ ၾကည့္ရင္ ဒီလို Job Post ေတြက တကယ္ရွိတဲ့ အခြင့္အေရးလို႔ ထင္ရပါတယ္။ အခ်ိန္ေပးၿပီး ေလွ်ာက္တယ္။ ေမွ်ာ္လင့္ခ်က္ထားတယ္။ ေနာက္ဆုံးေတာ့ ဘာအေၾကာင္းျပန္စာမွ မရဘူး။အေၾကာင္းရင္းက တစ္ခုတည္း မဟုတ္ပါဘူး။ တခ်ိဳ႕က အနာဂတ္မွာ လူလိုလာရင္ အဆင္သင့္ျဖစ္ေအာင္ CV ေတြ ႀကိဳစုထားခ်င္တယ္။ တခ်ိဳ႕က Budget မေသခ်ာေသးေပမယ့္ Candidate ေတြ ရွာထားခ်င္တယ္။ တခ်ိဳ႕က်ေတာ့ ကုမၸဏီက ႀကီးထြားေနတယ္ဆိုတဲ့ ပုံရိပ္ကို ထိန္းသိမ္းခ်င္လို႔ Job Post ေတြ ဆက္တင္ထားတတ္ပါတယ္။ကုမၸဏီဘက္က ၾကည့္ရင္ သူတို႔အတြက္ အေၾကာင္းျပခ်က္ရွိႏိုင္ပါတယ္။ ဒါေပမယ့္ အလုပ္ရွာေနသူေတြအတြက္ေတာ့ အခ်ိန္၊ အားနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ရင္းႏွီးရတာ ျဖစ္ပါတယ္။ဒီေန႔ေခတ္မွာ လူတစ္ေယာက္က Application အေစာင္ရာခ်ီ ပို႔ၿပီး Interview တစ္ခါေတာင္ မရတာ မဆန္းေတာ့ပါဘူး။ အဲဒီအေျခအေနကို ႀကဳံရတဲ့အခါ “ငါမေတာ္လို႔” လို႔ အလြယ္တကူ မဆုံးျဖတ္သင့္ပါဘူး။
ေနာက္ထပ္ ေျပာင္းလဲသြားတာတစ္ခုက အလုပ္ေလွ်ာက္တဲ့ နည္းလမ္းပါ။ အရင္တုန္းက Job Post ေတြ႕ရင္ CV ပို႔လိုက္႐ုံနဲ႔ အခြင့္အေရးရႏိုင္ပါတယ္။ အခုေတာ့ လူရာေပါင္းမ်ားစြာက တစ္ခ်ိန္တည္းမွာ ေလွ်ာက္ေနၾကပါတယ္။ AI နဲ႔ Applicant Tracking System (ATS) ေတြကို အသုံးျပဳၿပီး CV စစ္တာေတြ မ်ားလာတဲ့အတြက္ လူမေတြ႕ခင္မွာပဲ Application ေတာ္ေတာ္မ်ားမ်ားက စစ္ထုတ္ခံရႏိုင္ပါတယ္။ဒါေၾကာင့္ Online က Apply ခလုတ္ကို ႏွိပ္တာတစ္ခုတည္းနဲ႔ မလုံေလာက္ေတာ့ပါဘူး။ ကိုယ္စိတ္ဝင္စားတဲ့ ကုမၸဏီအေၾကာင္းကို ေလ့လာပါ။ LinkedIn လို Platform ေတြကေန Recruiter ဒါမွမဟုတ္ Team Member ေတြနဲ႔ ခ်ိတ္ဆက္ၾကည့္ပါ။ ကိုယ့္ Portfolio၊ Project နဲ႔ Skill ေတြကို အၿမဲ Update လုပ္ထားပါ။ Application အေရအတြက္ကို လိုက္မယ့္အစား ကိုယ္နဲ႔ တကယ္ကိုက္ညီတဲ့ အလုပ္ေတြကို ေသခ်ာျပင္ဆင္ၿပီး ေလွ်ာက္တာက ပိုအက်ိဳးရွိတတ္ပါတယ္။
တစ္ခုေတာ့ သတိျပဳသင့္ပါတယ္။ Reply မလာတာက ကိုယ့္တန္ဖိုးကို မဆုံးျဖတ္ပါဘူး။ Interview မရတာကလည္း ကိုယ္အသုံးမဝင္ဘူးဆိုတဲ့ အဓိပၸာယ္မဟုတ္ပါဘူး။ တစ္ခါတေလ အလုပ္ခန႔္မယ့္အစီအစဥ္ ေျပာင္းသြားလို႔ ျဖစ္ႏိုင္သလို၊ Budget ရပ္သြားလို႔ ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ ကိုယ္ေလွ်ာက္လိုက္တဲ့ Job က Ghost Job ျဖစ္ေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။အလုပ္ရွာတာက ဒီေန႔ေခတ္မွာ အရင္ကထက္ ပိုခက္လာတာေတာ့ အမွန္ပါ။ ဒါေပမယ့္ အဲဒီခက္ခဲမႈေတြေၾကာင့္ ကိုယ့္ကိုယ္ကို မယုံၾကည္ေတာ့တာမ်ိဳး မျဖစ္သင့္ပါဘူး။အလုပ္ေဈးကြက္က ေျပာင္းလဲေနသလို အလုပ္ရွာတဲ့နည္းလမ္းကိုလည္း ေျပာင္းလဲဖို႔ လိုပါတယ္။ Skill အသစ္ေတြ သင္ယူပါ။ လူေတြနဲ႔ ခ်ိတ္ဆက္ပါ။ အခြင့္အေရးအသစ္ေတြကို ဆက္ရွာပါ။ တစ္ေန႔ေန႔မွာ ကိုယ့္အတြက္ သင့္ေတာ္တဲ့ အလုပ္တစ္ခုကို ေတြ႕ႏိုင္ပါတယ္။ Ghost Job ေခတ္မွာ အေရးအႀကီးဆုံးက CV ပို႔တာထက္ ေမွ်ာ္လင့္ခ်က္ကို မေပ်ာက္သြားေအာင္ ထိန္းထားႏိုင္ဖို႔ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply